Professional Authors

သံပတ်ကဗျာ ( လူမော်ငြိမ်း )

 

ဘဝဆိုတာ စားပွဲတင် နာရီ တစ်လုံး လိုပဲ

စိတ်ဓာတ်နဲ့ ခန္ဓာကို ဓာတ်ခဲလို သုံးနေတာ

တစ်သျှူး စက္ကူ ချစ်ခြင်းတွေကို သင်ယူရင်း

ရွေးချယ်မှု က လူတွေကို ကွာခြားစေတယ်

တကယ်ဆို ဘယ်သူမှ ဘာမှ မဟုတ်ကြဘူး

နေတတ် ထိုင်တတ် ရုံလေး ကျွမ်းကျင် နေတာ

အဝါရောင် မြစ်တွေ ရင်ထဲကို စီးဆင်း နေတုန်းမှာ

ပြဇာတ်တွေ မြေမှုန်လို အကြိမ်ကြိမ် ဝေဆာခဲ့ ပြီးပြီ

 

လူမော်ငြိမ်း

Thursday , July 19 ,2011

In: ကဗျာ Posted By: Date: Jul 16, 2011
Comment #1

ကိုလူမော်…အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jul 17, 2011
Comment #2

ပါးလျတဲ့ ချစ်ခြင်း မြေမှုန်ဆန်တဲ့ပြဇာတ် (ဘ၀ဆိုတာ တစ်ချက်ပြီးတစ်ချက် ကုန်ဆုံးရမှာပဲ)း) လေးစားလျက်ပါ အစ်ကို

commentinfo By: မိုးသစ်လေပြေ at Jul 17, 2011
Comment #3

တကယ်ဆို ဘယ်သူမှ ဘာမှ မဟုတ်ကြဘူး…။

commentinfo By: မြေနံ့ at Jul 17, 2011
Comment #4

very nice …!!! i wanna copy it

commentinfo By: Demon 13 at Jul 17, 2011
Comment #5

NO MORE POEM PAR LAR .. BRO 🙁

commentinfo By: Shwe Ngar at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment