Professional Authors

အချစ်ကြီးခဲ့သူ (သို့) ဒဿလိုလူ

မုန်းနေမှန်းသိလျက်နဲ့
သိပ်ချစ်နေတယ်၊
မောင်းထုတ်လည်း မသွားနိုင်ဘူး..
နှင်လွှတ်လည်း မပြန်နိုင်ဘူး..
သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။ 

မင်းမတွေချင်မှန်းတော့ သိတယ်
ငါကမတွေ့ရ မနေနိုင် ဆိုတော့
စိတ်ဆိုးလည်း မတတ်နိုင်ဘူး
မင်းရှေ့ကို အမြဲရောက်မိတယ်..။

မရနိုင်မှန်းသိလည်း
ကြိုးစားနေ မိတယ်
မင်းချစ်မှ မဟုတ်ဘူး..
ငါ့ဘက်က ချစ်နေလဲ အချစ်ပဲလေ….။

ဒီစကားကို
မကြားချင်မှန်း သိတယ်
ဒါပေမယ့် မင်းလက်မခံလည်း
ငါ့ဘက်က အကြိမ်ကြိမ်ပြောပိုင်ခွင့်ရှိတယ်..။

ဒီလိုတွေ လုပ်နေရတာ
မင်းကိုချစ်လို့ပါ…။
တစ်ခါမက ပြောခဲ့လည်း
မင်းသိပ်ရက်စက်တယ်..။
ငါကြိုးစားနေတာအားလုံး
အဆုံးအထိ မင်းအတွက်ပဲ….။

အခုတော့ငါ့အဖြစ်က
မယ်သီတာကို လိုချင်ပေမယ့်
ရာမကိုမယှဉ်နိုင်တဲ့ ဒဿလို
မင်းကိုလိုချင်ပေမယ့်
မင်းရဲ့အမုန်းနဲ့မာနကိုပင်
မယှဉ်နိုင်လေတော့
နောက်ကွယ်မှာအောင်း
အလစ်ချောင်းပြီး
ရမယ်ထင် ဝင်ကြံတဲ့
ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……….။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 24, 2011
Comment #1

သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 24, 2011
Comment #2

ကျေးဇူး ညီလေးရေ….။

Comment #3

တော်တော်ဇွဲကောင်းတဲ့သူပဲ.။
အားပေးသွားပါတယ်…။

commentinfo By: Zar Zar at Jun 24, 2011
Comment #4

အခုတော့ငါ့အဖြစ်က
မယ်သီတာကို လိုချင်ပေမယ့်
ရာမကိုမယှဉ်နိုင်တဲ့ ဒဿလို
မင်းကိုလိုချင်ပေမယ့်
မင်းရဲ့အမုန်းနဲ့မာနကိုပင်
မယှဉ်နိုင်လေတော့
နောက်ကွယ်မှာအောင်း
အလစ်ချောင်းပြီး
ရမယ်ထင် ဝင်ကြံတဲ့
ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……….။
အဖြစ်တူတယ်….။

commentinfo By: ရဲကိုကို at Jun 24, 2011
Comment #5

နောက်ကွယ်မှာအောင်း
အလစ်ချောင်းပြီး
ရမယ်ထင် ဝင်ကြံတဲ့
ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……….။

commentinfo By: အောင်ရဲသူ at Jun 24, 2011
Comment #6

မုန်းနေမှန်းသိလျက်နဲ့
သိပ်ချစ်နေတယ်၊
မောင်းထုတ်လည်း မသွားနိုင်ဘူး..
နှင်လွှတ်လည်း မပြန်နိုင်ဘူး..
သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။

commentinfo By: အသဲကွဲမိုး at Jun 24, 2011
Comment #7

မုန်းနေမှန်းသိလျက်နဲ့
သိပ်ချစ်နေတယ်၊
မောင်းထုတ်လည်း မသွားနိုင်ဘူး..
နှင်လွှတ်လည်း မပြန်နိုင်ဘူး..
သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။
အချစ်ကြီးသူပီသပါပေတယ်….။

commentinfo By: မိုးမိုး at Jun 24, 2011
Comment #8

မင်းမတွေချင်မှန်းတော့ သိတယ်
ငါကမတွေ့ရ မနေနိုင် ဆိုတော့
စိတ်ဆိုးလည်း မတတ်နိုင်ဘူး
မင်းရှေ့ကို အမြဲရောက်မိတယ်..။

commentinfo By: ကေသရီ at Jun 24, 2011
Comment #9

မုန်းနေမှန်းသိလျက်နဲ့
သိပ်ချစ်နေတယ်၊
မောင်းထုတ်လည်း မသွားနိုင်ဘူး..
နှင်လွှတ်လည်း မပြန်နိုင်ဘူး..
သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။

မင်းမတွေချင်မှန်းတော့ သိတယ်
ငါကမတွေ့ရ မနေနိုင် ဆိုတော့
စိတ်ဆိုးလည်း မတတ်နိုင်ဘူး
မင်းရှေ့ကို အမြဲရောက်မိတယ်..။

မရနိုင်မှန်းသိလည်း
ကြိုးစားနေ မိတယ်
မင်းချစ်မှ မဟုတ်ဘူး..
ငါ့ဘက်က ချစ်နေလဲ အချစ်ပဲလေ….။

ဒီစကားကို
မကြားချင်မှန်း သိတယ်
ဒါပေမယ့် မင်းလက်မခံလည်း
ငါ့ဘက်က အကြိမ်ကြိမ်ပြောပိုင်ခွင့်ရှိတယ်..။

ဒီလိုတွေ လုပ်နေရတာ
မင်းကိုချစ်လို့ပါ…။
တစ်ခါမက ပြောခဲ့လည်း
မင်းသိပ်ရက်စက်တယ်..။
ငါကြိုးစားနေတာအားလုံး
အဆုံးအထိ မင်းအတွက်ပဲ….။

အခုတော့ငါ့အဖြစ်က
မယ်သီတာကို လိုချင်ပေမယ့်
ရာမကိုမယှဉ်နိုင်တဲ့ ဒဿလို
မင်းကိုလိုချင်ပေမယ့်
မင်းရဲ့အမုန်းနဲ့မာနကိုပင်
မယှဉ်နိုင်လေတော့
နောက်ကွယ်မှာအောင်း
အလစ်ချောင်းပြီး
ရမယ်ထင် ဝင်ကြံတဲ့
ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……….။
ကောင်းလွန်းလို့အားပေးနေမယ်….။

commentinfo By: အမြဲစိမ်း at Jun 24, 2011
Comment #10

ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……
အားပေးသွားပါတယ်

commentinfo By: Nyo Linn Thit at Jun 24, 2011
Comment #11

အားပေးတဲ့ဇာဇာ ကျေးဇူး..

Comment #12

ရဲကိုကိုကျေးဇူး..။

Comment #13

အောင်ရဲသူကျေးဇူး…..။

Comment #14

မမ အသဲကွဲမိုး လည်းကျေးဇူး….။

Comment #15

ကေသရီ ကို လည်းအထူးကျေးဇူး…။

Comment #16

ညီမလေး အမြဲစိမ်းကိုလည်းကျေးဇူး…..။

Comment #17

မိုးမိုးကိုလည်းကျေးဇူး…..။

Comment #18

ကိုညိုလင်းသစ် ကိုလည်း ကျေးဇူး…..။

Comment #19

မုန်းနေမှန်းသိလျက်နဲ့
သိပ်ချစ်နေတယ်၊
မောင်းထုတ်လည်း မသွားနိုင်ဘူး..
နှင်လွှတ်လည်း မပြန်နိုင်ဘူး..
သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။

အားပေးလိုက်တယ်ကွာ….။

commentinfo By: မင်းသူစိုး at Jun 24, 2011
Comment #20

ဒီစကားကို
မကြားချင်မှန်း သိတယ်
ဒါပေမယ့် မင်းလက်မခံလည်း
ငါ့ဘက်က အကြိမ်ကြိမ်ပြောပိုင်ခွင့်ရှိတယ်..။
မိုက်တယ်…။
အားပေးသွားတယ်….။

commentinfo By: ညီဇော် at Jun 24, 2011
Comment #21

မင်းသူစိုးကိုလည်းကျေးဇူး…။

Comment #22

ညီဇော်ကိုလည်းကျေးဇူးပါ…။

Comment #23

မရနိုင်မှန်းသိလည်း
ကြိုးစားနေ မိတယ်
မင်းချစ်မှ မဟုတ်ဘူး..
ငါ့ဘက်က ချစ်နေလဲ အချစ်ပဲလေ….။
ခံစားပေးလိုက်ပါတယ်…။

commentinfo By: ပန်းချစ်သူ at Jun 27, 2011
Comment #24

အားပေးတဲ့ သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်…။
ပန်ူချစ်သူ ကိုလည်း ကျေးဇူးအထူးတင်ပါတယ်…။
ကြိုးစားပါဦးမည်….။

Comment #25

ဘာပဲပြောပြော အချစ်နဲ့ပတ်သက်လာရင် အစွဲအလန်းကြီးသူတယောက်အဖြစ်ကျနော်သုံးသပ်မိပါတယ်
ဘာလို့လဲဆိုတော့ကျနော်နဲ့လဲ ခံစားချက်ခြင်း ထပ်တူကျလို့ပါ ကောင်းပါတယ်အကို အရေးအသားကော
သုံးနှုန်းထားပုံပါကြိုက်တယ် ….. ဘာပဲပြောပြောကိုယ့်ခံစားချက်ကိုပွင့်ပွင့်လင်းလင်းဖွင့်ဟဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာ အားပေးနေပါတယ်အကို
။။ အလုံး(ရန်ကင်း) ။။

commentinfo By: alone at Jun 27, 2011
Comment #26

ညီလေး ပြောတာတကယ် မှန်ပါတယ်..။ဒီကဗျာ က အစ်ကို့ ခံစားချက်အတွက် ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ..။
အခု ညီလေးရဲ့ ခံစားချက်နဲ့ ထပ်တူကျနေတယ်ဆိုလို့ အစ်ကို ကိုယ်ချင်းစာပါတယ်…။
အခုလိုအားပေးတဲ့ အတွက် ညီလေး အလုံး(ရန်ကင်း) ကို ကျေးဇူးအရမ်းတင်မိပါတယ်…။
နောက်လဲအားပေးနိုင်အောင် ကြိုးစားနေပါ့မယ်…ညီလေး အလုံး(ရန်ကင်း)…။
အားပေးတဲ့အတွက်ကော ခံစားပေးတဲ့အတွက်ပါ ကျေးဇူး ပါကွာ….။

Comment #27

ခံစားချက်ပြင်းပြင်းထန်ထန်လေးနဲ့ရေးထားတာပဲ…
မောင်လေး ဒီကဗျာလေးလည်း အမလည်းကြိုက်တရ်နော့… ထပ်ကူးသွားပြီ…

commentinfo By: sandi at Jun 27, 2011
Comment #28

ကျေးဇူး အစ်မ sandi ..။ကျွန်တော်ကို အမေးအမြန်းထူတဲ့ မမ ကို ကျေးဇူး အများကြီးတင်ပါတယ်….။

Comment #29

poemscorner အက်မင်း ကိုတောင်းဆိုချင်ပါတယ်…။ကျွန်တော်ဒီကဗျာဆိုက်အတွက်ညစ်ညမ်းတဲ့ကဗျာဆိုတာမရေးခဲပါဘူး…။ကျွန်တော်Comment မလိုရင် ကိုနရီထက် လိုပဲ ကျွန်တော့်Comments မှန်သမျှဖျက်ပစါနိုင်ပါတယ်…။ကျွန်တော်က အနုပညာ ကိုဖော်ပြတာ…။ Comments မျှော်တဲပသူမဟုတ်ပါဘူး….။
ခံနိုင်ရည်မရှိသူ…
ဇော်သက်ဦး(Ayatekalay)

Comment #30

really nice,
really nice,

commentinfo By: ei lay at Aug 19, 2011
Comment #31

ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……
မှန်တယ် …………..

commentinfo By: phyu thi htun at Aug 19, 2011
Comment #32

မောင်းထုတ်လည်း မသွားနိုင်ဘူး
နှင်လွှတ်လည်း မပြန်နိုင်ဘူး
သတ်လည်း အသေခံမယ် အဲ့လိုလားဗျ
အဲ့လောက်ထိတော့ စိတ်မကြီးသင့်ဘူး 🙂
ကဗျာလေး ကောင်းသဗျ
စကားလုံးခပ်စိတ်စိတ်နဲ့ အရေးအဖွဲ့ကတကယ်ကိုရသမြောက်တယ်
ခံစားအားပေးသွားပါတယ် ။

commentinfo By: X - ray at Feb 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment