Professional Authors

သူမ နဲ့ ကျွန်တော့်ရဲ့ကဗျာ

အချစ်ရယ်…….
စာရေးတဲ့လက်ပါကွယ်
ရက်ရက်စက်စက်နဲ့ တမင်ခွဲ
ရင်ကွဲလို့ သေရမယ်ဆိုတောင်
ဖောင်တိန် ကို လက်ကစွဲပြီး
ကဗျာဖွဲသီနေလိုက်မယ်…
ကဗျာတစ်ခုလုံးမှာတော့
အလွမ်းငွေတွေ
ဝေနေရှာမပေါ့……။

ရင်ထဲက စောင်းကြိုးခတ်သံ
အသံမှန်မှန် ထုတ်လွတ်နေတယ်
ငါ့ကဗျာတွေ မှာ
ဆွေးမြေ့မှုတွေ ဝေဆာနေမှာတော့
ငါမလိုချင်ဘူး….
နင့်တစ်ယောက်အတွက်နဲ့တော့
စာဖတ်သူတွေ …
စိတ်အညစ်မခံပါရစေနဲ့
ငါ့ကဗျာမှာ နင်ပါနေတာကိုက
ငါ့အမှားတွေပဲလေ……..။

နှလုံးသားမရှတဲ့သူရယ်လို့
ရှိတယ်ဆိုရင်မြင်ချင်စမ်းတယ်..
ရင်ခွင်တမ်းခြမ်း မှာ…
ဝေဒနာကျွမ်းတိုင်း
နင်ကိုသာလွမ်းနေရင်…
ငါကိုယ်တိုင် ကဗျာတွေထမ်းပြီး
လာရာလမ်းဆီပြန်ပြမယ်…
နင့်အတွက်စပ်တဲ့
ကဗျာတွေကိုတော့
ငါမသေ သေအောင်သတ်ပါ့မယ်….။

ရင်ခွင်မှာလွမ်းလည်း…
ကဗျာတွေမလွမ်းစေချင်ဘူး..
နှလုံးသားမှာ ဆွေးနေလည်း
ကဗျာတွေမှာ မဆွေးစေရဘူး…
နင်နဲ့ ပက်သက်တဲ့ ကဗျာတွေ
အသင်္ချေ မကရှိလို့
တစ်နေဝင် တစ်နေထွက်
ဒီကဗျာတွေအတွက်စိတ်ညစ်ခဲ့ရတယ်….။

ကဗျာဖတ်သူတွေကိုတော့
အားနာမိတာအမှန်ပေါ့…
ကျွန်တော့် ဘက်က
မတတ်နိုင်တာလဲအမှန်ပါပဲ…
သြော်……
တစ်ခုတော့ရှိတယ်.
သူသာ တကယ်လို့ပေါ့
ကျွန်တော့်ကို ပြန်ချစ်မယ်ဆိုရင်
အလွမ်းမရှိ အဆွေးမရှိ
အတိုင်းမသိပျော်နေမိမယ့်
ကျွန်တော်…..
ခင်ဗျားတို့လိုချင်ရှာတဲ့
သူမပါတဲ့ ကဗျာတွေ
ရာထောင်မက
ရေးပြနိုင်ပါလိမ့်မည်…..။

In: ကဗျာ Posted By: Date: Jul 11, 2011
Comment #1

ရင်ထဲက စောင်းကြိုးခတ်သံ
အသံမှန်မှန် ထုတ်လွတ်နေတယ်
ငါ့ကဗျာတွေ မှာ
ဆွေးမြေ့မှုတွေ ဝေဆာနေမှာတော့
ငါမလိုချင်ဘူး….
နင့်တစ်ယောက်အတွက်နဲ့တော့
စာဖတ်သူတွေ …
စိတ်အညစ်မခံပါရစေနဲ့
ငါ့ကဗျာမှာ နင်ပါနေတာကိုက
ငါ့အမှားတွေပဲလေ……..။
ကိုအောင်ရဲသူ…အရမ်းကြိုက်တယ်ဗျာ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 11, 2011
Comment #2

good..:P

commentinfo By: May Kha at Jul 11, 2011
Comment #3

ကျေးဇူးတင်တယ်…။

commentinfo By: အောင်ရဲသူ at Jul 11, 2011
Comment #4

နင်ကိုသာလွမ်းနေရင်…
ငါကိုယ်တိုင် ကဗျာတွေထမ်းပြီး
လာရာလမ်းဆီပြန်ပြမယ်…
နင့်အတွက်စပ်တဲ့
ကဗျာတွေကိုတော့
ငါမသေ သေအောင်သတ်ပါ့မယ်….။

သတ်လို့ရလို့လား

commentinfo By: virus at Jul 13, 2011
Comment #5

ရအောင်သတ်မှပေါ့ကွာ…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment