Professional Authors

ထပ်ညွှန်းတင်တဲ့ အသဲကွဲကဗျာ

ဖြစ်ခဲ့ပြီးမှတော့
ဘာကိုမှ
နောင်တမရချင်တော့ဘူး…
နောင်အချိန်မှာထပ်မဖြစ်ဖို့တော့
ကြိုးစားရမှာအမှန်ပေါ့….။

သုည နဲ့ မခြား တဲ့ ဘဝ
မလိုချင်လို့ ပစ်မှတော့
ဘာများထပ်ပြီး
စိတ်ညစ်နေရဦးမှာလဲ…
အကွဲကွဲအပြဲပြဲ နဲ့
ဖယိုဖရဲ အသည်းတစ်ခြမ်းကိုပဲ
လက်မှာ စွဲလို့
လှည့်ထွက်ခဲ့တယ်….
ငါရခဲ့တဲ့ ဒဏ်ရာကို ကုသဖို့အတွက်
ဆေးဆရာ အသစ်ရှာရမယ်လေ….။

တစ်ထောင့်တစ်ည ပုံပြင်တွလို
ရက်ပေါင်းများစွာ
ပြောတာမဟုတ်ပေမယ့်…
နင်ခဏလေးပြောပြခဲ့တဲ့
ပုံပြင်လေးတစ်ပုဒ်ကတော့
ငါ့နှလုံးသားတစ်ခုလုံးကို
ဖမ်းစားနိုင်ခဲ့တာပဲလေ….
နင့်ရည်ရွယ်ချက်တွေ အထမြောက်ခဲ့တာပေါ့….။

ကျေနပ်ချင်ယောင်
ဆောင်နေလိုက်တော့မယ်…
ဒဏ်ရာ
အနာမကျက်သေးလို့သာ
ရက်တွေကြာခဲ့ရတာပဲကွာ…
နင့်အတွက်နဲ့
လူးလိမ့်နေရလောက်အောင်
နင်က …
ပပဝတီမဟုတ်သလို
ငါကလည်း…
မင်းကုသ မဟုတ်ဘူးလေ……..။

စီးတော်မြင်းကတော့
မင်းနောက်ကို
အမှီလိုက်နိုင်ပါတယ်…
ငါကိုယ်တိုင်
စိတ်မရှိလို့မလိုက်တာကိုတော့
နင့်ကိုနင် ခေါင်းမထောင်နေနဲ့…။

ကိန်းတစ်လုံးကို
တင်တဲ့ ထပ်းညွှန်းက
တန်ဖိုးမြင့်စေဖို့ဖြစ်ပေမယ့်
ငါ့ဘဝ အပေါ်တင်တဲ့
အချစ်ထပ်ညွှန်းကတော့
သုည ဖြစ်နေခဲ့လို့
ဘာဆိုဘာမှ မရှိတော့ပါဘူးးးး……..။  ။
(ဒီလောက်ဆိုရင် နင်ကျေနပ်တယ် မဟုတ်လား..?)

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 11, 2011
Comment #1

ကိန်းတစ်လုံးကို
တင်တဲ့ ထပ်းညွှန်းက
တန်ဖိုးမြင့်စေဖို့ဖြစ်ပေမယ့်
ငါ့ဘဝ အပေါ်တင်တဲ့
အချစ်ထပ်ညွှန်းကတော့
သုည ဖြစ်နေခဲ့လို့
ဘာဆိုဘာမှ မရှိတော့ပါဘူးးးး……..။ ။
(ဒီလောက်ဆိုရင် နင်ကျေနပ်တယ် မဟုတ်လား..?)
ကိုဇော်သက်ဦးအားပေးသွားပါတယ်။

commentinfo By: pome.poem28 at Jul 11, 2011
Comment #2

အကိုရဲ့ ကဗျာတွေက လိုက်မမှီနိုင်ဘူးဗျာ စကားလုံးတွေရွေးတာ သိပ်လှတယ်၊၊

commentinfo By: နေသွေး at Jul 11, 2011
Comment #3

အရမ်းကိုကောင်းပါတယ်ဗျာ

commentinfo By: HEROSMITH at Jul 11, 2011
Comment #4

Excellent ..

commentinfo By: May Kha at Jul 11, 2011
Comment #5

အားပေးတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်ဗျာ……။ 🙂 🙂

Comment #6

ဒီကဗျာလေးလည်း အရမ်းကောင်းပါတရ်.. အားပေးခဲ့တရ်နော်..မောင်လေး.. ..

commentinfo By: sandi at Jul 11, 2011
Comment #7

ကျေးဇူးတင်တယ်.. အစ်မစန္ဒီရေ…..။

Comment #8

သုည နဲ့ မခြား တဲ့ ဘဝ
မလိုချင်လို့ ပစ်မှတော့
ဘာများထပ်ပြီး
စိတ်ညစ်နေရဦးမှာလဲ…
အကွဲကွဲအပြဲပြဲ နဲ့
ဖယိုဖရဲ အသည်းတစ်ခြမ်းကိုပဲ
လက်မှာ စွဲလို့
လှည့်ထွက်ခဲ့တယ်….
ငါရခဲ့တဲ့ ဒဏ်ရာကို ကုသဖို့အတွက်
ဆေးဆရာ အသစ်ရှာရမယ်လေ….။
အကြိုကဆုံး စာသားတွေပဲ သူငယ်ချင်းရေ……။

commentinfo By: အောင်ရဲသူ at Jul 11, 2011
Comment #9

ကျေးဇူးတင်တယ် သယ်ရင်း…..။ 🙂

Comment #10

နင်က …
ပပဝတီမဟုတ်သလို
ငါကလည်း…
မင်းကုသ မဟုတ်ဘူးလေ……..

ကိုယ့်လူ
ပပ၀တီကိုမြင်ဖူးလို့လား
ကိုယ့်လူကောင်မလေးက
တော်တော်ချောမဲ့ပုံပဲနော်
ကဗျာလည်းကောင်းပါတယ်

commentinfo By: virus at Jul 13, 2011
Comment #11

ကျေးဇူးအထူးတင်ပါတယ်…. Virus..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment