Professional Authors

သုံးခါမြောက် နှုတ်ခမ်း – နရီထက်

အားနာမှုနှင့် ရင်းနှီးမှုကို ချည်နှောင်ထားတယ်
ငါလေ… ကြင်နာတရားနှင့် ထွေးနွေးမှုကို ရစ်ပတ်ချင်တယ်

တစ်ခုလိုချင် တစ်ခုပေးဆပ်တတ်ကြတဲ့
သည်လူတွေကြား အပေးအယူမျှရင်ဖြင့် ခွင့်လွတ်တတ်ကြတယ်
လက်ဆောင်ဆိုတာ အလကားပေးတတ်ကြပေမဲ့
အယူများလာတော့ အလကားလူဖြစ်လာရတယ်

ဂရုစိုက်မှုဆိုတာ အပြစ်ကင်းစင်ခြင်းလား
ကြာလာတော့လည်း ဓါတ်ပြားဟောင်းတစ်ပုဒ်ဖြစ်ခဲ့ရတယ်
အဟောင်းကြီးအတိုင်းပဲလား

အထီးကျန်ဆန်ခြင်းက လုပ်ယူမှု တစ်ခုပါ
ပတ်သက်ခွင့်ကို လှောင်ပိတ်ထားတတ်ကြလိုလေ
နောက်ဆုံးတော့ အေးတိအေးစက်နိုင်ကြတာပဲ မဟုတ်လား

နင် ဆွံ့အ နားပိတ်နေတဲ့အခါ
သုံးခါမြောက်နှုတ်ခမ်းတွေက အပြာရောင်လေပြေလေးတွေ လွင့်ထုတ်တတ်ကြတယ်။     ။

နရီထက်
( ၁၈ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 18, 2011
Comment #1

ဂရုစိုက်မှုဆိုတာ အပြစ်ကင်းစင်ခြင်းလား
ကြာလာတော့လည်း ဓါတ်ပြားဟောင်းတစ်ပုဒ်ဖြစ်ခဲ့ရတယ်
အဟောင်းကြီးအတိုင်းပဲလား

အထီးကျန်ဆန်ခြင်းက လုပ်ယူမှု တစ်ခုပါ
ပတ်သက်ခွင့်ကို လှောင်ပိတ်ထားတတ်ကြလိုလေ
နောက်ဆုံးတော့ အေးတိအေးစက်နိုင်ကြတာပဲ မဟုတ်လား..။
အမြဲအားပေးနေတယ်ကိုနရီထက်…..။

Comment #2

အထီးကျန်ဆန်ခြင်းက လုပ်ယူမှု တစ်ခုပါ
ပတ်သက်ခွင့်ကို လှောင်ပိတ်ထားတတ်ကြလိုလေ
နောက်ဆုံးတော့ အေးတိအေးစက်နိုင်ကြတာပဲ မဟုတ်လား
အားပေးနေလျှက်..ကိုနရီထက်

commentinfo By: အသဲကွဲမိုး at Jul 18, 2011
Comment #3

ကိုကြိး ကဗျာလေးက တိုပေမဲ့ တော်တော် အဓိပ္ပါယ်က တော်တော် ကောင်းတယ်ဗျာ တကယ်ကြိုက်တယ် ဒိအပှဒ်လေးတွေ ဆိုသုံးလောက်ခေါက် တောင်ပြန်ဖတ်ကြည်မိတယ် အားနာမှုနှင့် ရင်းနှီးမှုကို ချည်နှောင်ထားတယ်
ငါလေ… ကြင်နာတရားနှင့် ထွေးနွေးမှုကို ရစ်ပတ်ချင်တယ်ဂရုစိုက်မှုဆိုတာ အပြစ်ကင်းစင်ခြင်းလား
ကြာလာတော့လည်း ဓါတ်ပြားဟောင်းတစ်ပုဒ်ဖြစ်ခဲ့ရတယ်
အဟောင်းကြီးအတိုင်းပဲလား

အထီးကျန်ဆန်ခြင်းက လုပ်ယူမှု တစ်ခုပါ
ပတ်သက်ခွင့်ကို လှောင်ပိတ်ထားတတ်ကြလိုလေ
နောက်ဆုံးတော့ အေးတိအေးစက်နိုင်ကြတာပဲ မဟုတ်လား

နင် ဆွံ့အ နားပိတ်နေတဲ့အခါ
သုံးခါမြောက်နှုတ်ခမ်းတွေက အပြာရောင်လေပြေလေးတွေ လွင့်ထုတ်တတ်ကြတယ်တဲ့ ကြိုက်တယ် ဗျာ ဆက်အားပေးနေမယ်နော်

commentinfo By: thuya at Jul 18, 2011
Comment #4

အရမ်းကိုကောင်းတယ်အကိုကြီး
တစ်ပုဒ်လုံးကြိုက်တယ်….
အကြိုက်ဆုံးအပိုဒ်ကတော့
အထီးကျန်ဆန်ခြင်းက လုပ်ယူမှု တစ်ခုပါ
ပတ်သက်ခွင့်ကို လှောင်ပိတ်ထားတတ်ကြလိုလေ
နောက်ဆုံးတော့ အေးတိအေးစက်နိုင်ကြတာပဲ မဟုတ်လား……

commentinfo By: myintmo at Jul 18, 2011
Comment #5

အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူများအားလုံးကို ကျေးဇူးပါ…

commentinfo By: Nayihtet at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment