Professional Authors

မောင်တာကောရဲ့ကဗျာworkshopမှ ကြိုဆိုပါတယ်။

ကဗျာသူကဗျာသားအားလုံး မင်္ဂလာပါ မင်္ဂလာပါ။
ကျွန်တော့် ရဲ့ကဗျာဝပ်ရှော့မှ ခင်ဗျားတို့အတွက်_
သူသူငါငါ အားစိုက်ထုတ်မှုထဲမှ အသင့်နှိုက်ယူစားသုံးနိုင်သော
စကားလုံးများ/၀ါကျအပိုင်းအစများတပ်ဆင်ပေးခြင်း၊။
အာရုံခံစားမှုကဗျာအကြမ်းထည်များကို ခင်ဗျားစိတ်ကြိုက်
စာလုံးများရွေဘော်ထိုးပေးခြင်း။
ကဗျာအတွင်းသားမမြင်ရအောင် နိမိတ်စိမ်းများနှင့်
စတစ်ကာကပ်ပေးခြင်း။
ကာရန် မှန်/မမှန်၊ရစ်သမ် ကျိုး/မကျိုး၊
အဘိဓမ္မာ ပါ/မပါ စစ်ဆေးပေးခြင်းများ။
ဂန္တ၀င်မှ flarf အထိ လိုချင်သောပုံစံဖြင့်
ကဗျာများကို မူရင်းအရသာမပျက်စေပဲ ပြောင်းလဲပေးခြင်း။
ကဗျာမရေးခင် ခင်ဗျားခေါင်းထဲရှိ ဖတ်ဖူး၊ရေးဖူးသော
ကဗျာအဟောင်းအနွမ်းများကို ရှင်းထုတ်ပေးခြင်း။
ခင်ဗျားစိတ်အလျဉ်တိုင်း စကားလုံးများလိုက်ဖမ်းပေးခြင်း။
commentလက်ခုပ်သံများရှာပေးခြင်း။
အများအာရုံစိုက်ခံရအောင် ခေါင်းစဉ်တပ်ပေးခြင်း။
အမြင်မကြည်လင်သည့်အရာများကို
ထိထိမိမိ သရော်လိုခြင်း၊ ထေ့လိုခြင်းများအတွက်
(ဆဲဆိုခြင်းမပါပဲ)အမိုက်စားလှောင်လုံးများရှာပေးခြင်း။
ဘာသာစကားနှင့်မလုံလောက်သောသူများအတွက်
အခြားပစ္စည်းများ(ဥပမာ-ဖဲကြိုး၊နှင်းဆီပွင့်၊ဆေးပုံးများ..စသည်)နှင့်
ကဗျာကိုဖော်ဆောင်ပေးခြင်းများကို
စေတနာအရင်းခံနှင့် ဆောင်ရွက်ပေးနေပါကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်။
အထူးသဖြင့် ဒေါင်လိုက်ကဗျာများကို
စာသားအပိုထည့်ပေးခြင်းဖြင့် ခေတ်ပြိုင်ကဗျာအပြားကြီးများအသွင်
အလျင်အမြန်ပြောင်းလဲပေးနေပါကြောင်း၊
ခံစားမှုကဗျာဆရာများရော
(art is idea)ဟု လက်ခံထားသောကဗျာဆရာများပါ
လာရောက်လေ့လာနိုင်ပါကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။

In: ကဗျာ Posted By: Date: Jul 3, 2011
Comment #1

တကယ်မိုက်တယ်ဗျာ…..ထိမိတယ်…
အားပေးသွားတယ်…ဗျို့ ……။ 😀

commentinfo By: terry at Jul 3, 2011
Comment #2

လာလေ့လာသွားတယ်…ဦးလေးတာကော…. 😀

commentinfo By: အသဲကွဲမိုး at Jul 3, 2011
Comment #3

goodတယ်…ကိုတာကော
အားပေသွားတယ်

commentinfo By: poem.poem28 at Jul 3, 2011
Comment #4

ကောင်းတယ်လို့ပဲပြောတော့မယ်…။ ဘာမှတောင်မပြောတတ်တော့ဘူး….။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #5

ဟေ့လူ တာကော ခင်ဗျားကို လိုက်ရှာနေတာဗျ
ခင်ဗျားက ဒီရောက်နေတာကိုး……………။

commentinfo By: လူစိမ်း at Jan 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment