Professional Authors

ကျွန်တော့်ရဲ့ အသဲကွဲလေဒီ

ရတနာရဲ့တန်ဖိုး
သူခိုးတွေကမှပိုသိတာပါ…
ယောက်ျားတစ်ယောက်ရဲ့
တန်ဖိုးကိုတော့..
မိန်းမဆိုးတွေကအသိဆုံးပဲလေ…။

သူ့ခံစားရတာတွေကို
အကြေကြေအလဲလဲ ပြောတယ်
တကယ်တော့
နင်ချစ်တတ်တာ အခုမှပါ
ငါချစ်ခဲ့တုန်းက
နင့်ထက်မက ခံစားဖူးတာ
နင်စာနာပါ….။

အသဲကွဲတယ်တဲ့..
ပြောတတ်တယ် မိန်းမလေးရေ..
ကဗျာတွေရေးတော့လည်း
ဒီအသည်းကွဲအကြောင်းပဲ
မင်းကဗျာထဲ ကစွဲချက်တွေ
ဘယ်လိုသက်သေရှိလို့လဲ…?
ငါကလဲကဗျာနှစ်သက်သူ
ဖတ်သူတွေအများအပြားမှာ
ငါလဲပါခဲ့တယ်…၊
တကယ်တော့ မင်းကဗျာတွေက
အသဲကွဲတာမှမဟုတ်ပဲ
ပေါက်ကွဲဒေါသတွေကို
စာချီပြီး သီပြနေခဲ့တာပါ…။

အင်းလေး….
မင်းလည်းမင်းခံစားချက်ပေါ့..၊
တစ်ခုတော့မှာလိုက်ပါရစေ..
နင်ကဗျာစပ်တဲ့အခါ..
ဒေါသတွေကိုတော့ မွှေမထည့်ပါနဲ့
အချစ်ရဆုံးဘေဘီ..
အသဲကွဲလေဒီရေ….။

In: ကဗျာ Posted By: Date: Jul 12, 2011
Comment #1

ဘယ်သူ့ကိုများ ရည်ရွယ်လိုက်သလဲဗျာ 🙂

commentinfo By: နေသွေး at Jul 12, 2011
Comment #2

ဖတ်သွားပါတယ်…..အားပေးနေပါတယ်….

commentinfo By: အသဲကွဲမိုး at Jul 12, 2011
Comment #3

ဘယ်သူကိုပြောတာလဲ…ဟဲဟဲ
သိချင်တယ်ဗျ.အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 12, 2011
Comment #4

ယောက်ျားတစ်ယောက်ရဲ့
တန်ဖိုးကိုတော့..
မိန်းမဆိုးတွေကအသိဆုံးပဲလေ…။
ဘုရား ဘုရား………
မိန်းမဆိုး ဆိုပါလားးးးးးးးးးး??????

commentinfo By: ကေသရီ at Jul 12, 2011
Comment #5

ညီလေးနေသွေးရေ… အစ်ကို ဘယ်သူကိုမှမရယ်ရွယ်ဘူးလို့ မငြင်းပါဘူး..၊ တစ်ဦးတစ်ယောက်ကိုတော့ ရည်ရွယ်ခဲ့တာအမှန်ပါ….။ အစ်ကိုနဲ့ ပက်သက် ခဲ့ သူဆိုပါတော့…၊
ဒေါ်အသဲကွဲမိုးလည်းကျေးဇူးပါနော်…။
ကျန်တဲ့အားပေးတဲ့ သူတွေလဲကျေးဇူးပါဗျာ…။
တိုက်ဆိုင်မှုတွေရှိခဲ့ရင်..၊ ကျွန်တော်စာသားကြောင့် တစ်ဦးတစ်ယောက်ကို ထိခိုက်ခဲ့ရင်
ဦးညွှတ်တောင်းပန်ပါတယ် ခင်ဗျာ….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment