Professional Authors

မဝေး ပါရစေနဲ့…

ကိုယ်တို့ တွေ့ဆုံမှု က
တအောင့်တခဏ ပေမယ့်
ငါ အတွက်တော့ မပြီးဆုံးမယ့်
တစ်ထောင့်တစ်ည ပါ…ကောင်မလေး ရယ်။

တကယ်တော့ နားလည်မှုတွေ လွဲခဲ့တာပါ

သုံး နဲ့ လေး  ဆိုတာ
ဆန့်ကျင်ဘက် ဆန့်ကျင်လျက် အရပ်ကို
မျက်နှာမူထားတယ် ဆိုပေမယ့်…
သူတို့တွေ ကျောခိုင်း ပြီးထွက်သွားတယ် လို့တော့မယူဆပါနဲ့
ဆန့်ကျင်ဘက် ဆန့်ကျင်လျက် အရပ်ကနေ
ပိုပြီး နီးစပ်ဖို့ အတွက် မျက်နှာမူပြီး လှမ်းနေကြတာပါ

တကယ်တော့ ….
ကောင်မလေး… မင်း နားလည်မှု လွဲခဲ့တာပါ။

တနေ့နေ့ ဆိုတဲ့ အတွေးနဲ့
တရွေ့ရွေ့ ငါလှမ်း လာခဲ့ပါတယ်
တမြေ့မြေ့ဆွေးရအောင် တော့
ထပ်မလုပ်ပါနဲ့….ကောင်မလေး ရယ်
ထပ်လည်းမဝေးချင်ပါဘူး
ထပ်လည်းမဆွေးချင်တော့ဘူး။

ကောင်မလေး…
ငါ့ အတွက်တော့ မင်း က နတ်သမီး
မဟုတ်သေးဘူး…
ငါ့ ရဲ့ အရှင် သခင်မ ပါ။
မင်း သေ ဆို သေ
နေ ဆို နေ ပြီး
ခစားချင်ခဲ့တာ…
မင်း လိုအပ်တဲ့ အချိန်
ငါ့ ဘဝ ကို လိုသလို သုံးလို့
မလို အပ်တော့တဲ့ အခါ
စက္ကူစုပ်လို ချောင်မှာ ထိုးချင်လည်း ထိုး
မင်း ဆိုးချင် သလို ဆိုးပါ။
ငါ ရိုးသားစွာနဲ့ ဆက်ချစ်နေပါ့မယ်…ကောင်မလေး။

တစ်နေ့နေ့ ဆိုတဲ့အတွေးနဲ့ ပါ
ငါ တဖြည်းဖြည်း လှမ်းလာနေပြီလေ….

တို့ နှစ်ယောက် တနေ့တော့……….။

In: ကဗျာ Posted By: Date: Jun 19, 2011
Comment #1

တနေ့နေ့ ဆိုတဲ့ အတွေးနဲ့
တရွေ့ရွေ့ ငါလှမ်း လာခဲ့ပါတယ်

commentinfo By: အသဲကွဲမိုး at Jun 20, 2011
Comment #2

ငါ့ ဘဝ ကို လိုသလို သုံးလို့
မလို အပ်တော့တဲ့ အခါ
စက္ကူစုပ်လို ချောင်မှာ ထိုးချင်လည်း ထိုး
မင်း ဆိုးချင် သလို ဆိုးပါ။
ငါ ရိုးသားစွာနဲ့ ဆက်ချစ်နေပါ့မယ်…ကောင်မလေး။

commentinfo By: poem.poem28 at Jun 20, 2011
Comment #3

great,
fighting
never give up.
love is enriched by every good things shared.
love is made stronger by every sorrow faced together.

commentinfo By: ei lay at Jan 13, 2012
Comment #4

ကြိုက်တယ်

commentinfo By: မေသံသာလင်း at Feb 4, 2012
Comment #5

ဒီကဗျာလေး အရမ်းကို ခံစားရပါတယ်။

commentinfo By: gadounlay at Oct 20, 2012
Comment #6

super super like.
both title & poem attracts me so much.

commentinfo By: ei lay at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment