Professional Authors

အလင်းဖွဲ့ ငိုသံ ( လူမော်ငြိမ်း )

အကွပ် မရှိတဲ့ တောင်းမှာ လူကောင်းတွေ အသွင်ပြောင်း သွားကြ
ပလပ်စတစ် လောင်း ထားတဲ့ အပြာရောင် စက္ကူဟောင်း တစ်ရွက် ။

ကလေးတွေ ကို သတ် နေတာ သွေးလွန် တုပ်ကွေး မဟုတ်ရပါဘူး
ဇူလိုင် ၁၉ မှာ ရွာနေတာ မိုးတွေမှ ဟုတ်ပါလေစ လို့ ထင်မိတဲ့ သူ ။

တံငါ နားနီး သွားလို့ ဖြစ်တဲ့ တံငါ ၊ မုဆိုး နားနီးလို့ ဖြစ်သွားတဲ့ မုဆိုး
နွံထဲမှာ ပွင့်လန်းတယ် ဆိုတဲ့ အဖြူရောင် ကြာပန်းရဲ့ ဒဿန အနွမ်း ။

တချို့က လမ်းပေါ်မှာ ၊ တချို့က လယ်ထဲမှာ ၊ တချို့က ကမ်းနား မှာ
လောင်းရိပ် မိသွားတဲ့ အလင်းတွေ မျှော်လင့်ချက် ကင်းနေလိုက် ပုံများ ။

ကံ မပါတဲ့ ဥာဏ်ပွင့်မှု မှာ ပျက်သွားတဲ့ ဘဝ တွေက စိမ်းလန်း စိုပြေ
နေရာမှား လူမှား မှာ တစ်နေ့တခြား ရှားသွားတဲ့ ပိုးစုန်းကြူးလေး တွေ ။

လူမော်ငြိမ်း
Wednesday , June 29 , 2011

In: ကဗျာ Posted By: Date: Jun 29, 2011
Comment #1

အကွပ် မရှိတဲ့ တောင်းမှာ လူကောင်းတွေ အသွင်ပြောင်း သွားကြ
ပလပ်စတစ် လောင်း ထားတဲ့ အပြာရောင် စက္ကူဟောင်း တစ်ရွက် ။

ကလေးတွေ ကို သတ် နေတာ သွေးလွန် တုပ်ကွေး မဟုတ်ရပါဘူး
ဇူလိုင် ၁၉ မှာ ရွာနေတာ မိုးတွေမှ ဟုတ်ပါလေစ လို့ ထင်မိတဲ့ သူ ။

တံငါ နားနီး သွားလို့ ဖြစ်တဲ့ တံငါ ၊ မုဆိုး နားနီးလို့ ဖြစ်သွားတဲ့ မုဆိုး
နွံထဲမှာ ပွင့်လန်းတယ် ဆိုတဲ့ အဖြူရောင် ကြာပန်းရဲ့ ဒဿန အနွမ်း ။

တချို့က လမ်းပေါ်မှာ ၊ တချို့က လယ်ထဲမှာ ၊ တချို့က ကမ်းနား မှာ
လောင်းရိပ် မိသွားတဲ့ အလင်းတွေ မျှော်လင့်ချက် ကင်းနေလိုက် ပုံများ ။

ကံ မပါတဲ့ ဥာဏ်ပွင့်မှု မှာ ပျက်သွားတဲ့ ဘဝ တွေက စိမ်းလန်း စိုပြေ
နေရာမှား လူမှား မှာ တစ်နေ့တခြား ရှားသွားတဲ့ ပိုးစုန်းကြူးလေး တွေ ။

commentinfo By: မင်းသူစိုး at Jun 29, 2011
Comment #2

အားပေးနေတယ်ကို လူမော်ငြိမ်း…။

Comment #3

တချို့က လမ်းပေါ်မှာ ၊ တချို့က လယ်ထဲမှာ ၊ တချို့က ကမ်းနား မှာ
လောင်းရိပ် မိသွားတဲ့ အလင်းတွေ မျှော်လင့်ချက် ကင်းနေလိုက် ပုံများ ။

အားပေးသွားပါတယ် … လူမော်ငြိမ်း

commentinfo By: Nayihtet at Jun 29, 2011
Comment #4

အရမ်းကောင်းတဲ့ကဗျာတစ်ပုဒ်ပါ ကိုလူမော်…

commentinfo By: ငယ်လေး at Jun 29, 2011
Comment #5

Nah~ masterpiece ပဲအစ်ကို ဂုဏ်ယူပါတယ်

commentinfo By: မိုးသစ်လေပြေ at Jun 29, 2011
Comment #6

သိပ်ကောင်းတဲ့ ကဗျာလေးပါ

commentinfo By: အောင်မော်ဟိန်း at Mar 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment