Professional Authors

မင်း ထွက်သွားဖို့ ဆုံးဖြတ်တဲ့ အခါ

မင်း ထွက်သွားဖို့ ဆုံးဖြတ်တဲ့ အခါ ………………………

 

လက်သည်းတွေ ရှည်အောင် မထားပါနဲ့

ဆေးတွေလဲ အရမ်းမသောက်ပါနဲ့

ဆင်တူဝယ်ခဲ့တဲ့ ကော်ဖီခွက်လေး ကို မင်းအခန်းရဲ့ ချောင်ကျကျ တစ်နေရာမှာ ၀ှက်ထားလိုက်ပါ ( ဖုံအလိမ်းလိမ်း နဲ့ ပင့်ကူမျှင်တွေ ကပ် တဲ့ အထိ ) …………………………..

နေပူထဲတွေ လျှောက်မသွားပါနဲ့

မောင်အေးကဖီးကိုရောက်ခဲ့လို့ရှိရင်လဲ ငါ သိပ်ကြိုက်တဲ့ မလိုင်နံပြားကို ငါ့ကိုယ်စား မှာ စားလိုက်ပါ ၊ ဒါမှမဟုတ် မင်း  ချစ်သူ နဲ့ အတူတူ စားပါ

 

မင်း ထွက်သွားဖို့ ဆုံးဖြတ်တဲ့ အခါ ………………………

 

အရပ်ရှည်ရှည် ၊ မျက်မှန်နဲ့ ကောင်လေး တွေကို တွေ့တိုင်း ငါ လားလို့  လိုက်မကြည့်ပါနဲ့

ခရီးဝေးတွေ မသွားပါနဲ့ …..

ဆံပင်ကို ဖီးတဲ့ အခါ တစ်ချိန်တုန်းက ပန်းရောင်ဘီးတစ်ချောင်းကို မေ့ပစ်လိုက်ပါ

ကာချယ်အရင့်ရောင်တွေ ဆိုးပါ

ဖိနပ်ပါးလေးတွေပဲ စီးတတ်ပါစေ

အပြာရောင် ပီကေ တောင့်တွေကို မုန်းပစ်လိုက်ပါတော့

 

 

မင်း ထွက်သွားဖို့ ဆုံးဖြတ်တဲ့ အခါ ………………………

 

ငါ့ကိုယ်စား  ကိုယ့် ကို ကိုယ် ပိုလို့ ဂရုစိုက်ပေးပါ

တားတား မီးမီးလေးတွေရလာတဲ့အခါ happy world ကို ခေါ်သွားပေးပါ

facebook  ထဲကိုတော့ ၀င်မကြည့်ပါနဲ့တော့ ( ငါ့ အလွမ်းတွေ တွေ့ သွားမှာစိုးလို့ပါ )

တစ်ခုခုဆို ငိုနေတတ်တဲ့ မင်း ၊ မျက်ရည်နဲ့ သက်ပြင်းတွေ ကင်းပါစေ ……

ဒုတိယလူ သီချင်းကိုတော့ ကြားလို့ရှိရင်တောင် နားမထောင်ပါနဲ့တော့ နော်

 

မင်း ထွက်သွားဖို့ ဆုံးဖြတ်တဲ့ အခါ မှာပေါ့ ……………………………. ………………………………………………………………………………………… 

In: ကဗျာ Posted By: Date: Jun 18, 2011
Comment #1

ဆင်တူဝယ်ခဲ့တဲ့ ကော်ဖီခွက်လေး ကို မင်းအခန်းရဲ့ ချောင်ကျကျ တစ်နေရာမှာ ၀ှက်ထားလိုက်ပါ ( ဖုံအလိမ်းလိမ်း နဲ့ ပင့်ကူမျှင်တွေ ကပ် တဲ့ အထိ ) …………………………..

commentinfo By: အသဲကွဲမိုး at Jun 18, 2011
Comment #2

“မင်း ထွက်သွားဖို့ ဆုံးဖြတ်တဲ့ အခါ ………………………
နေပူထဲတွေ လျှောက်မသွားပါနဲ့
မောင်အေးကဖီးကိုရောက်ခဲ့လို့ရှိရင်လဲ ငါ သိပ်ကြိုက်တဲ့ မလိုင်နံပြားကို ငါ့ကိုယ်စား မှာ စားလိုက်ပါ ၊ ဒါမှမဟုတ် မင်း ချစ်သူ နဲ့ အတူတူ စားပါ ……
အပြာရောင် ပီကေ တောင့်တွေကို မုန်းပစ်လိုက်ပါတော့ ….”

အားပေးသွားပါတယ် အရမ်းလည်း ကောင်းပါတယ်

commentinfo By: ကေသရီ at Jun 18, 2011
Comment #3

မလိုင်နံပြားလည်းမစားနိုင်တော့ဘူး……ဒီနေ့….သူ့မွေးနေ့…..
ဇွန် 20 ငါသတိအရမ်းရနေတယ်…….သူငယ်ချင်း…..မင်းကော…
သူထွက်သွားဖို့ဆုံးဖြတ်ထားတယ်ထင်လား………..ထာဝရရင်ထဲမှာ
ရှိနေမှာပါ……..တစ်ခါတစ်လေသတိရရင်တော့တမ်းတလိုက်ပါ…….
မင်းမထွက်သွားဘူးဆိုရင်ပေါ့……………..

commentinfo By: khant naung at Jun 20, 2011
Comment #4

မင်း ထွက်သွားဖို့ ဆုံးဖြတ်တဲ့ အခါ ………………………

ငါ့ကိုယ်စား ကိုယ့် ကို ကိုယ် ပိုလို့ ဂရုစိုက်ပေးပါ

တားတား မီးမီးလေးတွေရလာတဲ့အခါ happy world ကို ခေါ်သွားပေးပါ

facebook ထဲကိုတော့ ၀င်မကြည့်ပါနဲ့တော့ ( ငါ့ အလွမ်းတွေ တွေ့ သွားမှာစိုးလို့ပါ )

တစ်ခုခုဆို ငိုနေတတ်တဲ့ မင်း ၊ မျက်ရည်နဲ့ သက်ပြင်းတွေ ကင်းပါစေ ……

ဒုတိယလူ သီချင်းကိုတော့ ကြားလို့ရှိရင်တောင် နားမထောင်ပါနဲ့တော့ နော်

မင်း ထွက်သွားဖို့ ဆုံးဖြတ်တဲ့ အခါ မှာပေါ့ ……………………………. ………………………………………………………………………………………… ။

Comment #5

very good ………………………..
woo………………………..
love is danger.

commentinfo By: alone at Jun 25, 2011
Comment #6

really perfect

commentinfo By: ei lay at May 6, 2012
Comment #7

Right
Right.
Super like.
😛

commentinfo By: ei lay at Nov 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment