Professional Authors

ရင်တွင်းစကား ချစ်သူကြားစေ…….

ချစ်စရာကောင်းသူလေးရေ…
ငါ့ရင်ခွင်မှာလေးနက်စွာခံစားနေရတယ်
မင်းမှမရရင် ငါ့ဘဝမသာယာနိုင်ပါ…..။

လှရက်နိုင်သူလေးရေ…
လူတကာအသည်း ညှို့ယူစွဲလို့ရပေမယ့်
ငါ့အသည်းကိုတော့ မပြုစားရဘူးနော်…….။

အသက်တမျှချစ်ရသူလေးရေ…
မင်းကငါ့ကိုမသိပေမယ့်
မင်းကိုချစ်တဲ့လူ ဒီလောကမှာ
ငါရှိနေတယ်ဆိုတာ မင်းသိအောင်ပြောမယ်နော်….။

စွဲမက်စရာကောင်းသူလေးရေ…
မင်းခေါင်းညှိတ်ဖို့မျှော်လင့်ရင်းနဲ့
ငါချစ်ခွင့်ပန်စကား ပြောကြားချင်တယ်ကွာ……။

နတ်မိမယ်လို လှသူလေးရေ…
မင်းနှုတ်ခမ်းထက်က
အချစ်ပန်းလို ပွင့်လန်းမယ့်
အနမ်းတစ်ပွင့်နဲ့ လက်ကမ်းကြိုနေပါလားကွယ်……..။

                                     ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 1, 2011
Comment #1

မင်းကိုချစ်တဲ့လူ ဒီလောကမှာ
ငါရှိနေတယ်ဆိုတာ မင်းသိအောင်ပြောမယ်နော်….။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 1, 2011
Comment #2

ခံစားချက်တွေကောင်းပါတယ်…။ ပြောင်မြောင်အောင်ဖော်ကျဲးထားတာပဲ ……။ အားပေးနေတယ်…။ 🙂

commentinfo By: အမြဲစိမ်း at Jul 1, 2011
Comment #3

🙂 ကျေးဇူးတင်ပါတယ် ညီလေး poem.poem28 . 🙂

Comment #4

ညီမလေးအမြဲစိမ်း ကျေးဇူးတင်ပါတယ်…။ 🙂

Comment #5

ကြားနိုင်ပါစေဗျာ……။

commentinfo By: မင်းသူစိုး at Jul 1, 2011
Comment #6

ကျေးဇူးပါဗျာ……။ 🙂

Comment #7

မောင်လေး အစ်မ ဖတ်သွားတရ်နော့.. ကောင်းတဲ့ကဗျာလေးပါ..
အသက်တမျှချစ်ရသူလေးရေ…
မင်းကငါ့ကိုမသိပေမယ့်
မင်းကိုချစ်တဲ့လူ ဒီလောကမှာ
ငါရှိနေတယ်ဆိုတာ မင်းသိအောင်ပြောမယ်နော်….။ အကြိုက်ဆုံးစာသားလေးပါ.. ဆက်အားပေးနေတရ်..
comz ရေးတဲ့ “တစ်စုံတစ်ရာ” .. သိစေချင်တရ်..
မမက ဇော်သက်ဦးကဗျာဖတ်ပရိတ်သတ်ပါ.. ကဗျာဖတ်နေတဲ့သူက မင်းရဲ့ comz ဖတ်လိုက်ရတော့ တခြားသူအတွက်.. စိတ်အနှောက်အယှက်ဖြစ်သွားစေတရ်.. သူရေးတဲ့ကဗျာကိုဖတ်တဲ့ပရိတ်သတ်အပေါ်
သူ comz replies များတာက သူ့ရဲ့ကျေးဇူးတင်ချင်တဲ့စိတ်များလို့ဖြစ်တာလို့ နားလည်ပေးစေချင်တရ်..
comz ဆိုတဲ့အဓိပ္ပါယ်က ဘလော့ခ်ရေးတဲ့သူရဲ့ ခံစားချက်ကို ဖတ်ပြီး ဝေဖန်ရတာပါ… ကောင်းသည်ဖြစ်စေ.. ဆိုးသည်ဖြစ်စေ.. ဘလော့ခ်ပေါ်မှာပဲ ဝေဖန်သင့်တရ်လို့ထင်တရ်… ကိုယ်ရေးကိုယ်တာခံစားချက်ဖြစ်စေ ရှိခဲ့ရင် ဇော်သက်ဦး A/C profile မှာရှိတရ်… gtalk ထဲမှာအက်ပြီးပြောလိုက်ပါ.. ကဗျာထဲမှာတော့ မရေးသင့်ဘူးထင်တရ်လို့ အကြံဥာဏ်ပေးချင်တရ်..

commentinfo By: sandi at Jul 1, 2011
Comment #8

ဘယ်လိုပဲစိတ်နဲ့ရေးတဲ့ကွန်မန့်ဖြစ်ပါစေ …
ကာယကံရှင်ခွင်ပြုချက်မရှိပဲနဲ့ ဖျက်လိုက်တာတော့ ကဗျာရေးတဲ့လူတစ်ယောက်ရဲ့စရိုက်နဲ့တခြားစီလိုပဲ
ကဗျာပဲရေးရေး… စာပဲရေးရေး ဝေဖန်တာကိုခံနိုင်ရည်ရှိရမှာပေါ့
သူ့ထက်မကတော်တဲ့သူတွေတောင် ဝေဖန်တာကိုတကူးတကကြိုဆိုနေသေးတာ..
မဟုတ်ရင်မဟုတ်တဲ့အကြောင်းပြန်ပြောရုံပါပဲ…
ဖျက်ဖြစ်ဖို့လောက်ထိတော့မလိုဘူးထင်တယ်နော်….

commentinfo By: angel at Jul 1, 2011
Comment #9

အစ်မပြောနေလည်းဘာမှမထူးပါဘူး..။
poemscorner အက်မင်းကိုကျေးဇူးတင်ပါတယ် …။
ညစ်ပတ် တဲ့စာလုံးတွေဖျက်ပေးလို့ပါ..။

Comment #10

သြော်…ကိုဇော်သက်ဦး၇ယ်…ခင်ဗျားက အနုပညာသမားမပီသဘူးဗျ..အနုပညာသမားတွေက အဲဒီလိုမပြောဘူး….ထားပါ…ခင်ဗားနေချင်တဲ့ နေ၇ာ တစ်နေ၇ာ၇နေပြီပဲ…ကျွန်တော့်ဘက်ကနေတဲ့လူတွေ တော်တော်များနေပြီဗျ….အမှန်တ၇ားက ပေါ်လာမှာပေါ့ဗျာ..မကြောက်ပါနဲ့….ပြီးတော့ ကျွန်တော်က ကဗျာဖတ်တဲ့သူတွေ သိစေချငိတာလေ…အကောင့်အပ်ပြီးဘာလုပ်၇မှာလဲ….နောက်ပြီး ကျွန်တော်တစ်ယောက်တည်းလုပ်တယ်ဆိုတာသိစေချင်တယ်..ကျန်တဲ့လူတွေကို မ၇မ်းစေချင်ဘူး..
ကျွန်တော်က မိန်းကလေးနော်… ခင်ဗျားကို အသိပေးတာ

commentinfo By: အလင်းေ၇ာင် at Jul 2, 2011
Comment #11

သည်ကဗျာကိုကျွန်တော်ကြည့်ရင်
အခုသည်ကဗျာကအရမ်းကြီးကောင်းတဲ့ကဗျာလည်းမဟုတ်ပါဘူး
စကားလုံးတွေသိပ်မပီပြင်သေးဘူး (ကဗျာကို အမြင်အတိုင်းသာဝေဖန်ခြင်းဖြစ်သည် ပုဂ္ဂလိက ခံစားချက်များမပါပါ)
အနုပညာသမားတိုင်း ကိုယ့်အပေါ်ဝေဖန်မှုကို အဆိုးမြင်သဘောနဲ့မဖတ်သင့်ပါဘူး…ကျွန်တော်လည်း အဝေဖန်ခံရဖူးတယ် အစ်မ “စန္ဒီ” အစ်မတို့က ကဗျာမဖတ်ခင် ကွန့်မန့်ကိုအရင်ဝင်ဖတ်သူတွေလား ဒါဆိုရင် အစ်မတို့က ကဗျာကိုအလေးမထားတာဘဲ တင်ထားတဲ့သူက ကဗျာကိုဖတ်စေချင်လို့တင်ထားတာပါ ဝေဖန်ချက်ကိုလက်မခံရင်တော့ အနုပညာသမားမဟုတ်ပါဘူး ကျွန်တော်အနုပညာသက်တမ်း တစ်နှစ်ကျော်ပဲရှိသေးတယ် အစ်ကိုတို့ရဲ့ အသက်နဲ့ ကျွန်တော့်အသက်နဲ့ယှဉ်ရင် အကွာကြီးကွာပါတယ် ကိုယ့်ထက်ငယ်တဲ့သူတောင် ဝေဖန်ချက်ကို လေးစားစွာလက်ခံသေးတာပဲ ကိုယ့်ထက်ငယ်တဲ့သူလောက်တောင်မရင့်ကျက်ရင်တော့……….

commentinfo By: မိုးသစ်လေပြေ at Jul 2, 2011
Comment #12

ကိုမိုးသစ်လေပြေ…
ကျွန်တော်က ခင်ဗျားထက်တောင်ပိုငယ်ပါသေးတယ်..၊အခုလိုပြန်ပြောနေရတာကလည်း Poemscorner ဆိုက်မှာ ညစ်ညမ်းမှုတွေမဖြစ်စေချင်လို့ပါ…။ကျွန်တော်က ဒီကိုရောက်တာ လပိုင်းလောက်ပဲရှိပါသေးတယ်ဗျာ..။
ကျွန်တော်က အရင်က အင်တာနက်ချစ်သူ ဆိုက်မှာ ကဗျာတွေရေးခဲ့ဖူးပါတယ်…။. အဲဒီဆိုက်ကြဲပသနာတစ်ခုကြောင့် ပျက်သွားခဲ့ပြီးကျွန်တော်ဒီကိုရောက်လာခဲ့တာပါ….။ဒီဆိုက်မှာကျွန်တော်ပြိုင်ချင်တဲ့သူဆိုတာမရှိပါဘူး…။ကျွန်တော် ကဗျာတိုင်းကို အားပေးနေတဲ အစ်မ စန္ဒီ ဆိုတာ အင်တာနက်ချစ်သူ ဆိုက်မှာကတည်းက ကျွန်တော့်ရဲ့ လက်ဦး ပရိသတ် တစ်ယောက်ပါ..။ သူက ကျွန်တော့်ကဗျာကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဝေဖန်ချက်ရေးပါတယ်…။ကိုမိုးသစ်လေပြေ ကို ကျွန်တော် တစ်ခုပြောရဦးမယ်…… ကျွန်တော်က အခုမှ ၁၈ နှစ်ပြည့်ပြီးတာပါ…။ဒီကဗျာဆိုက်က လူတွေအကုန်လုံးမှာ ကျွန်တော်ဟာ အသက်အငယ်ဆုံးတောင်ဖြစ်ရင်ဖြစ်နေပါလိမ့်မယ်….။ ကျွန်တော်ကို ဘယ်လိုပဲဝေဖန် ဝေဖန် ကျွန်တော်ခံနိုင်ရမှာ မှန်ပါတယ်…။ ကြိုက်သလိုဝေဖန်နိုင်ပါတယ်…။ နောက်ပြီး မသိသေးတဲ့ ကိစ္စတွေကြောင့် လည်းအမျိုးမျိုးပြောကြမှာပဲ…။ ဒါကိုလည်းကျေနပ်ပါတယ်….။ အမှန်တရားက ဒီအတိုင်းမနေပါဘူးဆိုတာကျွန်တော် နားလည်ပါတယ် ကိုမိုးသစ်လေပြေ…။ ကျွန်တော့်ကို အခုလိုဝေဖန်တာ ကျွန်တော် ကြည်ဲဖူစွာလက်ခံပါတယ်…။ နောက်လဲကျွန်တော်မှားတာတွေရှိရင် အစ်ကို အချိန်မရွး ဝေဖန်နိုင်ပါတယ်….။

Comment #13

ခင်ဗျားက 18လား လုပ်နေတာတွေက 21 22 လားတောင် အောက်မေ့၇တယ်…
ကျွန်တော်က ခင်ဗျားထက်တောင် ငယ်ပါသေးတယ်ဗျာ…ခုဆို၇င်…ခင်ဗျားအကြောင်း..ဆိုက်က လူတွေ အကုန်သိကုန်ပြီ ဗျ….ခင်ဗျားတက်လာ၇ဲသေးတယ်နော်။။။၇ှကိတတ်၇င် လဲသေဖို့တောင်ကောင်းတယ်….ကျွန်တော်ကတော့ ၇ှိနေဦးမှာပဲ…အ၇င်တုန်းကလဲ ၇ှိသလို ခုကော နောင်ကော ၇ှိနေဦးမှာပဲ…

commentinfo By: တစ်စုံတစ်၇ာ. at Jul 4, 2011
Comment #14

ရှကိတယ်ဆိုတာက မဟုတ်တာလုပ်တဲ့သူတွေမှရှက်ရမှာလေ…
ညီလေး တစ်စုံတစ်ရာ..မင်းကငါ့ထက်ငယ်တယ်ဆိုလို့နော်
နောက်ပြီးမင်းဘယ်သူဆိုတာငါသိတယ် ညီလေး…။
ဘယ်သူ့ကိုမှ မပြောပါဘူး…ငါပဲသိတာပါ..
ညီလေးက အမှန်တရားကိုတကယ် မြတ်နိုးသူမှန်ရင်ဖော်ထုတ်ပါ…။
အစ်ကို့ကို ဒုက္ခတွေလှလှကြီးပေးသွားတဲ့သူ ဘယ်သူလဲဆိုတာ..။
မင်းကတော်ပါတယ်ကွာ….. ၊ အထူးသဖြင့် အမြဲစိမ်းဆိုတဲ့ မိန်းမ ကို အစ်ကိုသိချင်တယ်….။ ညီလေးကိုပဲအားကိုးပါတယ်….။ အစ်ကိုက သီချင်းကိုကဗျာလုပ်ရေးတာမှန်တယ်ညီလေး…။ အစ်ကိုနဲ့ တိုက်ဆိုင်တာတွေပဲရေးပါတယ်…..။
သူများကဗျာတွေက ထပ်တူကျတဲ့ စာသားရှိရင်လဲ ကူးလေ့ရှိပါတယ်….။ညီလေးကို တစ်ခုပြောမယ်.. ညီလေးလို အရေးအသားကောင်းသူတစ်ယောက်နဲ့ အစ်ကိုရန်မဖြစ်ချင်ဘူး….။ညီလေးစွပ်စွဲချက် က တစ်ခုပဲမှန်တယ်…..။ နောက်တစ်ခုက တော့လွဲနေတာသေချာတယ်….။ ဒီလောက်ပါပဲ ညီလေး.. ။ ညီလေးကိုမယုံခိုင်းပါဘူး…။ ပြောပြထားရုံပါ…။ အစ်ကို့ကို ဒီလိုလုပ်တဲ့ သူ က တော့ ဒီအတိုင်းနေမှာမဟုတ်ပါဘူးညီလေး…။ ကြမ္မာရဟတ် တစ်ပတ်လည် ကိုလည်ပါလိမ့်မယ်….။နောက်ဆိုညီလေးရဲ့ ဆိုက်(admins)များနှင့်ကဗျာချစ်သူများအားအသိပေးခြင်း ဆိုတဲ့အထဲမှာ ကိုမိုးကြိုးရေးထားသလိုပဲ Gmail လေးတွေရေးကြတာပေါ့…။

Comment #15

အပြောကတော့အရမ်းကောင်းပါတယ် အလုပ်မဟုတ်တာခက်နေတယ်ဗျ မဟုတ်တာမလုပ်ဘူးဆိုတာဘယ်လိုအထာနဲ့သုံးလိုက်တာလဲ အကို့ကိုတစ်ခုလောက်မေးချင်လို့ပါ အကိုကကိုယ့်ကိုထားသွားတဲ့ကောင်မလေးတွေအကြောင်းပဲရေးတယ်နော် ယောက်ျားတစ်ယောက်ကအဲလောက်မချစ်တတ်ပါဘူး ဟုတ်တယ်မဟုတ်လား

commentinfo By: အသည်းခွဲတတ်သူ at Jul 4, 2011
Comment #16

ယောက်ျားတစ်ယောက်မှာ မာနဆိုတာတော့ရှိပါတယ် ညီလေး…။(မင်းကို ညီလေးလို့ပဲသတ်မှတ်လို့ပါ)
ရင်ထဲမှာချစ်နေပေမယ့်လည်း အပြင်မှာတော့ ခံနိုင်ရည်ရှိစွာပဲနေရတာပေါ့…
ညီလေးလည်း ချစ်ဖူးရင်သိမှာပါ..။ အချစ်ဆုံးသူတစ်ယောက်ဆိုတာတော့ တော်တော်များများမှာရှိတတ်ပါတယ် ညီလေး…။ အစ်ကိုက ခံစားရတာတွေကိုရေးတာပဲရှိတယ်…..။ ကဗျာဆရာတစ်ယောက်လဲမဟုတ်ဘူး…။
ညီလေးကို အစ်ကို သိပ်ချစ်သွားပြီ…။ အစ်ကိုက ခံစားချက်ကိုဦးစားပေးပြီး သီချင်းတွေကဗျာတွေနားမလည်ပဲရေးခဲ့တာ ကို ညီလေးထောက်ပြသွားနိုင်တယ်….။ ညီလေးက အသက်ငယ်ပေမယ့် တော်တော် ဖျက်လက်တဲ့ လူတော်တစ်ယောက်ပဲ…။

Comment #17

ကျွန်တော့စကားထဲမှာအကို့ကိုအမြင်မှန်ရစေတဲ့စကားပါသွားတာကို ကျွန်တော်တောင်အခုမှသိတယ်ဗျ ကျွန်တော်ကဘာရယ်တော့မဟုတ်ပြောလိုက်တာပါ

commentinfo By: အသည်းခွဲတတ်သူ at Jul 4, 2011
Comment #18

ကျေးဇူးပါ ညီလေးတို့ မင်းတို့က အစ်ကို့ထက်ငယ်တယ်သာဆိုတယ်.. အစ်ကိုထက် တော်တဲ့ လူတော်တွေပဲ…။
နောက်ဆို Copy မပါအောင် ။ သီချင်းတွေမပါအောင် သတိထားရတော့မယ်…။

Comment #19

ကိုဇော်သက်ဦးရဲ့ ကဗျာတွေဟာ ဝေဖန်ခံရမှု ထပ်တလဲလဲ နဲ့ ရေးထားရတဲ့ ကဗျာ ဖြစ်တဲ့ အတွက်
ကိုဇော်သက်ဦး ဆန္ဒတွေ ပြည့်ဝအောင် ကျွန်တော်ပါ ၀ိုင်းဆုတောင်းပေးပါတယ်ဗျာ……………။

commentinfo By: စောရယ် at Jul 4, 2011
Comment #20

ညီလေးစောရယ်ရေ….။
မင်းကိုဟိုနေ့က မှားပြောမိတာ အစ်ကိုတောင်းပန်တယ် ညီလေး…။

Comment #21

ရပါတယ်ဗျာ……ကိစ္စ မရှိပါဘူး။
“ သံသယ နဲ့ သံယောဇဉ် ကို ကင်းနိုင်တဲ့ ပုထုဇဉ် ရယ်လို့ မရှိသေးပါဘူးဗျာ။”

ကိုဇော်သက်ဦး ကိုလည်း နားလည်ပါတယ်။ကျွန်တော်က ၁၇ ပဲ ရှိသေးတယ်။(ကြော်ငြာ ၀င်တာ။)

commentinfo By: စောရယ် at Jul 4, 2011
Comment #22

မင်းက မျက်နှာပြောင်တတ်သားပဲ.. ညီလေး…။

Comment #23

ဝေဖန်ချက်တွေကိုလက်ခံတယ်ဆိုတဲ့အတွက်ကျွန်တော်ဝမ်းမြောက်ရပါတယ် အစ်ကိုကအခုမှ ၁၈နှစ်ပြည့်တယ် ကျွန်တော်က ၁၆နှစ်ပဲရှိသေးတယ်း) အနုပညာသမားတစ်ယောက်အတွက်ဝေဖန်မှုဆိုတာ အားပြုရတဲ့တောင်ဝှေးတစ်ခုနဲ့တူပါတယ် ဝေဖန်ချက်တွေကိုနားထောင်ပြီးမှ ကိုယ်လိုအပ်နေတာတွေကို သေချာပြုပြင်နိုင်တာပေါ့ဗျာ ဟုတ်တယ်မလား ကျွန်တော်က တစ်ဇွတ်ထိုးတော့နည်းနည်းဆန်တတ်တယ်ဗျ ပြောစရာရှိရင် ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့အကျင့်ရှိနေလို့ဗျ ဝေဖန်တာလွန်သွားရင်တော့ဆောရီးပါ ကျွန်တော့်ကဗျာတွေဆိုရင် လိုအပ်ချက်တွေအများကြီးရှိနေတာပဲ ဝေဖန်မှုတွေကိုအစဉ်တစိုက်နားထောင်ရင်းနဲ့ပဲ ပြုပြင်လာလိုက်တာ ကျွန်တော့်ကဗျာတချို့ ဆိုရင် တန်းဝင်လာပြီး) အစ်ကိုတို့ဆိုရင်လည်း တောက်မည့်မီးခဲတရဲရဲဆိုသလိုပဲပေါ့ တောက်ပနိုင်ဦးမယ့်သူတွေပါ အနာဂတ်မှာ သည့်ထက်ပိုတောက်ပနိုင်ပါစေ

commentinfo By: မိုးသစ်လေပြေ at Jul 4, 2011
Comment #24

ကျေးဇူးတင်ပါတယ် ညီလေးရေ…။
နောက်ဆို အစ်ကို မှာလိုအပ်နေတာတွေကို ဝေဖန်ပေးဖို့မျှော်လင့်ပါတယ်….

Comment #25

Comment များလို့ ထူးဆန်းနေတာ…။ စကားဝိုင်းထောင်ထားကြတာကိုးးးး.။။။။။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment