Professional Authors

ပြောချင်တာက လူတွေမသိဘူး

ပြောချင်တာက လူတွေမသိဘူး

ဒီနေ့ ၇ရက် ၇လ ဖြစ်နေပြီ ကဗျာရေးချင်နေတယ်
တရားခွင်မှာ မားဆိုးကိုကြည့်နေတဲ့ စက်ရုပ်လိုမိန်းမအကြောင်း ပြောပြချင်တယ်
မြို့ပြကိုစွန့်ခွာလာတဲ့ ဂျွန်ဘယ်သွားမလဲဆိုတာ ပြောပြချင်တယ်
အသိစိတ်မပါဘဲပြုံးနေတဲ့ နှုတ်ခမ်းတွေအကြောင်း ပြောပြချင်တယ်
သစ်ရွက်တွေအကုန်ခြောက်သွားတယ် ပြီးကြွေကုန်တယ် နောက်အခုတ်ခံရတဲ့ သစ်တစ်ပင်ရဲ့ဟာသကို ပြောပြချင်တယ်
The last leaf တဲ့လေ မှတ်မိသေးလား ဟိုပန်းချီဆရာကြီး မိုးရေထဲမှာဘာလို့ ထားခဲ့သလဲဆိုတာ ပြောပြချင်တယ်
ဂျေရုဆလင်ဆိုတဲ့မြို့ရဲ့ မဟုတ်တဲ့ ဟုတ်တဲ့နေ့တွေအကြောင်း ပြောပြချင်တယ်
ဘန်အိုခရီရဲ့ Astonishing the Gods စာအုပ်အကြောင်း ပြောပြချင်တယ်
ဂရိုမောဂ့်ပြောတာကတစ်ဆင့် ပွားလာတဲ့ ရူးနေတဲ့ အတွေးတစ်ချို့ကို ပြောပြချင်တယ်
ဆစ်လ်ဗီယာပလာသ်ရဲ့ ကြိုးတွဲလောင်းနဲ့လူကဗျာအကြောင်း ပြောပြချင်တယ်
ဖြစ်နိုင်ရင် ငမိုးရိပ်ချောင်းဘေးနားက သောကြာနေ့ညနေတစ်ခုအကြောင်း  ပြောပြချင်တယ်
မောင်ချောနွယ် လွန်းဆက်နိုးမြတ် စိုင်းဝင်းမြင့် မြေမှုန်လွင် ပြောပြချင်တယ်
အစရှိသဖြင့်နဲ့ အစီအစဉ်မကျတဲ့အကြောင်း ပြောပြချင်တယ်
ပြောချင်သမျှတွေက  ဘယ်သူ့ကိုမှလည်းမဟုတ်ဘဲ
ပြောချင်စိတ်လည်းမရှိတဲ့အကြောင်း
ပြောချင်သမျှတွေကို ငါလည်းမသိတဲ့အကြောင်း
ပြောချင်တယ် ပြောပြချင်တယ်…။

မြေနံ့

In: ကဗျာ Posted By: Date: Jul 10, 2011
Comment #1

ဂွတ်သွားပြီ..။

commentinfo By: အောင်ရဲသူ at Jul 11, 2011
Comment #2

ကောင်းတယ်ဗျာ

Comment #3

so…good…so like!!!!!!!!!

commentinfo By: shwezin myatno at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment