Professional Authors

တဒင်္ဂပျော်ရွှင်ဖို့အတွက်

ခံရတာတွေ များလာတော့
စိတ်နာမိတယ်…
ငါခံစားခဲ့ရတာတွေလည်း
ငါပဲ သိတယ်…။

ငါတောင့်တခဲ့တဲ့ အရာ
မင်းသာပေးခဲ့ရင်
ဒီလိုဝေးရတဲ့အခါ
ငါကျေနပ်မိမှာ အမှန်ပါ..။

နင်ချစ်ပါတယ်ဆိုတဲ့ စကား
ငါကြားချင်ခဲ့ပေမယ့်
နင်ထားခဲ့ရုံကလွဲလို့
ဘာမှ မရခဲ့ဘူး…။

ငါဝန်ခံပါတယ်
ငါတကယ်ချစ်ခဲ့တယ်ဆိုတာ
ဒါပေမယ့်လည်း
ငါအမြဲတမ်းတမိတယ်
နင်နဲ့ပက်သက်ခဲ့သမျှ
ငါအတွက် အမှတ်တရ
ရခဲ့သမျှဒဏ်ရာ
ကျေနပ်ခဲ့တယ်
မင်းအတွက်သာ
ငါရှုံးခဲ့သမျှတွေအတွက်
မင်းပြန်မပေးဆပ်ပါနဲ့…။
မင်းအတွက် နောက်ဆုံးအချိန်ထိ
ငါရှိနေမယ်…..။

အခုချိန်မှာတော့
နာကျင်စရာတွေများလွန်းလို့
ခံနိုင်ရည်မရှိတော့ဘူး…။

ဒါကြောင့်မို့လို့
တဒင်္ဂ စိတ်ချမ်းသာရအောင်
စိတ်ပုတီးနဲ့
ရိပ်ကြီးဝင်ပါတော့မယ်….။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 30, 2011
Comment #1

ဟိ ကဗျာက ဖတ်လို့ကောင်းနေတာ.. နောက်ဆုံးပိုဒ်မှာပိုကောင်းသွားတရ်..
အားပေးပါတရ်နော်.. ဘုန်းကြီးပါဝတ်လိုက်ပါလား.. အေးချမ်းအောင်လို့ပေါ့…ဟိ
အားပေးသွားတရ်နော်မောင်လေး… ကဗျာကောင်းလေးတစ်ခုပါ.. အရမ်းကောင်းတရ်..
ကြိုက်လည်းကြိုက်တရ်.. ကူးသွားပြီနော့

commentinfo By: sandi at Jun 30, 2011
Comment #2

Thanks 🙂 အစ်မ.။

Comment #3

စိတ်ထိန်းနော်… 😀
အားပေးပါတယ်..ဆက်ရေးပါ…

commentinfo By: May Kha at Jun 30, 2011
Comment #4

နင်ချစ်ပါတယ်ဆိုတဲ့ စကား
ငါကြားချင်ခဲ့ပေမယ့်
နင်ထားခဲ့ရုံကလွဲလို့
ဘာမှ မရခဲ့ဘူး…။
…ထိတယ်ဗျ…အားပေးသွားတယ်မောင်လေး

commentinfo By: အသဲကွဲမိုး at Jun 30, 2011
Comment #5

🙂 အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် မေခ….။ 🙂 ကြိုးစားပါဦးမည်…။

Comment #6

:p ကျေးဇူးအများကြီးတင်ပါတယ် မမ အသဲကွဲမိုး..။ 🙂

Comment #7

မလုပ်ပါနဲ့…။ စောပါသေးတယ်..။ အဲဒါက တတိယအရွယ်မှလုပ်ရမှာ.လေ…။

commentinfo By: Htet Eindra Khine at Jul 1, 2011
Comment #8

တစ်ခါတစ်လေ စိတ်ထဲဖြစ်ချင်မိတာပေါ့ Htet Eindra Khine..။စောတာကိုတော့ သိတာပေါ့ ကွာ…။
အားပေးတဲ့အတွက်ကျေးဇူးပါ…။ 🙂

Comment #9

ငါဝန်ခံပါတယ်
ငါတကယ်ချစ်ခဲ့တယ်ဆိုတာ
ဒါပေမယ့်လည်း
ငါအမြဲတမ်းတမိတယ်
နင်နဲ့ပက်သက်ခဲ့သမျှ
ငါအတွက် အမှတ်တရ
ရခဲ့သမျှဒဏ်ရာ
ကျေနပ်ခဲ့တယ်
မင်းအတွက်သာ
ငါရှုံးခဲ့သမျှတွေအတွက်
မင်းပြန်မပေးဆပ်ပါနဲ့…။
မင်းအတွက် နောက်ဆုံးအချိန်ထိ
ငါရှိနေမယ်…..။ 🙂
Like this Paragraph.. 🙂

commentinfo By: အမြဲစိမ်း at Jul 1, 2011
Comment #10

ကျေးဇူးပါ ညီမငယ်….။ 🙂

Comment #11

နင်ချစ်ပါတယ်ဆိုတဲ့ စကား
ငါကြားချင်ခဲ့ပေမယ့်
နင်ထားခဲ့ရုံကလွဲလို့
ဘာမှ မရခဲ့ဘူး…။
Like this.. 🙂
အားပေးနေတယ်ဗျာ….။

commentinfo By: မင်းသူစိုး at Jul 1, 2011
Comment #12

ကျေးဇူးပါ မင်းသူစိုး…။ 🙂

Comment #13

ဟားးးးးးးးကိုဇော်သက်ဦးဘယ်လို့ဖြစ်တာလဲဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 1, 2011
Comment #14

ကျေးဇူးပါညီလေး……။

Comment #15

အိုးးးးးးးးးးး..
ဖြစ်မှဖြစ်ရလေတယ်….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment