Professional Authors

မသိခြင်း (၁)

– ” အကြောင်းပြချက်လား….   မရှိပါဘူး။”

– နယူတန်က သူ့ရှေ့ပန်းသီးကြွေကျတာကိုကြည့်ပြီး
  ကမ္ဘာ့ဆွဲအားကို ရှာတွေ့ခဲ့ဖူးတယ်တဲ့.
  နင်ရော… နင့်ရှေ့ငါကြွေကျတာကိုကြည့်ပြီး
  ဘာရှာတွေ့ခဲ့သလဲ…

– အဲ့ဒီနေ့က ကမ္ဘာ့ဆွဲအားက
  မလိုအပ်ဘဲ ပုံမှန်ထက်ပိုနေခဲ့တာအမှန်ပဲ။

– ငါ့ ရင်ခုန်သံတွေထဲမှာ
  နင့်ဆံပင်ရှည်တွေပျော်ဝင်ဖူးတယ်၊
  ငါရှုသွင်းလိုက်တဲ့ ၀င်သက်တွေထဲမှာ
  နင့် အကြည့်တွေ အောက်ဆီဂျင်တွေကို ဖယ်ပစ်ခဲ့ဖူးတယ်၊
  ငါ ၀တ်လိုက်တဲ့ အ၀တ်အစားတွေထဲမှာ
  နင့် စကားလုံးတွေ အရိပ်ထွက်နေခဲ့ကြဖူးတယ်။

– လေတိုက်လာရင်  မင်းရဲ့ ရနံ့လေးများ ပါလာလေမလား…
  ရေသောက်ရင် မင်းရဲ့လက်ရာလေးတွေ ဖန်ခွက်ပေါ်မှာထင်နေမလား…
  ရေချိုးပြီးရင် မင်း တဘက်ကလေးကိုင်ပြီး အခန်းအပြင်မှာ ရှိနေမလား…
  အဲဒီလို ဂရုစိုက်မှုလေးတွေကို မွတ်သိပ်စွာ ငါတောင့်တနေတုန်းပဲ…

– အချိန်တွေက သံယောဇဉ်တွေကို ခိုင်မာစေခဲ့သလို…
  သံယောဇဉ်တွေကလဲ အချိန်တွေကို ဆွဲဆန့်ခဲ့ကြတယ်။

– ဒါပေမယ့်
  ငါးနှစ်ဆိုတဲ့ ကာလတစ်ခုအတွင်း
  နင်ငါ့ကို ဘာလို့ မချစ်နိုင်ရတာလဲလို့ မေးလိုက်တိုင်း
  ငါရလာတဲ့ အဖြေကတော့ ဘယ်တော့မှ
  မပြောင်းလဲခဲ့ဘူး။

– ” အကြောင်းပြချက်လား…  မရှိပါဘူး”
 

In: ကဗျာ Posted By: Date: Jul 8, 2011
Comment #1

ငါရှုသွင်းလိုက်တဲ့ ၀င်သက်တွေထဲမှာ
နင့် အကြည့်တွေ အောက်ဆီဂျင်တွေကို ဖယ်ပစ်ခဲ့ဖူးတယ်၊
အားပေးသွားပါတယ် 🙂

commentinfo By: Nyo Linn Thit at Jul 8, 2011
Comment #2

– နယူတန်က သူ့ရှေ့ပန်းသီးကြွေကျတာကိုကြည့်ပြီး
ကမ္ဘာ့ဆွဲအားကို ရှာတွေ့ခဲ့ဖူးတယ်တဲ့.
နင်ရော… နင့်ရှေ့ငါကြွေကျတာကိုကြည့်ပြီး
ဘာရှာတွေ့ခဲ့သလဲ…

– အဲ့ဒီနေ့က ကမ္ဘာ့ဆွဲအားက
မလိုအပ်ဘဲ ပုံမှန်ထက်ပိုနေခဲ့တာအမှန်ပဲ။

commentinfo By: May Kha at Jul 8, 2011
Comment #3

အားပေးသွားတဲ့ နှစ်ယောက်စလုံးကိုကျေးဇူးတင်ပါတယ်…

commentinfo By: phonegyi at Jul 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment