Professional Authors

လူတွေအကြောင်းပိုနားလည်လာလေလေ .. အသက်ရှူသံတွေကို ပိုစာနာမိလေလေ (သက်ထွေး)

ထိတ်လန့်မှုဟာ
ဘယ်လောက် နက်ရှိုင်းနေပြီလဲ …
ပျော်ရွှင်မှုကို
ဒန်းလိုလွှဲနေရတာ မောပြီ …
ပစ်တင်လိုက်ရတဲ့ နားလည်မှုဟာ
တစ်ခါတစ်ခါ ပြန်ကျမလာဘူး …
ရပါတယ် …
ယုံကြည် မပေးပါနဲ့ …
အကောင်းဆုံး ရှင်သန်နေထိုင်နိုင်ခြင်းဆိုတာ
အဆိုးဆုံးတွေကို ရင်ဆိုင်နေထိုင်နိုင်ခြင်းပါပဲ …
နားလည်ပါတယ် …
မေ့ထားခဲ့ရတဲ့မြို့က
လက်ကလေးချိုး၊ သချာင်္လေးတွက်တတ်ရုံနဲ့
ပြန်လာလို့မရဘူးဆိုတာ  …
သူလိုကိုယ်လို
ကျောပေါ်မှာ အိမ်ဆောက်တိုင်းကစားကြည့်ရင်း
ကိုယ်ဆံပင်ရှည်ဖူးခဲ့ပေါ့ …
ပေါ့ပေါ့ပါးပါး ရယ်သံတစ်ခုဟာ
ပြတ်ပြတ်သားသားရှိခဲ့ဖူးရင် ကောင်းမယ် …
နွေးနွေးထွေးထွေး စိတ်ကူးတစ်ခုဟာ
စိမ်းစိမ်းလန်းလန်းရှိခဲ့ဖူးရင်  ကောင်းမယ် …
မျက်နှာဖုံးတွေနဲ့ မျက်နှာချင်းဆိုင်နေသရွေ့
ယုန်လက်နဲ့  ဝံပုလွေရုပ်ထု ဆက်ထုနေရဦးမှာပေါ့ …
ဓါတ်မီးတိုင်အောက်က တိတ်ဆိတ်မှုတစ်ချို့ကို
ခွဲစိတ်လေ့လာဖို့တော့လိုနေပြီ …
မွတ်သိပ်မှုဆိုတာ သိပ်ကူးစက်လွယ်တယ်မဟုတ်လား …
ဆာလောင်မှု ဧည့်မှတ်တမ်းမှာ
ကိုယ်တစ်ယောက်ထဲထိုင်သွားတယ် …
လူတွေအကြောင်းပိုနားလည်လာလေလေ … အသက်ရှူသံတွေကို ပိုစာနာမိလေလေပဲ။ ။

သက်ထွေး
၁၅ ဇွန် ၂၀၁၁ မနက် ၁၀း၄၆

In: ကဗျာ Posted By: Date: Jun 16, 2011
Comment #1

နားလည်ပါတယ် …
မေ့ထားခဲ့ရတဲ့မြို့က
လက်ကလေးချိုး၊ သချာင်္လေးတွက်တတ်ရုံနဲ့
ပြန်လာလို့မရဘူးဆိုတာ …
သူလိုကိုယ်လို
ကျောပေါ်မှာ အိမ်ဆောက်တိုင်းကစားကြည့်ရင်း
ကိုယ်ဆံပင်ရှည်ဖူးခဲ့ပေါ့ …

မျက်နှာဖုံးတွေနဲ့ မျက်နှာချင်းဆိုင်နေသရွေ့
ယုန်လက်နဲ့ ဝံပုလွေရုပ်ထု ဆက်ထုနေရဦးမှာပေါ့ …
ဓါတ်မီးတိုင်အောက်က တိတ်ဆိတ်မှုတစ်ချို့ကို
ခွဲစိတ်လေ့လာဖို့တော့လိုနေပြီ …
မွတ်သိပ်မှုဆိုတာ သိပ်ကူးစက်လွယ်တယ်မဟုတ်လား …
ဆာလောင်မှု ဧည့်မှတ်တမ်းမှာ
ကိုယ်တစ်ယောက်ထဲထိုင်သွားတယ် …
လူတွေအကြောင်းပိုနားလည်လာလေလေ … အသက်ရှူသံတွေကို ပိုစာနာမိလေလေပဲ။ ။

bro let me do two thumbs up..
clappingggggggg clappingggggggggg..

commentinfo By: ဖြိုးဖြိုး at Jun 16, 2011
Comment #2

ကိုသက်ထွေးကဗျာတွေက တကယ်အေးအေးလေးနဲ့လှတယ်ဗျာ တစ်ပုဒ်လုံးကိုကြိုက်တယ်

commentinfo By: မိုးသစ်လေပြေ at Jun 17, 2011
Comment #3

မျက်နှာဖုံးတွေနဲ့ မျက်နှာချင်းဆိုင်နေသရွေ့
ယုန်လက်နဲ့ ဝံပုလွေရုပ်ထု ဆက်ထုနေရဦးမှာပေါ့ …
(ဟုတ်တယ်၇ှင့်…လောကသားတွေက ဟန်လုပ်ပြုံးတဲ့ အပြုံးတုတွေကိုပဲ အမှန်တကယ်ထင်ပီး နှစ်သက်ကြသူတွေများတယ်။)
ဒီ ကဗျာလေး အစ..အဆုံး ပန်းအိကြိုက်တယ်၇ှင့်။

commentinfo By: pannei at Jun 17, 2011
Comment #4

ထိတ်လန့်မှုဟာ
ဘယ်လောက် နက်ရှိုင်းနေပြီလဲ …
ပျော်ရွှင်မှုကို
ဒန်းလိုလွှဲနေရတာ မောပြီ …
ပစ်တင်လိုက်ရတဲ့ နားလည်မှုဟာ
တစ်ခါတစ်ခါ ပြန်ကျမလာဘူး …
ရပါတယ် …
ယုံကြည် မပေးပါနဲ့ …
အကောင်းဆုံး ရှင်သန်နေထိုင်နိုင်ခြင်းဆိုတာ
အဆိုးဆုံးတွေကို ရင်ဆိုင်နေထိုင်နိုင်ခြင်းပါပဲ …
နားလည်ပါတယ် …
မေ့ထားခဲ့ရတဲ့မြို့က
လက်ကလေးချိုး၊ သချာင်္လေးတွက်တတ်ရုံနဲ့
ပြန်လာလို့မရဘူးဆိုတာ …
သူလိုကိုယ်လို
ကျောပေါ်မှာ အိမ်ဆောက်တိုင်းကစားကြည့်ရင်း
ကိုယ်ဆံပင်ရှည်ဖူးခဲ့ပေါ့ …
ပေါ့ပေါ့ပါးပါး ရယ်သံတစ်ခုဟာ
ပြတ်ပြတ်သားသားရှိခဲ့ဖူးရင် ကောင်းမယ် …
နွေးနွေးထွေးထွေး စိတ်ကူးတစ်ခုဟာ
စိမ်းစိမ်းလန်းလန်းရှိခဲ့ဖူးရင် ကောင်းမယ် …
မျက်နှာဖုံးတွေနဲ့ မျက်နှာချင်းဆိုင်နေသရွေ့
ယုန်လက်နဲ့ ဝံပုလွေရုပ်ထု ဆက်ထုနေရဦးမှာပေါ့ …
ဓါတ်မီးတိုင်အောက်က တိတ်ဆိတ်မှုတစ်ချို့ကို
ခွဲစိတ်လေ့လာဖို့တော့လိုနေပြီ …
မွတ်သိပ်မှုဆိုတာ သိပ်ကူးစက်လွယ်တယ်မဟုတ်လား …
ဆာလောင်မှု ဧည့်မှတ်တမ်းမှာ
ကိုယ်တစ်ယောက်ထဲထိုင်သွားတယ် …
လူတွေအကြောင်းပိုနားလည်လာလေလေ … အသက်ရှူသံတွေကို ပိုစာနာမိလေလေပဲ။ ။

Comment #5

အကောင်းဆုံး ရှင်သန်နေထိုင်နိုင်ခြင်းဆိုတာ
အဆိုးဆုံးတွေကို ရင်ဆိုင်နေထိုင်နိုင်ခြင်းပါပဲ …

နားလည်ပါတယ် …

မေ့ထားခဲ့ရတဲ့မြို့က
လက်ကလေးချိုး၊ သချာင်္လေးတွက်တတ်ရုံနဲ့
ပြန်လာလို့မရဘူးဆိုတာ …

Comment #6

ကိုသက်ထွေး…ရေ….အရမ်းလေးစားတယ်ဗျာ…..
တစ်ခါတလေ..ကျွန်တော်လည်းအကို့ လိုမျိုး..
အမောတွေကိုဆေးချ……ပစ်လိုက်ချင်တယ်ဗျာ……

commentinfo By: terry at Jun 17, 2011
Comment #7

ကိုသက်ထွေး ကဗျာတွေအားလုံးကြိုက်၏ …. 🙂

commentinfo By: gadounlay at Jun 17, 2011
Comment #8

ကိုသက်ထွေးစိတ်ကူးနဲ့စကားလုံးတွေကို
ကြိုက်နှစ်သက်စွာ အမြဲတမ်း စောင့်ဖတ်အားပေးနေတယ်ဗျာ

commentinfo By: moe at Jun 19, 2011
Comment #9

ကိုသက်ထွေးရေ…
ကဗျာတွေအားလုံးကောင်းပါတယ်…
ကဗျာတွေရေးပြီး ဘဝအမောတွေ ပြေနိုင်ပါစေ…

commentinfo By: snowy at Jul 20, 2011
Comment #10

ပေါ့ပေါ့ပါးပါး ရယ်သံတစ်ခုဟာ
ပြတ်ပြတ်သားသားရှိခဲ့ဖူးရင် ကောင်းမယ် …
နွေးနွေးထွေးထွေး စိတ်ကူးတစ်ခုဟာ
စိမ်းစိမ်းလန်းလန်းရှိခဲ့ဖူးရင် ကောင်းမယ် …
မျက်နှာဖုံးတွေနဲ့ မျက်နှာချင်းဆိုင်နေသရွေ့
ယုန်လက်နဲ့ ဝံပုလွေရုပ်ထု ဆက်ထုနေရဦးမှာပေါ့ …
ဓါတ်မီးတိုင်အောက်က တိတ်ဆိတ်မှုတစ်ချို့ကို
ခွဲစိတ်လေ့လာဖို့တော့လိုနေပြီ …
မွတ်သိပ်မှုဆိုတာ သိပ်ကူးစက်လွယ်တယ်မဟုတ်လား

ကောင်းတယ်ခင်ဗျ

commentinfo By: SimpleSimplest at Jul 20, 2011
Comment #11

ကဗျာတစ်ပုဒ်လုံးက အစကနေအဆုံးအထိကိုဆွဲဆောင်မှုရှိတယ်ဗျာ…. အစ်ကို့ကဗျာတွေကိုအ၇မ်းကြိုက်သလိုအစ်ကို့လိုမျိုး ရေးနိုင်ချင်ပါတယ်။။။။။

commentinfo By: နေညို at Jul 29, 2011
Comment #12

ကြိုက်တယ်ဗျာ..တကယ်ကောင်းတ.်

Comment #13

အကောင်းဆုံး ရှင်သန်နေထိုင်နိုင်ခြင်းဆိုတာ
အဆိုးဆုံးတွေကို ရင်ဆိုင်နေထိုင်နိုင်ခြင်းပါပဲ

commentinfo By: Nothing Special at Dec 23, 2011
Comment #14

လူတွေအကြောင်းပိုနားလည်လာလေလေ .. ???????? (စဉ်းစားးမိတိုင်းအသက်ရှုကျပ်လေလေပဲ) 😀

commentinfo By: နတ်သမီး at Jul 10, 2012
Comment #15

ဓါတ်မီးတိုင်အောက်က တိတ်ဆိတ်မှုတစ်ချို့ကို
ခွဲစိတ်လေ့လာဖို့တော့လိုနေပြီ …
မွတ်သိပ်မှုဆိုတာ သိပ်ကူးစက်လွယ်တယ်မဟုတ်လား

လှလိုက်တဲ့ စာသားလေးတွေပါလားဗျာ….. သိပ်ကြိုက်သွားပါတယ် ကိုသက်ထွေး

commentinfo By: နိုးဆက် နေ့ at Jan 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment