Professional Authors

အသဲကွဲသူတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒ

ကျွံကျနေတဲ့ ကြမ်းက
ဘယ်လိုဖြစ်ပြီးအသုံးဝင်မှာလဲ..
ငါလဲဒီလိုပဲ တွေးတယ်..
တကယ်တော့..
နင့်ဘက်က လက်ပြခဲ့တာ
ကာရန်မညီတဲ့ ရင်ခုန်သံအတွက်ပဲပေါ့…။

တမာပင်က ခါးတဲ့အရသာထက်
ငါ့လျှာဖြားထက်မှာ….
နင့်မာယာများက ပိုခါးလေသလားကွယ်…။

နေတစ်စင်းရဲ့ ဆန္ဒက
ကမာ့္ဘရဲ့အလင်းအတွက်ဆိုသလို
လမင်းကလဲ သူ့အလင်းကို
အေးဆက်ခြင်းတွေနဲ့
ထုတ်လွှတ်ပေးတတ်တယ်…
ငါ့အတွက်တော့
နင့်ရဲ့ အနွေးဓာတ်လေး
ပေးသနားပါချစ်သူ…။

နိယာမတစ်ခုဆိုတာ
အမှန်တရားပဲမဟုတ်လား…
အခုငါဖြစ်နေတာကတော့
ငါ့အတွက်ထားခဲ့တဲ့
သီအိုရီတွေရဲ့ ဆန္ဒတွေပဲလေ…။

သီတာဒေဝီ က
သူတရားပြုနေတုန်း နှောက်ယှက်လို့
ဒသကိုမုန်းတာပဲ…
နင့်ကဘာအကြောင်းပြချက်နဲ့များ
ငါ့ကို မုန်းခဲတာလဲ…။

ရှေတန်းတင်စမ်းပါ..
နင့်ဆန္ဒတွေကိုပဲ..
နင့်အတ္တတွေကို
နင့်အတိတ်မှာချန်ထားခဲ့ပါ..
နင့်ရင်ထဲက ဖြစ်ပေါ်တဲ့
ခံစာမှုအတွက်တော့
နင်ငါ့ကိုချစ်မှရမှာပေါ့….။

နူးညံ့တဲ့ အနမ်းတွေအတွက်ဆို
ငါနင့်ကို ယုယုယယ နမ်းပါ့မယ်…၊
နွေးထွေးမှု အတွက်ဆို
ငါနင့်ကို ထွေးဖက်ကာထားပါမယ်…၊
သာယာတဲ့ ဘဝသစ်အတွက်ဆို
ငါနင့်ကို လိုစရာမရှိအောင်ထားပါ့မယ်…၊
တစ်ခုပဲ….
နင်ငါ့ကို ခွဲသွားဖို့ဆိုရင်တော့
ဒီလောကမှာ ငါ့ကိုမြင်ဖို့ စိတ်မကူးပါနဲ့တော့…။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 13, 2011
Comment #1

နူးညံ့တဲ့ အနမ်းတွေအတွက်ဆို
ငါနင့်ကို ယုယုယယ နမ်းပါ့မယ်…၊
နွေးထွေးမှု အတွက်ဆို
ငါနင့်ကို ထွေးဖက်ကာထားပါမယ်…၊
သာယာတဲ့ ဘဝသစ်အတွက်ဆို
ငါနင့်ကို လိုစရာမရှိအောင်ထားပါ့မယ်…

ကိုယ့်လူသိပ်မနမ်းနဲ့
ပါးပွန်းမယ်

သိပ်မဖက်နဲ့
လူမြင်မကောင်းဘူးဗျ

commentinfo By: virus at Jul 13, 2011
Comment #2

ပါးပွန်းလည်းမတတ်နိုင်ဘူး…၊နမ်းမှာပဲ..။လူမမြင်အောင်ဆိုရင်တော့ လူရှင်းတဲ့နေရာသွားမှာပေါ့….။

Comment #3

နူးညံ့တဲ့ အနမ်းတွေအတွက်ဆို
ငါနင့်ကို ယုယုယယ နမ်းပါ့မယ်…၊
နွေးထွေးမှု အတွက်ဆို
ငါနင့်ကို ထွေးဖက်ကာထားပါမယ်…၊
သာယာတဲ့ ဘဝသစ်အတွက်ဆို
ငါနင့်ကို လိုစရာမရှိအောင်ထားပါ့မယ်…၊
တစ်ခုပဲ….
နင်ငါ့ကို ခွဲသွားဖို့ဆိုရင်တော့
ဒီလောကမှာ ငါ့ကိုမြင်ဖို့ စိတ်မကူးပါနဲ့တော့…။
goodတယ်..ဗျာ။ကြိုက်သွားပြီးအားပေးနေပါတယ်။

commentinfo By: poem.poem28 at Jul 13, 2011
Comment #4

ကျေးဇူးအများကြီးပါ ညီလေး….။

Comment #5

နူးညံ့တဲ့ အနမ်းတွေအတွက်ဆို
ငါနင့်ကို ယုယုယယ နမ်းပါ့မယ်…၊
နွေးထွေးမှု အတွက်ဆို
ငါနင့်ကို ထွေးဖက်ကာထားပါမယ်…၊
သာယာတဲ့ ဘဝသစ်အတွက်ဆို
ငါနင့်ကို လိုစရာမရှိအောင်ထားပါ့မယ်…၊
တစ်ခုပဲ….
နင်ငါ့ကို ခွဲသွားဖို့ဆိုရင်တော့
ဒီလောကမှာ ငါ့ကိုမြင်ဖို့ စိတ်မကူးပါနဲ့တော့…။

commentinfo By: အသဲကွဲမိုး at Jul 13, 2011
Comment #6

ကျေးဇူးတင်တယ် မမ ရေ…..။ 🙂

Comment #7

သီတာဒေဝီ က
သူတရားပြုနေတုန်း နှောက်ယှက်လို့
ဒသကိုမုန်းတာပဲ…
နင့်ကဘာအကြောင်းပြချက်နဲ့များ
ငါ့ကို မုန်းခဲတာလဲ…။
သိချင်တရ်နော်…….. ဘာအကြောင်းပြချက်များရယ်ကြောင့်နဲ့ပေါ့…..
မင်းလည်း ဘာတွေတရားပြုနေလဲမှမသိတာ.. ဟီး…….

commentinfo By: sandi at Jul 13, 2011
Comment #8

ကျေးဇူးတင်ပါတယ်….။

Comment #9

ရှေတန်းတင်စမ်းပါ..
နင့်ဆန္ဒတွေကိုပဲ..
နင့်အတ္တတွေကို
နင့်အတိတ်မှာချန်ထားခဲ့ပါ..
နင့်ရင်ထဲက ဖြစ်ပေါ်တဲ့
ခံစာမှုအတွက်တော့
နင်ငါ့ကိုချစ်မှရမှာပေါ့….။
အားပေးသွားပါတယ် 😀

commentinfo By: Nyo Linn Thit at Jul 13, 2011
Comment #10

ကျေးဇူးပါ ကို ညိုလင်းသစ်ရေ….။

Comment #11

နူးညံ့တဲ့ အနမ်းတွေအတွက်ဆို
ငါနင့်ကို ယုယုယယ နမ်းပါ့မယ်…၊
နွေးထွေးမှု အတွက်ဆို
ငါနင့်ကို ထွေးဖက်ကာထားပါမယ်…၊
သာယာတဲ့ ဘဝသစ်အတွက်ဆို
ငါနင့်ကို လိုစရာမရှိအောင်ထားပါ့မယ်…၊
တစ်ခုပဲ….
နင်ငါ့ကို ခွဲသွားဖို့ဆိုရင်တော့
ဒီလောကမှာ ငါ့ကိုမြင်ဖို့ စိတ်မကူးပါနဲ့တော့…။

commentinfo By: စောရယ် at Jul 17, 2011
Comment #12

ကျေးဇူးပါ ညီ

Comment #13

ရှည်ပေမယ့်ဖတ်ရတာအီမသွားဘူး…ကောင်းတယ်ဗျာ

commentinfo By: E-than at Oct 26, 2011
Comment #14

ကောင်းတယ်

commentinfo By: ဒဂုံမင်းချစ်သူ at Apr 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment