Professional Authors

နှလုံးသားကပြောသော စကားများ

ချစ်သူရယ်
အပြစ်ယူတယ်ဆိုတာ မုန်းလို့ပါ
လျစ်လျူရှုခံရအရှုံးမို့
အမုန်းကိုပဲ ထွေးပိုက်ခဲ့တယ်…..။

မေတ္တာနယ်တောမှာ တမာမလိုဘူး..။
သစ္စာနဲ့ပြောတာ ညာတာမဟုတ်ဘူး..။
ချစ်ပါတယ်ပြောတာ ကမ္ဘာမပြိုဘူး..။
အဲဒီလိုပဲ ငါလဲ..
ချစ်တယ်လို့ပြောတာ  ပြန်ချစ်စရာမလိုဘူး….။

တွယ်တာခဲ့ပါတယ်
ကွယ်ရာကနေပဲ
ချစ်ဖို့ဆုံးဖြတ်ခဲ့တယ်
ရင်ခုန်သံတွေ ရပ်တဲ့အထိပေါ့…..။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 22, 2011
Comment #1

အားပေးပါတယ်…။ကိုဇောသက်ဦး…။

commentinfo By: ပွင့်ဖြူ at Jun 22, 2011
Comment #2

ချစ်ပါတယ်ပြောတာ ကမ္ဘာမပြိုဘူး..။
အဲဒီလိုပဲ ငါလဲ..
ချစ်တယ်လို့ပြောတာ ပြန်ချစ်စရာမလိုဘူး….။
… I like it …..

commentinfo By: virtualheart at Jun 22, 2011
Comment #3

တွယ်တာခဲ့ပါတယ်
ကွယ်ရာကနေပဲ
ချစ်ဖို့ဆုံးဖြတ်ခဲ့တယ်
ရင်ခုန်သံတွေ ရပ်တဲ့အထိပေါ့…..။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 22, 2011
Comment #4

ညီမငယ် ပွင့်ဖြူ ကိုကျေးဇူးပါ..။အစ်ကို့ကဗျာတိုင်းလိုလို အားပေးနေတဲ့အတွက်…။

Comment #5

ပုံရိပ်ယောင်Heart ရေ..နောက်လဲ ကြိုက်နှစ်သက်စေမယ့်စာသားတွေ တင်ဆက်ပေးနိုင်အောင်ကြိုးစားနေပါတယ်……။

Comment #6

ညီလေး poem.poem28 အထူးကျေးဇူးတင်တယ်….။

Comment #7

ချစ်သူရယ်
အပြစ်ယူတယ်ဆိုတာ မုန်းလို့ပါ
လျစ်လျူရှုခံရအရှုံးမို့
အမုန်းကိုပဲ ထွေးပိုက်ခဲ့တယ်…..။
ကောင်းတယ်..။

commentinfo By: amyalsane at Jun 23, 2011
Comment #8

ကျေးဇူး အမြဲစိမ်း ရေ…။

Comment #9

ဒီကဗျာလေးအကြိုက်ဆုံးပါဘဲ…
တချိန်က အစ်မခံစားချက်နဲ့လည်းတိုက်ဆိုင်ခဲ့တရ်…
အားပေးတရ်နော်.. နောက်အဲလိုပုံစံတူလေး ရေးပေးပါဦးလို့..
ကူးသွားပြီနော်…

commentinfo By: sandi at Jun 27, 2011
Comment #10

ကျေးဇူး မ စန္ဒီ…။

Comment #11

ကောင်းတယ်ကွာ….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #12

so generous & kind-hearted.
i m not,,,must love me
kwi,,kwi,,

commentinfo By: ei lay at Jan 9, 2012
Comment #13

hna lone tar ne phat twar par d,

commentinfo By: ei lay at May 13, 2012
Comment #14

A yann ko kway twar p.
:'(
:'(
Heart ko a g g hti de.

commentinfo By: ei lay at Nov 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment