Professional Authors

အသံတိတ်ငိုကြွေးမှု

အသံတိတ်ငိုကြွေးမှု

လတစ်စင်းရဲ့ အလင်းနဲ့
ကျွန်တော်မှောင်မိုက်ခဲ့ပါတယ်
မြင့်မိုရ်ခုနှစ်တန်က
ယဉ်ယဉ်ကြွကြွစီးဆင်းလာတဲ့
ရေကြည်ပြာလေးတွေလိုလည်း
မတည်ငြိမ်ခဲ့ပါဘူး

ကျွန်တော်သူ့ကိုချစ်တယ်
တစ်သက်မှာအခါခါပွင့်ပေမယ့်
ပွင့်ဖူးသမျှထဲမှာတော့
သည်ပန်းကအလှဆုံးရယ်ပါ
မိုးဦးရဲ့ ဆွတ်ပျံ့ သင်းတဲ့
လေပြည်အောက်မှာ
အရပ်ရှည်မြက်ခင်းပြင်နဲ့
ကျွန်တော်တို့
လနတ်သမီးအကြောင်း
စကားတွေကောင်းခဲ့တယ်လေ။

ဟိုးအဝေးက…..
ကြယ်တွေရဲ့ ညည်းချင်းစူးရှဝေမှုအဆုံး
အရှုံးတစ်ခုကိုပိုင်ဆိုင်သူတစ်ယောက်ရဲ့ 
ကျေကျေနပ်နပ်အပြုံးတစ်ခုကို
နှလုံးသားထဲကနေ
မတိုမရှည်ကြားလိုက်ရတယ်။

ဖြစ်နိုင်မယ်ဆိုရင်
နေမင်းကိုအကူအညီတောင်းပါရစေ
တိမ်ညိုတွေနဲ့ ဆွေးနွေးမှုအပြီး
ကျွန်တော့်အနာဂတ်
ရှေ့တစ်သက်မှာဟန်ဆောင်အပြုံးတွေနဲ့
လင်းဖွာထစ်ချုန်းနိုင်ပါစေသား…….
မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: Jul 1, 2011
Comment #1

အရေးအသားကောင်းပါတယ်။။။။။။။။

commentinfo By: May Kha at Jul 1, 2011
Comment #2

ကျွန်တော်သူ့ကိုချစ်တယ်
တစ်သက်မှာအခါခါပွင့်ပေမယ့်
ပွင့်ဖူးသမျှထဲမှာတော့
သည်ပန်းကအလှဆုံးရယ်ပါ
….like this 😀

commentinfo By: အသဲကွဲမိုး at Jul 2, 2011
Comment #3

ဟိုးအဝေးက…..
ကြယ်တွေရဲ့ ညည်းချင်းစူးရှဝေမှုအဆုံး
အရှုံးတစ်ခုကိုပိုင်ဆိုင်သူတစ်ယောက်ရဲ့ 
ကျေကျေနပ်နပ်အပြုံးတစ်ခုကို
နှလုံးသားထဲကနေ
မတိုမရှည်ကြားလိုက်ရတယ်။
အားပေးသွားပါတယ်။မိုးသစ်လေပြည်

commentinfo By: poem.poem28 at Jul 2, 2011
Comment #4

အားပေးသူအားလုံးကိုကျေးဇူးတင်သွားပါတယ်ခင်ဗျား)

commentinfo By: မိုးသစ်လေပြေ at Jul 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment