Professional Authors

စိတ္တဇ

မသိခဲ့ဘူး
ခေတ်အဆက်ဆက်အထိ တိုင်ခဲ့တယ်။
စိတ်ကဟိုယိုင်ဒီယိုင်
တည်ခိုင်ဖို့ကို လိုရာမရောက်ဘူး။
ပန်းလိုမတွေးချင်ပါဘူး
ကြယ်လိုပဲမွှေးချင်တယ်။
အောက်ကိုလဲတက်လို့မရ
အပေါ်ကိုလဲဆင်းလို့မရနဲ့
အမှောင်တွေပဲ “လင်း” ခဲ့ရတယ်
ငါ့သမိုင်းအကျဉ်းထဲ
ဓားချင်းချင်းနီခဲ့။
ကိုယ့်ခြေရာကို ပြန်မော့ကြည့်
ငရဲအထိလဲ နက်ခဲ့ဖူးတယ်။
ဒီလိုပဲ
ပြိုတစ်လှည့် လဲတစ်လှည့်ပေါ့
နာရီသံချောင်းခေါက်တာပဲ
ကိုယ်စိတ်ထဲမထားပါဘူး
အလွန်ဆုံး ဆယ့်နှစ်ချက်ပေါ့
ခပ်လျော့လျော့ ဖြေသိမ့်ရတယ်။
နေ၀င်ချိန်ပါပဲ
အိမ်ပြန်မှဖြစ်မယ်
လောကဓံက သူများတွေလို
(ငါ့အတွက်တော့)
ပိန်ပိန်ပါးပါးမဟုတ်ခဲ့ဘူး။
ထပ်ပြောလဲမထူးပါဘူး
တစ်ကိုယ်တည်း
လင်းညို့အက်ရှ
လင်း…ညို့…အက်…ရှ
ငါ့ဘ၀ကို လှချင်သေးတယ်…။

In: ကဗျာ Posted By: Date: Jul 3, 2011
Comment #1

ကောင်းပါတယ်..နောင်တ ကို မတွယ်တာ တာလည်း…တတ်သိနားလည်ဖို့ အထောက်အကူပြတာပေါ့ဟာ..

commentinfo By: A.သီဏာ[sugar] at Feb 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment