Professional Authors

မျှော်နေမယ်

လာပါလို့  နင် မခေါ်ဘဲနဲ့ 
ငါလာခဲ့ တယ်
ထွက်သွားပါလို့ 
နင်မနှင်ဘဲနဲ့ လဲ
နင်နဲ့ ဝေးရာကို
ရှောင်ပြေးခဲ့ မိတယ်…။

နင့်နှလုံးသားမှာ
ထားခဲ့ ပေးတဲ့ 
ငါ့ခြေရာတွေ
နင်မြင်စေဖို့ 
ငါအသိပေးခဲ့ တယ်…။

နင်သိနေမှာပါ
ငါ့ရင်ထဲ က
မြင်သာနေတဲ့ 
ဒီအချစ်တွေကို
ရှောင်ပုန်းမိခဲ့တဲ့ငါ့ကို
အဖြစ်မရှိဘူးလို့ 
နင်ဆိုချင်ဆိုဟာ….
ငါကိုယ်တိုင်လဲ
ငိုနေပါတယ်…
မင်းကိုငေးရင်းနဲ့ ပါ…။

ဒါပေမဲ့ ကွာ
ငါ့နှလုံးသားက သိက္ခာမဲ့ စွာနဲ့ 
တိတ်တခိုး ငြိကာ
ချစ်မိနေခဲ့ တဲ့ 
နင်ဟာ…………..

ငါ့အိပ်မက်ထဲက မင်းသားမဟုတ်လို့ 
ငါ့စိတ်ကူးထဲက လူစားမဟုတ်လို့ 
ငါ့အသိထဲမှာ နင့်ကိုမကြိုက်လို့ 

နောက်ပြန် Go ဖို့ 
အဖြေထိုးပြီးပေမဲ့ 
တွေဝေမှုလမ်းခွဲမှာ
ငါထိုင်မြဲ ထိုင်နေပါ့ မယ်
နင်ပြင်ဆင်နိုင်မယ်ဆို
လာခေါ်လှည့် ပါ
ငါလက်ကမ်းဖို့ မျှော်နေမှာ……။

In: ကဗျာ Posted By: Date: Jul 16, 2011
Comment #1

နင့်နှလုံးသားမှာ
ထားခဲ့ ပေးတဲ့ 
ငါ့ခြေရာတွေ
နင်မြင်စေဖို့ 
ငါအသိပေးခဲ့ တယ်…။
အားပေးသွားပါတယ်…။

commentinfo By: ချမ်းငြိမ်းအောင် at Jul 16, 2011
Comment #2

နောက်ပြန် Go ဖို့ 
အဖြေထိုးပြီးပေမဲ့ 
တွေဝေမှုလမ်းခွဲမှာ
ငါထိုင်မြဲ ထိုင်နေပါ့ မယ်
နင်ပြင်ဆင်နိုင်မယ်ဆို
လာခေါ်လှည့် ပါ
ငါလက်ကမ်းဖို့ မျှော်နေမှာ……။

commentinfo By: အသဲကွဲမိုး at Jul 17, 2011
Comment #3

လာပါလို့  နင် မခေါ်ဘဲနဲ့ 
ငါလာခဲ့ တယ်
ထွက်သွားပါလို့ 
နင်မနှင်ဘဲနဲ့ လဲ
နင်နဲ့ ဝေးရာကို
ရှောင်ပြေးခဲ့ မိတယ်…။
အားပေးသွားတယ်။

commentinfo By: poem.poem28 at Jul 17, 2011
Comment #4

oh………….
huh,,,,,,,,,,,
nice.

commentinfo By: ei lay at Aug 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment