Professional Authors

ဗိးနပ်စ်ပေးခဲ့ တဲ့ ချစ်ခြင်း…ဆိုတာ

***ဖြည်းဖြည်းညင်သာ ဖြတ်လျှောက်သွါးတဲ့ လေညှင်း
     ချိုမြကြည်သာတဲ့ မျက်ဝန်းတွေ
     မိန်းမူးစေတတ်တဲ့ ၀ိုင်တခွက်လို
     ပြင်းရှရှ အထိအတွေ့ တွေနဲ့ 
     ငါ့…ညတွေကို ခိုးယူသွါးတဲ့ ဗီးနပ်စ် ရေ…

***သူလိုလိုကိုယ်လိုလို မျှော်လင့်ချက်တွေနဲ့ 
     ကိုယ့်ကိုကိုယ် မီးမြှိုက်နေရတာ
     ကျွမ်းလောင်ခြင်းမဲ့ နှလုံးသား တစ်စုံအတွက်တော့
     မင်း….ကိုယ်ထင်ပြပါလား…
     ဗီးနပ်စ်…ရယ်

***ဘာကိုတိုင်တယ်ရမလဲ ကွယ်..
     ချစ်တက်တာ တစ်ခုကလွဲလို့ 
     ဘာမှမပိုင်တဲ့ ဘ၀မှာ စွဲကိုင်ထားတဲ့ ကဗျာတွေက
     အမေ့လျှော့ခံမြို့ ရိုးမှာ
     အစာငတ်…ရေငတ်နဲ့ ဖြိုးဖြိုးဖြစ်ဖြစ်ရှိနေလေရဲ့ …
 
***ဒီနွေ အပူတွေ မြန်မြန်ကြွေပါစေကွယ်…
     သည်လူရဲ့ အပဲ့ ကြွေခံ နှလုံးသားလည်း
     မျှော်လင့်ခြင်း ဆောင်းလေညှင်းနဲ့ အတူ
    ငြိမ်းချမ်းအေးမြပါရစေ..ကွယ်…
     ဒီဘ၀တော့…ဒီအမျှနဲ့ ပဲ…
     ငါ…လွမ်းပါရစေ….ဗီးနပ်စ်…ရယ်
     ပျော်ရွှင်နိုင်ပါစေ…
     မေ့လျှော့ နိုင်ပါစေ…
     ချမ်းမြနိုင်ပါစေ….

In: ကဗျာ Posted By: Date: Jul 12, 2011
Comment #1

ဘာကိုတိုင်တယ်ရမလဲ ကွယ်..
ချစ်တက်တာ တစ်ခုကလွဲလို့ 
ဘာမှမပိုင်တဲ့ ဘ၀မှာ စွဲကိုင်ထားတဲ့ ကဗျာတွေက
အမေ့လျှော့ခံမြို့ ရိုးမှာ
အစာငတ်…ရေငတ်နဲ့ ဖြိုးဖြိုးဖြစ်ဖြစ်ရှိနေလေရဲ့ …။။။ ။ ။။။ :):(:)

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011
Comment #2

သိပ်ကောင်းပါတယ် queenstar venus သတိ၇နေတာလာ

commentinfo By: HEROSMITH at Jul 13, 2011
Comment #3

***ဒီနွေ အပူတွေ မြန်မြန်ကြွေပါစေကွယ်…
သည်လူရဲ့ အပဲ့ ကြွေခံ နှလုံးသားလည်း
မျှော်လင့်ခြင်း ဆောင်းလေညှင်းနဲ့ အတူ
ငြိမ်းချမ်းအေးမြပါရစေ..ကွယ်…
ဒီဘ၀တော့…ဒီအမျှနဲ့ ပဲ…
ငါ…လွမ်းပါရစေ….ဗီးနပ်စ်…ရယ်

commentinfo By: အသဲကွဲမိုး at Jul 13, 2011
Comment #4

**သူလိုလိုကိုယ်လိုလို မျှော်လင့်ချက်တွေနဲ့ 
ကိုယ့်ကိုကိုယ် မီးမြှိုက်နေရတာ
ကျွမ်းလောင်ခြင်းမဲ့ နှလုံးသား တစ်စုံအတွက်တော့
မင်း….ကိုယ်ထင်ပြပါလား…
ဗီးနပ်စ်…ရယ်

***ဘာကိုတိုင်တယ်ရမလဲ ကွယ်..
ချစ်တက်တာ တစ်ခုကလွဲလို့ 
ဘာမှမပိုင်တဲ့ ဘ၀မှာ စွဲကိုင်ထားတဲ့ ကဗျာတွေက
အမေ့လျှော့ခံမြို့ ရိုးမှာ
အစာငတ်…ရေငတ်နဲ့ ဖြိုးဖြိုးဖြစ်ဖြစ်ရှိနေလေရဲ့ 

commentinfo By: မယ်မနော at Jul 31, 2011
Comment #5

wow,,,,,,,,,,,,,,,
best wishes for ur lover.

i believe,,,
u r so kind-hearted that u’d meet the right person in ur pure life.

commentinfo By: ei lay at Jul 31, 2011
Comment #6

read again this kind-hearted poem

commentinfo By: ei lay at Apr 8, 2012
Comment #7

ပျော်ရွင်နိုင်ပါစေ
မေ့လျော့နိုင်ပါစေ
ချမ်းမြေ့နိုင်ပါစေ

သိပ်ကောင်းပါတယ်

commentinfo By: Sweswethan at Jun 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment