Professional Authors

ဗေဒါလမ်း (၈) – မျောလျက်သာပဲ (ဇော်ဂျီ)

လေပြင်းငယ်ပွေ ၊ လေပြေလျင်လဲ။
ချောင်းကျယ်ဘယ်မငြင်း၊ ချောင်းကျဉ်းလျင်လဲ။

နေပူတန်း ခါ ၊ မိုးရွာလျင်လဲ။
လသာသာ ပျိုအိုကြိုက် ၊ လမိုက်လျင်လဲ။

အဖော်ငယ်စုံ ၊ ဖော်မစုံလျင်လဲ။
ပွင့်ဖူးငုံ အကုန်လန်း ၊ နွမ်းနယ်လျက်လဲ။

စုန်ပြန်ရ အဖန်ဖန် ၊ ဆန်ပြန်ရ တလဲလဲ။
မဗေဒါ ဒီရေကြောမှာ ၊ မျောလျက်သာပဲ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)

In: ကဗျာ,ဇော်ဂျီ Posted By: Date: May 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment