Professional Authors

အစိမ်းရောင်

နှုတ်ဆက်ပါတယ်…
တစ်မြေတစ်လွှား
အခုတော့ ဝေးသွားကြဦးပေါ့။
အိပ်မက်ကမ်းက ဆောင်းခိုငှက်တွေလို
လင်းဆတ်ဆတ်မနက်မှာ
နှင်းစက်တို့ခြံရံ
ငါပြန်လာခဲ့ဦးမယ်…။
နှုတ်ဆက်ပါတယ်…
နှလုံးသားတို့
ကိုယ့်ဦးတည်ရာစီးကြပေမယ့်
ငါတို့နီးခဲ့တယ်..။
အရောင်တွေမပြယ်ခင်
ရင်ခွင်တလွှားမှာ
တေးသွားခက်ထန်
လေဆန် ပျံရဦးမယ်။
နှုတ်ဆက်ပါတယ်…
မမေ့နိုင်သေးလို့
ငါတွေ့နေဦးမယ်။
မသိနိုင်တော့ပေမယ့်
ငါရှိနေသေးတယ်…။
နှုတ်ဆက်ပါတယ်…
တစ်နေ့… ပြန်တွေ့ကြတဲ့ရင်
ဟိုး….အရှေ့ဘက်ကမ်းမှာ
လာကြည့်စမ်းလှည့်
မိုးခါးတို့လို
ကိုယ် “ချို” နေလိုက်ပုံများ…။

In: ကဗျာ Posted By: Date: Jun 24, 2011
Comment #1

မိုးခါးတို့လို
ကိုယ် “ချို” နေလိုက်ပုံများ…။

Leave Comments

Name*

Email*
Website
Email me whenever there is new comment