Professional Authors

အဖြူရောင်မရဏဇော(၂)

စိတ်စေရာသာ ကိုယ်ပါစေတော့
တကယ်ဆိုငါက
ဘာမှမဟုတ်….
ဘာမှလဲမဟုတ်ခဲ့ပါဘူး။
အဖြူရောင်ပေါ်က
အစွန်းအကွက်တွေလို
ကိုယ့်ကိုယ်ကို ချယ်မှုန်း…
ဒီလိုနဲ့ပဲ ပြီးဆုံးရမှာပါ…။
ဘ၀က တစ်ဆစ်မချိုးပေမယ့်
အိပ်မက်ဆိုးဆန်တယ်။
ထွက်သက်ကိုပြန်ရှိုက်ရင်း
မနှစ်ချိုက်ရင်လည်း ငါယစ်မူးတယ်…။
တစ်ကွေ့ပြီးတစ်ကွေ့
တွေ့နေတာတောင်
စူးစူးငွေ့ငွေ့ မှောင်တုန်း။
လမ်းဟောင်း
ဒါပေမယ့် မကောင်းခဲ့ဘူး။
လမ်းအို
ဒါပေမယ့်
(ငါ) မငိုခဲ့ဘူး…။
မာရ်နတ်နဲ့ ပုခုံးဖက်ရင်း
အဆုံးတစ်ဖက်မှာ
ကံကြမ္မာကို ညွှတ်နူးခြွေချ…
လှလှပပ
(ဘ၀ကို) ငါ “က” ပြတယ်။
ဘီလူးကမို့ နည်းနည်းတော့
အရိုင်းဆန်ချင်ဆန်နေလိမ့်မယ်ကွယ်။

In: ကဗျာ Posted By: Date: Jun 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment