Professional Authors

လွမ်းတေးခြင်း

သရက်ရနံတွေရရင်

ဇော်ဂျီ မြစ်ဘေးက

သရက်ပင်အိုကို လွမ်းတယ်

သူငယ်ချင်းတို့ရေ

ပြန်တွေးစရာ ဇာတ်ဝင်ခန်းတွေမရှိခဲ့ရင်

ငါ့မျတ်ဝန်းတွေ

ရီဝေနေမှာမဟုတ်ဘူး

ငါအမြတ်တနိုး တန်ဖိုးထားတဲ့

ငါ့ရဲ့ အဖြူရောင် ဒိုင်ယာရီလည်း

အလွမ်းကာရန်တွေ (တေးသွားတွေ)

ပြည့်မောက်နေမှာ မဟုတ်ဘူး

တစ်ခါတလေမှာ

ငါ့ရဲ့

အတိတ် အနာဂတ် ပစ္စုပ္ပန် တွေကို

မျတ်ရည်တွေနဲ့ ထိုးကျွေးကြည့်မိတယ်

အရာမထင်ခဲ့ပါဘူး

ကြည့်မှန်တစ်ချက်လို

တုန့်ပြန်သက်ရောက်မှု့ တစ်ခုသာ

ငါ အခါခါ ပိုင်ဆိုင်ခဲ့ရတယ်

နောက်ဆုံးတော့

ဇော်ဂျီသားလေး ကျွန်တော် ဇော်ဂျီကိုလွမ်းတာ

မဆန်းပါဘူးနော် . . .။

Comment #1

သရက်ရနံတွေရရင်

ဇော်ဂျီ မြစ်ဘေးက

သရက်ပင်အိုကို လွမ်းတယ်

သူငယ်ချင်းတို့ရေ

ပြန်တွေးစရာ ဇာတ်ဝင်ခန်းတွေမရှိခဲ့ရင်

ငါ့မျတ်ဝန်းတွေ

ရီဝေနေမှာမဟုတ်ဘူး

ငါအမြတ်တနိုး တန်ဖိုးထားတဲ့

ငါ့ရဲ့ အဖြူရောင် ဒိုင်ယာရီလည်း

အလွမ်းကာရန်တွေ (တေးသွားတွေ)

ပြည့်မောက်နေမှာ မဟုတ်ဘူး

တစ်ခါတလေမှာ

ငါ့ရဲ့

အတိတ် အနာဂတ် ပစ္စုပ္ပန် တွေကို

မျတ်ရည်တွေနဲ့ ထိုးကျွေးကြည့်မိတယ်

အရာမထင်ခဲ့ပါဘူး

ကြည့်မှန်တစ်ချက်လို

တုန့်ပြန်သက်ရောက်မှု့ တစ်ခုသာ

ငါ အခါခါ ပိုင်ဆိုင်ခဲ့ရတယ်

နောက်ဆုံးတော့

ဇော်ဂျီသားလေး ကျွန်တော် ဇော်ဂျီကိုလွမ်းတာ

မဆန်းပါဘူးနော် . . .။

commentinfo By: အောင်ရဲသူ at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment