Professional Authors

ပြန်ခဲ့ပါ

ထိန်းထားခဲ့ပေမယ့်
ခုန်နေတယ်
ရပ်တန့်လိုက်ပေမယ့်
ရှေ့ဆက်သွားမယ့်
အတွေးများရဲ့ခရီး
အဆုံးတော့မရှိပြီ။

သြော်….
အချစ်ဆိုတဲ့ ဝေါဟာရနောက်
လူတွေလိုက်နေကြ
ပူလောင်တယ်ထင်လို့လား
အေးမျှတယ်ထင်လို့လား
ချိုတယ်ထင်လို့လား
ခါးတယ်ထင်လို့လား
ဘယ်ဟာကဘယ်အရာလဲ
ငါဒီမှာနေ့တိုင်းဘဲ
နားထောင်နေခဲ့တယ်
အချစ်ဆိုတဲ့အသံတစ်ခု
မိုးချိန်းသံကို
နားကြပ်နဲ့နားထောင်ရသလို
ထုံအသွားခဲ့ပြီ
အခေါ်အပြောမရှိ
ငါတစ်ယောက်ထဲဖြစ်ခဲ့ပြီ
အထီးကျန်ခြင်းဆိုတာသိခဲ့ရင်
မဆိုင်သူလိုမနေ
ကြင်နာသူတွေလိုနေရအောင်
မင်း.. ပြန်သာပြန်ခဲ့ပါ။

In: ကဗျာ Posted By: Date: Jun 16, 2011
Comment #1

ကေအက်(စ်)အို
ခေါ်နေတယ်လေ…..ပြန်ခဲ့လိုက်ပါဗျာ…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 16, 2011
Comment #2

i like this poem…..

commentinfo By: အသဲကွဲမိုး at Jun 16, 2011
Comment #3

အားပေးလိုက်ပါ၏…။

Comment #4

ကြင်နာသူတွေလိုနေရအောင်
မင်း.. ပြန်သာပြန်ခဲ့ပါ။
ကောင်းပါ၏

Comment #5

ကောင်းလိုက်တာဗျာ

commentinfo By: Village chat kyi at Jun 17, 2011
Comment #6

အထီးကျန်ခြင်းဆိုတာသိခဲ့ရင်
မဆိုင်သူလိုမနေ
ကြင်နာသူတွေလိုနေရအောင်
မင်း.. ပြန်သာပြန်ခဲ့ပါ။ K S O .. အားပေးလျက်ပါနော်.. 🙂

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment