Professional Authors

ဖတ်ရင်းနဲ့ တောင်တွေးမြောက်တွေး တွေးမိလိမ့်မယ်

အသဲခွဲခံရတယ်ဆို၊ဟိုကောင်မလေးလည်း၊ပြိုလဲကြေကွဲ၊ငိုမျက်ရည်ဝဲ၊ဗြဲ..ဗြဲ။
တစ်ကယ်တည်းမှပဲ၊သူကြင်မှ ကိုယ်ကြင်၊နင် မငိုနဲ့။ဒီလိုဆိုရိုးရှိရဲ့၊၀မ်းဂိုးရင်၊
တူးကမ်းပြီး၊သရီးဝိတ်တဲ့…တိတ်…ပြီးရင်…အိပ်။ထိပ်ဆုံးမှာ ကဗျာဆရာယောင်ဆောင်နေတဲ့
ဟိတ်ကောင်တွေ..၊မင်းတို့မှာလည်းကွာ၊ကြောင်ချက်က လန်ထွက်၊မနူးမနပ်နဲ့ ကဗျာစပ်၊အဟက်..ဟက်။
အို..ဘာတဲ့၊ကျက်ရမှတ်ရ၊ဘာသာစကားအလှ၊က ခ ဂ ဃ င။အေး အေးပါဟ၊ငါလည်း မဝေးပါကွ၊
ရေးချင်သလိုသာ ရေးကြ ဟာဟ။ဟိုရှေ့က ၊ပေါင်မုန့်ကို၊ငပိသုတ်ပြီး၊မော်ဒန်လုပ်၊ရုပ်တည်နဲ့ မုန်တီသောက်နေတာ
ဘယ်သူလေးတုန်း။သင်းကလေးက၊ခန္ဓာလေးကြွ၊ရူပါလေးလည်းလှ ဆိုတော့ မင်းသမီးလုပ်လို့ ရရဲ့။
ဒီဘက်က ၊ကိုရွှီးချက်လားဗျ၊ ခင်ဗျားကတော့၊သင်လို့မရတဲ့ အနုပညာက ငယ်ငယ်၊သင်လို့ရတဲ့
အတတ်ပညာက ကြီးကြီးနဲ့ဆိုတော့၊ ဒီးဒီးရဲ့သီချင်းထဲက ကိုအာဖျံကွီးပေါ့ဗျာ ဟဲ ဟဲ။အဲ…ဟိုမှာ
မှောက်နေတာဘယ်သူလဲဟ..ဟားးးကဗျာထဲမှာဆို၊၀ုန်းခနဲ၊ဒိုင်းခနဲ၊စကားလုံးတွေနဲ့၊ဗုံးကြဲတတ်သူကြီး
ပါလား။ငြိမ်ချက်သားကောင်းလှချည်လားဗျ၊။ခင်ဗျားအင်ဂျင်လည်း၊မီးစာကုန်ပြီထင်ပါရဲ့။
မီးခိုးတွေပဲ၊အူတက်နေတာ၊ပတ်ဝန်းကျင်အတွက်၊မကောင်းဘူးနော့၊STOP။

In: ကဗျာ Posted By: Date: Jul 2, 2011
Comment #1

တစ်ကယ်တည်းမှပဲ၊သူကြင်မှ ကိုယ်ကြင်၊နင် မငိုနဲ့။ဒီလိုဆိုရိုးရှိရဲ့၊၀မ်းဂိုးရင်၊
တူးကမ်းပြီး၊သရီးဝိတ်တဲ့…တိတ်…ပြီးရင်…အိပ်။
ကိုတာကောကြီးရဲ့ စကားကို နားထောင်လိုက်ကြစို့နော် !!!!!!
😀

commentinfo By: ကေသရီ at Jul 2, 2011
Comment #2

😛 😀 🙂

commentinfo By: pannei at Jul 2, 2011
Comment #3

အဟဲ..ဘာမှန်းတော့သိပ်မသိဘူး..ဒါပေမယ.့်..ဦးလေး ရေးတာဆိုတော့…၀င်ဖတ်သွားတယ်ဗျ

commentinfo By: အသဲကွဲမိုး at Jul 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment