Professional Authors

ဘာတဲ့….ထာဝရသူငယ်ချင်း

ဘာတဲ့
ထာဝရသူငယ်ချင်း….
ငါ နားကြားများ လွဲမိသလား
ဒါမှမဟုတ်
ဒီလောကရဲ့ နေမင်း
နေရာများ ရွေ့သွားတာလား၊၊

နင် နောက်တာတော့
မဟုတ်လောက်ဘူး
ကျင်သွားတဲ့ ငါ့နှလုံးသားရဲ့
အချက်ပြမှုက
လမ်းဘေးမီးပွိုင့်ထက်တော့
သေချာမှု ရှိတယ်၊၊

ဒီတခါလည်း
လွဲပြန်ပြီလို့ ငါထပ်ပြောရင်
နင် ဟားပြန်အုံးမယ်၊၊

ဘာတဲ့….ထာဝရသူငယ်ချင်း
နင်ပြောထွက်လိုက်တာ အမှန်ပဲ
ဦးနှောက်ထဲက မီးနီတွေ
အတွဲလိုက် ငိုညည်းနေပြီ၊၊

ဒီမှာ….ခဏလောက်
အမှတ်မရှိတဲ့ ငမိုက်သားငါ
ထပ်ပြီးပြောမယ်
ရှုံးနိမ့်လို့ အဝေးပြေးတဲ့ထဲ
ငါမပါဘူး
အသည်းကွဲလို့
ရွှေရည်သောက်တဲ့ထဲ ငါမပါဘူး
အဲဒီ ငါက
နင့်ကို ဒီတသက်
လက်လွှတ်မယ့်သူလဲ မဟုတ်ဘူး၊၊

In: ကဗျာ Posted By: Date: Jun 30, 2011
Comment #1

မိုက်တယ်…
“အဲဒီ ငါက
နင့်ကို ဒီတသက်
လက်လွှတ်မယ့်သူလဲ မဟုတ်ဘူး၊၊”

commentinfo By: angel at Jun 30, 2011
Comment #2

နင် နောက်တာတော့
မဟုတ်လောက်ဘူး
ကျင်သွားတဲ့ ငါ့နှလုံးသားရဲ့
အချက်ပြမှုက
လမ်းဘေးမီးပွိုင့်ထက်တော့
သေချာမှု ရှိတယ်၊၊
ဟာ…နောက်ဆုံးစာသားကလည်းအမိုက်စားပဲ..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 30, 2011
Comment #3

ဒီမှာ….ခဏလောက်
အမှတ်မရှိတဲ့ ငမိုက်သားငါ
ထပ်ပြီးပြောမယ်
ရှုံးနိမ့်လို့ အဝေးပြေးတဲ့ထဲ
ငါမပါဘူး
အသည်းကွဲလို့
ရွှေရည်သောက်တဲ့ထဲ ငါမပါဘူး
အဲဒီ ငါက
နင့်ကို ဒီတသက်
လက်လွှတ်မယ့်သူလဲ မဟုတ်ဘူး၊၊

commentinfo By: May Kha at Jun 30, 2011
Comment #4

ကောင်းတယ်ကွာ..အားပေးနေတယ်….။

Comment #5

ဘယ်လို လက်မလွတ်ဘူး ဟုတ်လား။
သနားပါတယ် နင်လက်မလွတ်လည်း သူကတော့ နင့်ကို လက်တွဲမှာ မဟုတ်ဘူး။

commentinfo By: yuri at Jun 30, 2011
Comment #6

i like this simple poem so much.

commentinfo By: ei2lay at Jun 30, 2011
Comment #7

မောင်လေး…ကောင်းတယ်ဗျ..အားပေးလိုက်တယ်

commentinfo By: အသဲကွဲမိုး at Jun 30, 2011
Comment #8

အားပေးနေမယ်……။ ဗျိုးးးးး.။:) 🙁

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment