Professional Authors

မျက်စောင်းတစ်စင်းအတွက် ကြေညာစာတမ်း

ရှင့်မျက်ဝန်းတွေအကြောင်း ကျွန်မသိတယ်
အမာဒီနီဂျက်လို အကြံနဲ့
ကင်ဂျုံအီလို ဒုံးကျည် စမ်းချင်နေတယ်
ကျွန်မေက ဒိုင်ယာနာမင်းသမီးမဟုတ်တော့
သက်တော်စောင့် ပေါလ်လည်း မရှိပါဘူး
ဟစ်တလာတောင် လူပေါင်းများစွာကို
အမုန်းပုံဆောင်ခဲနဲ့ ထုချေနိုင်သေးတာပဲ
ကျွန်မ ရှင့်တစ်ယောက်တည်းကိုတော့
ကောင်းကောင်း စုပ်ဖြဲပစ်လိုက်နိုင်တယ်
အာဖကန်မှာ အသေခံဗုံးခွဲတာကို လာမပြောနဲ့
ဂါဇာကိုသွားတဲ့ သင်္ဘောတွေ
ဘယ်လိုဖြစ်သွားတယ်ဆိုတာ သိတယ်မှတ်လား?
ရှင်သိထားဖို့က
နောက်တစ်ခါဆို မင်းသားကြီးအာနိုးတောင်
ရွေးကောက်ပွဲဝင်တော့မယ်တဲ့
အိုဘားမားတောင် မကြာလေးတင်ကမှ
နိုဘယ်ဆုရသွားပြီ
ကျွန်မလည်း မာနတံဆိပ်ကို
လည်ပင်းမှာခန့်ခန့်ကြီးဆွဲထားချင်သေးတယ်..။

သြော်… မေ့နေလို့ပြောရဦးမယ်
ရှင်လွှတ်လိုက်တဲ့ သူသျှိုတွေနဲ့လဲပေးဖို့
ကျွန်မ ညာဘက်လက်က
လက်ချောင်းလေး ငါးချောင်းပဲရှိတယ်..။

ရှင်နဲ့ကျွန်မက
မိုးကုတ်စက်ဝိုင်းအောင်မှာတောင် မဆုံနိုင်တဲ့ မျဉ်းပြိုငါနှစ်ောကာင်း
ရှင်က ရှပ်နီ
ကျွန်မက ရှပ်ဝါ
ရှင်က ရီပက်ပလီကင်
ကျွန်မက ဒီမိုကရက်တစ်
ရှင်က ဟီရိုရှီးမား
ကျွန်မက ပုလဲဆိပ်ကမ်း
ရှင်က မြောက်ကိုရီးယား
ကျွန်မက တောင်ကိုရီးယား
ရှင်က …..
ကျွန်မက …..
အခု ကျွန်မအမုန်းရဲ့ တမန်တော်
မျက်စောင်းနဲ့ပဲ ရှင့်ကို ပစ်ပေါက်ရသေးတယ်
နောက်ဆို ရှင့်ရဲ့အကြည့်တွေကို
မီးရှို့ပြီး မြေမြှုပ်ပစ်မယ်ဆိုတာ သိထားပါ….။   ။

In: ကဗျာ Posted By: Date: Jul 1, 2011
Comment #1

အမုန်းပုံဆောင်ခဲတွေပဲ…။ 🙂
အားပေးသွားတယ် ညီမ…။

Comment #2

ဟစ်တလာတောင် လူပေါင်းများစွာကို
အမုန်းပုံဆောင်ခဲနဲ့ ထုချေနိုင်သေးတာပဲ
ကျွန်မ ရှင့်တစ်ယောက်တည်းကိုတော့
……..
မိုက်တယ်ဗျာ…ခိုက်သွားတယ်….အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Jul 1, 2011
Comment #3

အိုး…..
အားပေးသွားပါတယ်။
ကြောက်တောင်ကြောက်လာပြီး

commentinfo By: poem.poem28 at Jul 1, 2011
Comment #4

Like 🙂

commentinfo By: မင်းသူစိုး at Jul 1, 2011
Comment #5

ကျေးဇူးတင်ပါတယ်…..။
အားပေးတဲ့သူတွေအားလုံး…..။

commentinfo By: အမြဲစိမ်း at Jul 1, 2011
Comment #6

မင်းသားအာနိုး
ေ၇ွးကောက်ပွဲဝင်တာနဲ့ ခုေ၇းတဲ့ကဗျာခေါင်းစဉ်ဘာတွေများပါဝင်ပတ်သက်နေလို့လဲမသိဘူး
မီ၇ှဲအိုဘာမား က တော်လို့ သူ့ကိုနိုဘယ်ဆုပေးမယ့်လူ၇ှိတာလေ…………
နောက်ပြီး……………
ကောင်းပါတယ်..သတင်းစုံတာပေါ့

commentinfo By: တစ်စုံတစ်၇ာ at Jul 1, 2011
Comment #7

ကောင်းပါတယ်ဗျာ

commentinfo By: HEROSMITH at Jul 1, 2011
Comment #8

အိုး….အိုး….အိုး…..
လန်းလှချည့်လား….။:D

commentinfo By: terry at Jul 1, 2011
Comment #9

အခု ကျွန်မအမုန်းရဲ့ တမန်တော်
မျက်စောင်းနဲ့ပဲ ရှင့်ကို ပစ်ပေါက်ရသေးတယ်
နောက်ဆို ရှင့်ရဲ့အကြည့်တွေကို
မီးရှို့ပြီး မြေမြှုပ်ပစ်မယ်ဆိုတာ သိထားပါ….။ ။
အမြဲစိမ်း……
ကျွန်တော်နဲ့တွေ့ရင်မျက်စိမှိတ်ထားဗျ..
ကြောက်တယ်….ဟီး…. 😛
အားပေးသွားပါတယ်…..

commentinfo By: khant naung at Jul 2, 2011
Comment #10

နောက်ဆိုသတင်းမကြည့်တော့ဘူး ဒါဘဲလာဖတ်တော့မယ် အမြဲစိမ်း ။

commentinfo By: Nay Chi at Jul 4, 2011
Comment #11

ရော် အမြဲစိမ်းရဲ့စာသားတွေကအရမ်းမိုက်တယ်
ရှင့်ရဲ့အကြည့်ကိုမီးရို့ပြီးမြေမြှုပ်ပြစ်မယ်တဲ့အဲဒီစာသားကိုကြိုက်တယ်
မင်းသားမင်းသမီးအစုံသိရတယ်ဘယ်သူကဘယ်လိုဆိုတာလဲသိရတယ်ကျေှးဇူး

commentinfo By: chilli at Aug 5, 2011
Comment #12

မိုက်တယ်

commentinfo By: Red Demon at Aug 5, 2011
Comment #13

oh…………..
oh,,,,,,,,,,,,
so so nice.

commentinfo By: eilay at Aug 5, 2011
Comment #14

စာဖတ်အားကောင်းတယ်နော်..အကြောင်းအရာတော်တော်များများထည့်ရေးသွားနိုင်တယ်..
တော်တယ်ဗျာ…ဆက်ကြိုးစားပါအုံး…အားပေးနေပါတယ်..။
တာရာကိုကို

commentinfo By: တာရာကိုကို at Oct 20, 2011
Comment #15

Really touching.
Get many knowledges
Really envious of u.
Thz for ur sharing

commentinfo By: ei lay at Oct 14, 2012
Comment #16

အား…..မိုက်တယ် မိုက်တယ် တကယ် မိုက်တယ်

commentinfo By: 13th at Nov 29, 2012
Comment #17

A yann kyike

commentinfo By: ei lay at Nov 29, 2012
Comment #18

so nice.

commentinfo By: Deborah at Mar 9, 2013
Comment #19

ကောင်းလှချည်လားဗျ

commentinfo By: အောင်မော်ဟိန်း at Apr 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment