Professional Authors

နိဒါန်း

အရာရာကိုမေ့လို့ရချင်ပေမယ့်
မဟောင်းသေးတဲ့ အတိတ်တွေ
အရိပ်ဆန်ဆန်နဲ့
ငါ့အနားမှာဖြတ်သွားနေတုန်းဘဲ
မြင်နေသမျှတွေ
ငါ့အတိတ်ရဲ့စာမျက်နှာတွေကို
ဝင်တိုက်သွားတိုင်း
ငါ့ရင်ထဲမှာ
နာကျင်ရပါတယ်
ခံစားရပါတယ်
ကြေကွဲရပါတယ်
ချစ်လွန်းလို့မုန်း
ပြုံးမပြနိုင်တဲ့ငါ့နှလုံးသားကို
အပေါ်ယံကြည့်ယုံနဲ့
မလုံလောက်ဘူးဆိုတာ
ရှင်းပြဖို့ခက်လောက်အောင်
ငါ့တို့တွေ….
တစ်ယောက်နှလုံသားတစ်ယောက်
ထပ်တူကျအောင်
မဖတ်ခဲ့ကြဘူးလေ
ဒါတွေဟာ…
ငါတို့အချစ်တွေပျက်သုန်းခြင်းရဲ့
နိဒါန်းပေါ့။

In: ကဗျာ Posted By: Date: Jul 15, 2011
Comment #1

တစ်ယောက်နှလုံသားတစ်ယောက်
ထပ်တူကျအောင်
မဖတ်ခဲ့ကြဘူးလေ
ဒါတွေဟာ…
ငါတို့အချစ်တွေပျက်သုန်းခြင်းရဲ့
နိဒါန်းပေါ့။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment