Professional Authors

” ခဏလေးပဲစောင့်ပေးပါ “ … ချစ်သူ ( လူဆိုး )

ချစ်ကိုအရမ်းချစ်တဲ့အချစ်တွေ
ချစ်နဲ့တွေ့မှပေးရမှာမို့လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ခုပေးနေတဲ့ ဂရုစိုက်မှုလေးတွေထက်
ပိုပြီး ဂရုစိုက်မှုလေးတွေပေးချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ကိုတန်ဖိုးထားတဲ့
ကိုတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ အတွက်
ကြိုးစားမှုလေးတွေပြချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
အရမ်းချစ်တာပဲ ချစ်သူရယ်
ဆိုတဲ့စကားကို ချစ်သူရဲ့ နားလေးအနားကပ်ပြောချင်လို့
ခဏလောက်စောင့်ပေးပါ …. ချစ်သူ
ကို့ရဲ့ မပြည့်စုံသေးတဲ့ဘဝကို
ပြီးပြည့်စုံအောင် ပြင်ဆင်နေချိန်မို့လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
တစ်ချိန်မှာ ချစ်သူဆီအရောက်လာမယ်ဆိုတဲ့
စိတ်ကူးလေးကို အကောင်အထည်ဖော်နေလို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ကိုလိုချင်တာတွေ အားလုံးမရခဲ့ရင်တောင်
ရသလောက်လေးနဲ့ပဲ ပျော်ရွင်စွာနဲ့
နှစ်ယောက်တည်းကမ္ဘာလေးကို တည်ဆောက်ချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ခဏလောက်စောင့်ပေးပါ … ချစ်သူ    ( အဝေးရောက် ချစ်သူမှ )

In: ကဗျာ Posted By: Date: Jul 4, 2011
Comment #1

ဟာ….အရမ်းကောင်းတယ်ဗျာ
ကို့ရဲ့ မပြည့်စုံသေးတဲ့ဘဝကို
ပြီးပြည့်စုံအောင် ပြင်ဆင်နေချိန်မို့လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
တစ်ချိန်မှာ ချစ်သူဆီအရောက်လာမယ်ဆိုတဲ့
စိတ်ကူးလေးကို အကောင်အထည်ဖော်နေလို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ

commentinfo By: poem.poem28 at Jul 4, 2011
Comment #2

နှစ်ယောက်တည်းကမ္ဘာလေးကို တည်ဆောက်ချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ခဏလောက်စောင့်ပေးပါ … ချစ်သူ

Comment #3

မချစ်ဖူးလို့ပါ..အချစ်ဦးရယ်ပေါ့ဗျာ..
ချစ်သူက လူဆိုးကိုစောင့်နေရတာဗျ..
ဒီတော့လူဆိုးရင်ထဲရှိတာလေးတွေရေးပြတာပါဗျာ…
ခုလိုအားပေးတဲ့အတ်ွကျေးဇူးအထူးတင်ပါတယ်… 🙂

commentinfo By: chityellusoelay at Jul 4, 2011
Comment #4

အ၇မ်းကောင်းပါတယ်

commentinfo By: Village chatkyi at Jul 4, 2011
Comment #5

ကျေးဇူးတင်ပါတယ်ခင်ဗျာ. 😛

commentinfo By: chityellusoelay at Jul 4, 2011
Comment #6

ကောင်းလိုက်ပုံက……….။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #7

ကိုလိုချင်တာတွေ အားလုံးမရခဲ့ရင်တောင်
ရသလောက်လေးနဲ့ပဲ ပျော်ရွင်စွာနဲ့
နှစ်ယောက်တည်းကမ္ဘာလေးကို တည်ဆောက်ချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ခဏလောက်စောင့်ပေးပါ … ချစ်သူ ( အဝေးရောက် ချစ်သူမှ )
ခံစားချက်တွေ တူနေတယ် ဗျို့
အားပေးသွားပါတယ်….။ ။

commentinfo By: ကေသရီ at Jul 5, 2011
Comment #8

ကျေးဇူးပါပဲခင်ချာ… 🙂

commentinfo By: chityellusoelay at Jul 5, 2011
Comment #9

ဒီမှာ ကိုယ့်လူ သိပ်ကြာကြာ မစောင့်ခိုင်းနဲ့ဗျာ သူများသားသမီးကို 😛

commentinfo By: နေသွေး at Jul 6, 2011
Comment #10

တိန် …မကြာစေရပါဘူးဗျာ….ဟိဟိ 🙂

commentinfo By: chityellusoelay at Jul 6, 2011
Comment #11

i agree with ko nay tway.
he,,he..
coz i feel sympthatic.

commentinfo By: ei lay at Jul 27, 2011
Comment #12

တိန် ..သူကတောင်ထောက်ခံနေသေးတယ် …
မကြာစေရပါဘူးဆိုမှနော် … ဟိဟိ

commentinfo By: chityellusoelay at Jul 27, 2011
Comment #13

ဘယ်လောက်ပဲကြာကြာပါကိုရယ် … ချစ်ကစောင့်နေမှာပေါ့လို့ …
မှတ်ထားနော် .. အရမ်းချစ်လို့ ..

commentinfo By: zinchit at Aug 3, 2011
Comment #14

ကိုကလည်းအများကြီးချစ်တာပါနော် … ဟွန့်

commentinfo By: chityellusoelay at Aug 4, 2011
Comment #15

အရမ်းကောင်းပါတယ်…အရာရာအတွက်အားပြန်ဖြစ်စေတဲ့စကားပါပဲ..
ဘယ်လောက်ပဲမောမော..ပင်ပန်းခဲပင်ပန်းခဲ့..ချစ်သူရဲ့အားပေးသံမှာ အရာအားလုံးအေးချမ်းခဲ့တာပါပဲ
အားပြန်တက်လာခဲ့တာပါပဲ

commentinfo By: paipai at Aug 17, 2011
Comment #16

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ … လူဆိုးဘဝကချစ်သူပါပဲဗျာ …. 😛

commentinfo By: chityellusoelay at Aug 17, 2011
Comment #17

အရမ်းကောင်းပါတယ် အကို
အကို့ကဗျာကို ကျွန်တော့ချစ်သူဆီပို့လိုက်ချင်တယ်
ကျွန်တော်နဲ့သူနဲ့လဲ ဝေနေကြရတာမို့ပါ
ဆက်ကြိုးစားပါနော် အကို
အရမ်းကောင်းပါတယ်…….
မိုးစက်

commentinfo By: moesathcwe.ma at Oct 18, 2011
Comment #18

ချစ်တာ ပီပြင်တယ် မိုက်တယ်…

commentinfo By: လူဆိုးမလေး at Jan 4, 2012
Comment #19

ကိုလူဆိုးရေ ကဗျာက ပိုးစိုးပက်စက်မိုက်တယ်နော်။အရမ်းကြိုက်တယ် ။အားပေးနေယမ

commentinfo By: mon mon at Mar 30, 2012
Comment #20

အရမ်းကောင်းပါတယ်

commentinfo By: slim at Mar 29, 2013
Comment #21

အင်း
ဒီကဗျာလေးဖတ်ပီး ကိုယ့်ချစ်သူကိုပိုနားလည်သွားသလိုပဲ
စောင့်နေရတဲ့ အချိန်တိုင်းက အချစ်တွေဖြစ်နေလို့လေ..
လူဆိုးရဲ့ချစ်သူကံကောင်းပါတယ်..

commentinfo By: ဖူးမေ at Mar 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment