Professional Authors

အဝေးရောက် … သစ္စာ

မင်းရင်ခွင်လေး ငါမှန်းဆသလောက်
ငါ့ရင်ခွင်လည်း မင်းတမ်းတနေမယ်ဆိုရင်
အလှမ်းဝေးတဲ့ အနမ်းလေးတွေက
ဒို့ နှစ်ယောက်ကြားမှာ ပန်းလေးတွေ အဖြစ်
တံတားခင်းစေပြီလား♥♥♥
ဖြူစင်တဲ့ မျက်နှာကျက်မှာ ဒို့ နှစ်ယောက်အနာဂတ်အတွက်
စုတ်ချက်တွေ  လျှောက်လည်ကြစတမ်းဆိုရင်
ဖန်တီးရှင်မင်းလက်ကလေး အဝေးထွက်ပြေးလေတော့
ရောင်စုံဆေးခွက်လေးတွေလည်း 
ရှေ့ ဆက်မတွေးသင့်ဘူးလေ..
တကယ်လို့ များ ဝေးကြမယ်ဆိုရင်
အနောက်တောင်မုတ်သုန်လေသည်
ရင်ခွင်ဆီကို ဗဟိုပြု တိုက်ခတ်လာနိုင်သည်..
ထိုအချိန်တွင်… နေရွာကွက်ကြား မိုးမရွာနိုင်ပါ                                                                                                   နေရာကွက်ပြီး  မိုးမကြီးနိုင်ပါ
ဤ မှန်ကန်သော သစ္စာတရားသည် သူမှတစ်ပါး
အခြားမရှိ♥♥♥
ရင်တစ်ကိုယ်စာ သက်ဆင်း
သခင်လိုရာအပ်နှင်းမိပါသည်..
ရင်တစ်ကိုယ်စာ ရွာမယ်မိုး
သခင်လိုရာ စာဖွဲ့ ချိုးမိပါသည်..
ဤမှန်ကန်သော သစ္စာတရားသည်
ရင်ကွဲမှတ်တမ်း သည်ဇာတ်လမ်းဝယ်
ယူဆောင်ရာ မေတ္တာတွေက အဖြူရောင်သာ ဖြစ်ပါစေသား♥♥♥♥♥

In: ကဗျာ Posted By: Date: Jul 7, 2011
Comment #1

ရင်တစ်ကိုယ်စာ သက်ဆင်း
သခင်လိုရာအပ်နှင်းမိပါသည်..
ရင်တစ်ကိုယ်စာ ရွာမယ်မိုး
သခင်လိုရာ စာဖွဲ့ ချိုးမိပါသည်..
ဤမှန်ကန်သော သစ္စာတရားသည်
ရင်ကွဲမှတ်တမ်း သည်ဇာတ်လမ်းဝယ်
ယူဆောင်ရာ မေတ္တာတွေက အဖြူရောင်သာ ဖြစ်ပါစေသား♥♥♥♥♥/
တော်တော်လေး လန်းပါတယ် အစ်ကို….။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment