Professional Authors

ဗေဒါလမ်း (၂၆) – ချောင်းကထွေထွေ (ဇော်ဂျီ)

ချောင်းဝမှာပွေ၊ တေချင်လို့လေလား။
မတိုးသာဒိုက်သရော၊ မျောဆို့နိုင်အား။

ဒီတက်ချိန်တန် ဆန်နိုင်ပါ့မလား။
မဗေဒါ မယ့်ခရီးမှာ၊ သူဆီးလို့တား။

အိုအချင်းကျူရိုးဖေ။
မယ့်လမ်းမှာ ရာထောင်သောင်း၊ ချောင်းကထွေထွေ။
သည်ချောင်းကတားပါစေ၊ ဟိုချောင်းရေရှိပါသေး။
ဆန်ချိန်တော်ရေကျော်ဆိုက်အောင်၊ မင်းလိုက်ခဲ့လေး။ ။

ဇော်ဂျီ

Comment #1

ကဗျာကောင်းလေးအတွက် ကျေးဇူးပါ…

commentinfo By: မှုံရွှေရည် at Jul 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment