Professional Authors

သူငယ်ချင်းများအားလုံးအတွက်

သူငယ်ချင်း…………………………

 

နင်ဘယ်သူလဲ ဆိုတာ ငါအသေအချာမသိခဲ့ဘူး…….

 

ဒါပေမဲ့ နင်ဟာ ငါ့ရဲ့  သူငယ်ချင်းပါပဲ………

 

ဘယ်သူဘယ်ဝါ ဆိုတာ ငါကိုယ်တိုင်ပဲ သတ်မှတ်လိုက်တယ်လေ…..။

 

 

 

နင် ဘယ်က လာသလဲ ဆိုတာလဲ ငါ အသေအချာမသိခဲ့ပြန်ဘူး….

 

ဒါပေမဲ့ နင်ဟာ ငါ ခင်တွယ်ရတဲ့ သူငယ်ချင်းပါပဲ………………..

 

ငါတို့ နှစ်ယောက်ရဲ့  ခင်မင်မှုမှာ အရပ်ဒေသ မလိုဘူး……။

 

 

 

နင် ရုပ်ဆိုးလား ရုပ်လှလား ဆိုတာလဲ

 

ငါဂရုမစိုက်ဘူး……….

 

ဘာလို့ လဲ ဆိုတော့ နင်ဟာ ငါ့သူငယ်ချင်းဖြစ်လို့ ပေါ့…..

 

ငါတို့ တွေ ကြားမှာ ရုပ်ဆိုးရုပ်လှ မလိုပါဘူးလေ……။

 

 

 

နင် ဆင်းရဲတယ် ချမ်သာတယ်ဆိုတာ ငါ့အတွက်မလိုဘူး……

 

ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နင်ဟာ ငါ့ရဲ့  သူငယ်ချင်းပဲလေ….

 

ပိုင်ဆိုင်မှု ဆိုတာ ငါတို့ အတွက် ပဓာန မကျခဲ့ဖူးလေ……..။

 

 

 

နင်ဟာ လူဆိုးလား လူကောင်းလားဆိုတာ ငါ့အတွက် သိပ်ပြီး အရေးမပါပါဘူး……

 

ငါ နင့်အတွက် အမြဲတမ်း ပြုံးပေးနိုင်တယ်…..

 

ဘာလို့ လဲ ဆိုတော့ နင်ဟာ ငါ့ရဲ့  သူငယ်ချင်းဖြစ်နေလို့ ပေါ့….။

 

 

 

ငါတို့ တွေ စကားတွေ အများကြီး ပြောဖြစ်ကြတယ်….

 

အကြိမ်များစွာ ငြင်းခုန်ခဲ့ဖူးကြတယ်….

 

တို့ နှစ်ယောက်ရဲ့  ရယ်သံတွေ ဝေဖြာခဲ့ဖူးတယ်….

 

ရှိုက်ငိုသံတွေလဲ ထပ်တူကြခဲ့ဖူးတယ်…..

 

မမြင်ရတဲ့ အဖြူရောင် သံယောဇဉ်တွေနဲ့ 

 

ငါတို့ တွေ တစ်ဦးနဲ့ တစ်ဦး ရစ်ပတ်ခဲ့ကြတယ်……

 

အသိတွေ ဖလှယ်ခဲ့ကြတယ်…..

 

သတိတွေ ပေးပြီး ဆင်ခြင်ကြတယ်……

 

 

နင်မရှိတော့ရင်လို့  တွေးပြီး မရောက်လာမှာ ဆိုးလို့ 

 

နင်အရောက်လာမဲ့ လမ်းကို မျှော်နေခဲ့ဖူးတယ်………။

 

အကြိမ်ကြိမ် ရေရွတ်ပေမဲ့ အမြဲတမ်း မပြောင်းလဲတဲ့

 

စကားတစ်ခွန်းကို သီဆိုခဲ့မိတယ်

 

နင်ဟာ………….

 

ငါ့ရဲ့  အမြဲတမ်း သူငယ်ချင်းးးးးးးး ပါပဲ ………

In: ကဗျာ Posted By: Date: Jun 19, 2011
Comment #1

အစ်ကို့ ကဗျာကို ဖက်ပြီးတော့ ကျွန်တော် ငယ်ငယ်က အရမ်းခင်ခဲ့ဖူးတဲ့ သူငယ်ချင်းကို သတိရမိတယ်ဗျာ……
အစ်ကို့ ကို ကျေးဇူးအများကြီးတင်ပါတယ်……။
ကျွန်တော့် ခံစားချက်နဲ့ အရမ်းကိုတိုက်ဆိုင်နေတယ်……
အရမ်းကောင်းတဲ့ ကဗျာလေးပါ အစ်ကို………
ကျွန်တော် အရမ်းကြိုက်သွားပြီ……..

commentinfo By: Poekglay at Jun 19, 2011
Comment #2

အရမ်းမိုက်တယ်..ကဗျာစာသားက

commentinfo By: Nang at Jun 20, 2011
Comment #3

ကောင်းတယ် သူငယ်ချင်း . ..
တကယ်ကောင်းတယ် . .. . .

commentinfo By: takotaw at Jun 20, 2011
Comment #4

နင်မရှိတော့ရင်လို့  တွေးပြီး မရောက်လာမှာ ဆိုးလို့ 
နင်အရောက်လာမဲ့ လမ်းကို မျှော်နေခဲ့ဖူးတယ်………။
အကြိမ်ကြိမ် ရေရွတ်ပေမဲ့ အမြဲတမ်း မပြောင်းလဲတဲ့
စကားတစ်ခွန်းကို သီဆိုခဲ့မိတယ်
နင်ဟာ………….
ငါ့ရဲ့  အမြဲတမ်း သူငယ်ချင်းးးးးးးး ပါပဲ ………။
သိပ်ကြိုက်တယ်…..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment