Professional Authors

မယုံတော့လို့ပါ၊ချစ်သူ

မလိမ်ချင်ပါဘူး၊ချစ်ဖူးပါတယ်

လမ်းခွဲသွားခဲ့တဲ့ချစ်သူကိုစိတ်မနာပါဘူး

သူလည်းပဋိပက္ခတစ်စုံတစ်ရာရှိခဲ့မှာပေါ့၊င့ါဘက်ကလည်းသူစိတ်ချမ်းသာအောင်အမြဲ

ထားပေးဖို့နဂိုကတည်းကအမြဲစဉ်းစားပေးတယ်၊သူနောက်တစ်ယောက်နဲ့တွဲသွားရင်တောင်

မြင့်မြတ်သောလက်စားချေနည်းဖြစ်တဲ့ခွင့်လွှတ်ခြင်းကိုလက်ကိုင်ထားမှာပါလို့တွေးခဲ့တယ်။

နောက်ဆုံးသူစိတ်ချမ်းသာသွားပါတယ်..အဲဒီတုန်းကငါဟာအရူးတစ်ယောက်လိုအော်ဟစ်ငိုယို

နေခဲ့တာင့ါချစ်သူဖြစ်တဲ့သူမသိခဲ့ဘူး။

ပြန်တွေ့တဲ့အခါရင်ခုန်ပါတယ်၊ဒါပေမယ့်အရင်တုန်းကင့ါအတွက်နင်ဟာကြည့်လို့မ၀အောင်ဖြစ်ခဲ့ဖူးပေမယ့်

အခုနင်ဟာင့ါအတွက်ကြည့်လို့မရတော့ဘူး။မုန်းသွားတာတော့မဟုတ်ပါဘူး..စိတ်နာရုံလောက်ပါ။

အတိတ်ကငါ့ချစ်သူဖြစ်ခဲ့ဖူးတဲ့နင်ဟာအခုမြင်နေရတဲ့နင်မဟုတ်ဘူးလေ.အတိတ်ကငါ့ချစ်သူကငါစိတ်ပျက်

အားငယ်တိုင်းနွေးထွေးမှုတွေပေးတယ်။အခုတော့နင့်အနားမှာအေးစက်မှုတွေဝဲပျံနေတယ်..နင်တစ်ယောက်တည်း

အဲဒီလိုကျင့်သုံးနေတာမဟုတ်ဘူး..ငါလည်းလက်ရှိနင်နဲ့တွေ့ရင်အလိုလိုနေရင်းသွေးအေးရုံမကသွေးပါခဲသွားခဲ့ပါပြီ။

ငါလိုချင်တာအခုလိုစရိုက်ကျနေတဲ့နင်မဟုတ်ဘူး..ငါလိုချင်တာနင့်ရဲ့အရင်တုန်းကငါ့အပေါ်နွေးထွေးမှုနဲ့နင့်ရဲ့ရိုးဂုဏ်ကိုပဲ

ပြန်လိုချင်နေတာ..အဲဒီအရာတွေကိုအခုအချိန်မှာနင့်ဘက်ကပြန်ပေးနိုင်မယ်ဆိုရင်တောင်……..တောင်းပန်ပါတယ်..ငါလေ…နင်..

ငါ့ကိုထားသွားခဲ့တဲ့နေ့ကစပြီး..နင်နဲ့ပတ်သက်သမျှကိုမယုံတော့လို့ပါဟာ….။    ။(အခုမှစာတွေစတင်တာပါ၊ဘယ်categoryထဲထည့်ရမှန်းမသိလို့ကဗျာထဲပဲထည့်လိုက်ပါတယ်၊အားပေးကြပါဦး၊ကျေးဇူးတင်ပါတယ်ရှင့်)

sherry

In: ကဗျာ Posted By: Date: Jun 18, 2011
Comment #1

ကဗျာ လား စာရေးတာလား.။တကယ်ကိုနားမလည်ပါဘူး..။

Comment #2

စာရေးထားတာပါ..ဘယ်categoryထဲထည့်ရမှန်းမသိလို့ကဗျာထဲထည့်ထားတယ်လို့ပြောထားပါတယ်ရှင့်။

commentinfo By: sherry at Jun 26, 2011
Comment #3

တောင်းပန်ပါတယ်..ငါလေ…နင်..

ငါ့ကိုထားသွားခဲ့တဲ့နေ့ကစပြီး..နင်နဲ့ပတ်သက်သမျှကိုမယုံတော့လို့ပါဟာ….။

ဒိစာသားကို ကြိုက်တယ် အားလည်းကျတယ်

commentinfo By: linko at Jun 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment