Professional Authors

အိမ်အလှ (ဇော်ဂျီ)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း။

အိမ်ရှေ့ပန်းခင်း၊ ဇာပြတင်းနှင့်
အိမ်တွင်းကော်ဇော၊ ဆိုဖာချောနှင့်
အံ့ဩ ရင်မ၊ ဗန်းပြ လှလည်း
စိတ်က မောဟ၊ လက်က လောဘ
နှုတ်က မာန၊ ထားတတ်ကြမူ
အတ္တကိုယ်ကျိုး ထိုအိမ်မျိုး။

အိမ်နောက်စိုက်ခင်း ၊ စာမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင်၊ လေ နေ ဝင်နှင့်
အားအင်မျှတ၊ ဗန်းမလှလည်း
စိတ်ကမေတ္တာ၊ လက်မှာ စာဂ
နှုတ်က ဖြေင့်ရိုး၊ အနေရိုးမူ
သူ့ကျိုး ကိုယ့်ကျိုး ထိုအိမ်မျိုး ။ ။

ဇော်ဂျီ
ညီသစ်ဆင်းကဗျာစု
၁၉၆၅

In: ကဗျာ,ဇော်ဂျီ Posted By: Date: May 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment