Professional Authors

ဆရာမလေးရဲ့ကျောင်းသားဟောင်းတယောက်ပါ(လမင်းပိုင်)

အချစ်ရေးချစ်ရာမှာတော့
မိန်းမတွေဟာ ယောက်ကျားတွေထက်
နှာတဖျားအမြဲသာနေတယ်
ဟိုးကမ္ဘာဦးစကတည်းက
အချစ်ကို တီထွင်ခဲ့တာ မိန်းမတွေပဲပေါ့
ယောက်ကျားတွေကို
ချစ်တတ်အောင်သင်ပေးခဲ့တာလဲ
မိန်းမတွေဘဲလေ
အချစ်ပညာမှာတဖက်ကမ်းခက်အောင်တတ်တယ်လေ
ခုချိန်ထိဒီအတတ်ပညာတွေသင်ပေးနေတုန်းလေ
သူတို့ကဆရာမကြီးတွေလေ
မုန်းတတ်အောင်တော့မသင်ပေးဘူးလေ
ဆရာစားချန်ထားတယ်
တခါတရံ သူတို့ကိုယ်တိုင်သုံးတတ်တယ်
သူတို့ရဲ့ နှလုံးသားထဲမှာ ဗိုင်းရပ်တွေ
ဖြန့်ထားနိုင်တယ်လေ
သူတို့ရဲ့ နှလုံးသားထဲမှာ လက်နက်ပုန်းတွေ
တတ်ဆင်ထားနိုင်တယ်
အလွယ်တကူ တိုက်ခိုက်နိုင်တယ်
အလွယ်တကူ သိမ်းပိုက်နိုင်တယ်
တခါတရံ ရူးသွားနိုင်တယ်
တခါတရံ သေသွားနိုင်တယ်
ခောတ်အဆက်ဆက်က ဆရာမကြီးတွေပေါ့
ငါတို့ရဲ့လက်ဦးဆရာမ
အော်….ဆရာမလေးရယ်
အသည်းကွဲသူတယောက်မှာ
နောက်ထပ်သင်ခန်းစာတွေမရှိတော့ဘူးလား
ဆရာစားမချန်ပါနဲ့တော့
တကယ်ဆိုရင် ကျွန်တော်က
ဆရာမလေးရဲ့ကျောင်းသားဟောင်းတယောက်ပါလေ…….

In: ကဗျာ Posted By: Date: Jun 29, 2011
Comment #1

All Right… La Min Paing ..I like this..

Comment #2

ဟာ….goodတယ်ဗျာ…
ကိုလမင်းပိုင်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 29, 2011
Comment #3

ကျေးဇူးပါသယ်ရင်းတို့…..
ကြိုးစားသွားပါမယ်
မိန်းမတွေအကြောင်း
လေ့လာရအုံးမယ်လေ…….

commentinfo By: laminpaing at Jun 29, 2011
Comment #4

ဟုတ်တာပေါ့….။

Comment #5

ဘ၀တူတွေရှိရင်
လူစုထား
သူတို့ကို အပြက်တိုက်ကြမယ်လေ
ဟဲဟဲ….

commentinfo By: laminpaing at Jun 29, 2011
Comment #6

အားပေးနေတယ် လမင်းပိုင်….။

commentinfo By: မင်းသူစိုး at Jun 29, 2011
Comment #7

ကောင်းတယ်…လမင်းပိုင်.။

Comment #8

နှစ်များများကျ … သည်အတန်း … သည်ဆရာမနှင့်ပဲ နှစ်တိုင်း သင်ပါရစေသာဝ်….

commentinfo By: Nayihtet at Jun 29, 2011
Comment #9

အဲဒီဆုကိုလိုချင်နေတာ
ခုမှဘဲ ကိုနရီထက်ရှိကရတော့တယ်
ကျေးဇူးအထူးတင်ပါတယ်ဗျာ……..

commentinfo By: laminpaing at Jun 29, 2011
Comment #10

i like…

commentinfo By: Lin Latt at Jun 29, 2011
Comment #11

he,,he,,
lots of fun,
nice poem.

commentinfo By: ei lay at Nov 16, 2011
Comment #12

a hman ka dot yout kyar tway ka po p pyin nyar pya dar par,,
main ma tway ka a chit g de,,a swe a lan g de,,
yout kyar tway ka a chit tway ko ne ne si ne a myar g ko like chit tar lay,,
thu doe a chit khan ya hman ti tar taung yet sat kya tay de,lone wa r ma nar tat bu.

commentinfo By: ei lay at Dec 13, 2011
Comment #13

GOOD ရှယ်

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #14

လမင်းပိုင်ကိုသိတာမကြာသေးပါဘူးဒါပေမဲ့ကဗျာတွေကိုဖတ်ကြည့်တော့အရမ်းသဘော
ကျတယ်။

commentinfo By: Angella at Jun 1, 2013
Comment #15

ညီမမှာတော့ချစ်တတ်အောင်သင်ပေးခဲ့တဲ့ဆရာတစ်ယောက်ရှိခဲ့ဖူးတယ်

commentinfo By: Angella at Jun 1, 2013
Comment #16

Good Good Good 🙂

commentinfo By: loafer at Jul 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment