Professional Authors

ခင်ဗျား ဆယ်ခါပြော ဆယ်ခါ ထိုင်ရီနေမှာ

အနာဂတ်ဆိုတာ အနဂ္ဂလား ခေါင်းစားနေရန်မလိုပါ
ရင်တုန်သမျှ ရုံတင်ပြလိုက်ပါတယ်
အမြင်မတော်ရင် ခင်ဗျားသဘော ပြောလေ ပြောပါ
ခင်ဗျား ဆယ်ခါပြော ဆယ်ခါ ထိုင်ရီနေမှာ
ကဗျာတွေတိုသွားပြီ ကဗျာတွေရှည်လာပါပြီ
အားနားပါတယ်ဗျာ ခင်ဗျားနဲ့အပေါင်းအသင်းမလုပ်ချင်တာ တစ်ကယ်ပါ
(အဲဒီအစား ကျွန်တော့်ခွေးကြီးရဲ့ သားရေလည်ပတ်မှာ
 ခင်ဗျားအမည်နာမတပ်ထားခြင်းဖြင့် ဂုဏ်ပြုပေးလိုက်ပါ့မယ်)
ဒါ ဘယ်ကောင်းမလဲ
ကျွန်တော်ခေါ်တာ ခင်ဗျား ကြားမှမကြားနိုင်တာ
ကိုင်းပင်ကြီးရေ..ကျွန်းပင်ကြီးကိုမှီထားပါဟ
ကျွန်းပင်ကြီးကလည်း ကိုင်းပင်ကြီးကိုမှီထားလိုက်
သွား..ရှေ့ဆက်သွား
မနူးမနပ်တွေကြား လူတတ်ကြီးလုပ်မနေကြနဲ့
အပေါစားတွေနဲ့ တစ်ဘ၀စာအချိန်တွေကုန်သွားမှဖြင့်
တစ်ကပြန်စဖို့မလွယ် ဆိုတာ
ပြောပြနေဖို့လိုသေးလား၊မလိုဘူးလား။

In: ကဗျာ Posted By: Date: Jun 25, 2011
Comment #1

အနာဂတ်ဆိုတာ အနဂ္ဂလား ခေါင်းစားနေရန်မလိုပါ
ရင်တုန်သမျှ ရုံတင်ပြလိုက်ပါတယ်

ကြိုက်တယ်ဗျာ

commentinfo By: jini at Jun 25, 2011
Comment #2

ကိုင်းပင်ကြီးရေ..ကျွန်းပင်ကြီးကိုမှီထားပါဟ
ကျွန်းပင်ကြီးကလည်း ကိုင်းပင်ကြီးကိုမှီထားလိုက်
သွား..ရှေ့ဆက်သွား
မနူးမနပ်တွေကြား လူတတ်ကြီးလုပ်မနေကြနဲ့
right rules

commentinfo By: မင်းမာန် at Jun 25, 2011
Comment #3

မော်ဒန်ရသရလိုက်တယ် ကြိုက်တယ်း)

commentinfo By: မိုးသစ်လေပြေ at Jun 25, 2011
Comment #4

အပေါစားတွေနဲ့ တစ်ဘ၀စာအချိန်တွေကုန်သွားမှဖြင့်
တစ်ကပြန်စဖို့မလွယ် ဆိုတာ
ပြောပြနေဖို့လိုသေးလား၊မလိုဘူးလား။
ကောင်းတယ်ဗျာ..။

commentinfo By: poem.poem28 at Jun 26, 2011
Comment #5

ခင်ဗျား ဆယ်ခါပြော ဆယ်ခါထိုင်ရယ်နေမှာ…။

commentinfo By: မြေနံ့ at Jun 26, 2011
Comment #6

အားပေးလိုက်ပါတယ်…။

Comment #7

လူတော်ပဲဗျာ့…အားပေးသွားတယ်..သူငယ်ချင်း

commentinfo By: အသဲကွဲမိုး at Jun 26, 2011
Comment #8

ခစ်ခစ်။

commentinfo By: ကိလေသာ at Jun 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment