Professional Authors

ဆည်းဆာအလွမ်း

ဆည်းဆာအလွမ်း

လှပတဲ့ဆည်းဆာတစ်ခုမှာ
တုန်ဝါရီဖျော့နေတဲ့
နေခြည်အလင်းတန်းတွေ
ငါ့ရင်ကိုနွေးလျှမ်းစေခဲ့တယ်။
ချစ်သောလက်တွဲဖော်ကတော့
ကျွန်တော့်အပေါ်မှာ
ပြာလဲ့ဝေမှုန်နေတုန်းပါပဲ။

ကဗျာရေးတတ်သူတစ်ယောက်ရဲ့ 
အိပ်မက်တစ်စုံမှာ
ကျရှုံးခြင်းတွေနဲ့
ခါး…သက်…ရင့်…..ကျည်း
ချစ်တယ်ဆိုတာလောင်မီးတစ်စင်းကို
ရင်ထဲပျိုးခင်းထားသလိုပဲတဲ့လေ။

ပျော်ရွှင်မှုတွေသောင်းသောင်းဖျဖျ
ဆင်းရဲနေတာတောင်မှ
ပေးဆပ်ချင်နေမိတဲ့ကောင်……
ဘယ်ဘက်လက်မှာ
လူမိုက်ကျမ်းတစ်ချပ်ကို
စွဲကိုင်ထားရဲ့ 

ငါ့ရဲ့ ချစ်ရသူအတွက်
ဒိုင်ယာရီမှတ်တမ်းမှာ
အသည်းကွဲကဗျာတွေ
ခမ်းနားနေတယ်။

အနာဂတ်တွေကို
ကိုယ့်လက်နဲ့ကိုယ်ပြန်ရုတ်သိမ်း
ငါကပဲယိမ်းရွဲ့ ပေးခဲ့ပါ့မယ်….
တကယ်တော့
အသည်းကွဲသူတစ်ယောက်မှာ
ကြေကွဲနေတဲ့ပစ္စုပ္ပန်ကလွဲလို့
ဘာကိုများပိုင်ဆိုင်ရဦးမလဲကွယ်
                                                             မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: Jul 8, 2011
Comment #1

ကဗျာရေးတတ်သူတစ်ယောက်ရဲ့ 
အိပ်မက်တစ်စုံမှာ
ကျရှုံးခြင်းတွေနဲ့
ခါး…သက်…ရင့်…..ကျည်း
ချစ်တယ်ဆိုတာလောင်မီးတစ်စင်းကို
ရင်ထဲပျိုးခင်းထားသလိုပဲတဲ့လေ။
မိုက်တယ်ဗျာ့……

commentinfo By: အသဲကွဲမိုး at Jul 8, 2011
Comment #2

ကျေးဇူးပါခင်ဗျား)

commentinfo By: မိုးသစ်လေပြေ at Jul 9, 2011
Comment #3

အနာဂတ်တွေကို
ကိုယ့်လက်နဲ့ကိုယ်ပြန်ရုတ်သိမ်း
ငါကပဲယိမ်းရွဲ့ ပေးခဲ့ပါ့မယ်….
တကယ်တော့
အသည်းကွဲသူတစ်ယောက်မှာ
ကြေကွဲနေတဲ့ပစ္စုပ္ပန်ကလွဲလို့
ဘာကိုများပိုင်ဆိုင်ရဦးမလဲကွယ်
မိုးသစ်လေပြေ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 9, 2011
Comment #4

ကောင်းတယ်ကွာ…။ ခိုက်သွားပြီ….။

Comment #5

ကျေးဇူးပါခင်ဗျာ

commentinfo By: မိုးသစ်လေပြေ at Jul 11, 2011
Comment #6

အနာဂတ်တွေကို
ကိုယ့်လက်နဲ့ကိုယ်ပြန်ရုတ်သိမ်း
ငါကပဲယိမ်းရွဲ့ ပေးခဲ့ပါ့မယ်….
တကယ်တော့
အသည်းကွဲသူတစ်ယောက်မှာ
ကြေကွဲနေတဲ့ပစ္စုပ္ပန်ကလွဲလို့
ဘာကိုများပိုင်ဆိုင်ရဦးမလဲကွယ်…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #7

ကျေးဇူးပါ အစ်ကို

commentinfo By: မိုးသစ်လေပြေ at Jul 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment