Professional Authors

အပြစ်လား…?

သခင်…
သခင်ပြောကြား
ချစ်စကားကို
တမ်းတမက်မောရတာ
ရင်ခုန်လှိုက်မောမိတာကို
အပြစ်လို့ ဆိုနိုင်မလား…
ဆန္ဒကိုမြိုသိပ်
တမ်းတရတာကိုဟန်ဆောင်
ရင်ခုန်မိတာကို လျှို့ ဝှက်ရတာ
မိန်းကလေးတစ်ယောက်ရဲ့ 
သိက္ခာတဲ့…..
ဒါဆိုရင် သခင့် အတွက်တော့ 
ကျွန်မဟာ
ရိုးသားစွာ သိက္ခာမဲ့ နေချင်တာကို
အပြစ်လို့ ဆိုနိုင်မလား…..

Moon
10.6.02

In: ကဗျာ Posted By: Date: Jul 15, 2011
Comment #1

ရိုးသားစွာ သိက္ခာမဲ့ နေချင်တာကို
အပြစ်လို့ ဆိုနိုင်မလား…..

commentinfo By: MyoZin at Jul 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment