Professional Authors

မှားနေတဲ့ ပြဋ္ဌာန်းချက် ( လူမော်ငြိမ်း )

လောကဓံ ကို သီချင်း ရှစ်ပုဒ် လုပ်ပြီး ဆိုခဲ့တယ်
ဆူးတွေ ပွင့် ပြီး မီးတွေ လွင့် နေတဲ့ ကာလမှာ ။

ကော်ဖီ တစ်ကျိုက် နဲ့ ခံတွင်း ချဉ်သွားတဲ့ ကဗျာ
အနုပညာ ဆိုတာ သောက်လက်စ စီးကရက် လိုပဲ ။

ဖြစ်နိုင်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု လောက်ကလို
မိုးစက်တွေနဲ့ အတူ စိတ်ဓာတ်ကို ရွာချ လိုက်ချင်တာ ။

ဗွက်ထူတဲ့ လမ်းပေါ်က ဖိနပ် အဖြူ နဲ့ နေကြာပင်တွေ
အိပ်မက် အသေ တွေ … … … ရောင်နီ အသေ တွေ ။

လူမော်ငြိမ်း
Friday , June 17 , 2011

In: ကဗျာ Posted By: Date: Jun 17, 2011
Comment #1

ကြိုက်တယ် ဗျာ အားလုံးကိုကြိုက်တယ်

commentinfo By: မိုးသစ်လေပြေ at Jun 17, 2011
Comment #2

ကျေးဇူးပါ မိုးသစ်လေပြေ ။

Comment #3

သိပ်ပြီးတော့အရသာရှိတယ်ဗျာ…။

Comment #4

ဖတ်ရှု ဝေဖန်ပေးတာ ကျေးဇူးပါ … ဇော်သက်ဦး (Ayatekalay) ။

Comment #5

ဖစ်နိုင်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု လောက်ကလို
မိုးစက်တွေနဲ့ အတူ စိတ်ဓာတ်ကို ရွာချ လိုက်ချင်တာ ။
(ငယ်လေးရောပဲ……… ကိုလူမော်……….)

commentinfo By: ငယ်လေး at Jun 19, 2011
Comment #6

ဟုတ်ပါပြီ … ငယ်လေးရေ
ရွာချင်တဲ့ အချိန်မှာ ရွာနိုင်ပါစေ ။

Comment #7

ကော်ဖီ တစ်ကျိုက် နဲ့ ခံတွင်း ချဉ်သွားတဲ့ ကဗျာ
အနုပညာ ဆိုတာ သောက်လက်စ စီးကရက် လိုပဲ ။

commentinfo By: ရွှေငါး at Mar 8, 2012
Comment #8

ဖစ်နိုင်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု လောက်ကလို
မိုးစက်တွေနဲ့ အတူ စိတ်ဓာတ်ကို ရွာချ လိုက်ချင်တာ ။

ဗွက်ထူတဲ့ လမ်းပေါ်က ဖိနပ် အဖြူ နဲ့ နေကြာပင်တွေ
အိပ်မက် အသေ တွေ … … … ရောင်နီ အသေ တွေ ။

commentinfo By: May Kha at Mar 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment