Professional Authors

အိမ်မက်အို

အမှောက်ကျတဲ့ ဒီနေ့တွေ
အလွမ်းအချို့ကို သီကုံးရင်
အခန်းထဲက အိမ်မက်အိုကြီး
ရူးသွားခဲ့လို့  ကြယ်တာရာတွေတောင် ပြိုကျခဲ့ရပြီ..
ကာရံမရှိတဲ့ မျှော်လင့်ချက်တွေရင်းရင
်လမင်းကို တမ်းတလိုက်မိပါတယ်..
ယုံကြည်မှု့တွေ ပျက်သုံးလို့
ဒီအမှောင်လောကကြီး ဘယ်တော့မှ နေဝင်မှာလဲ..
ကိုယ့်ဘဝနဲ့ကိုယ် ရှင်သန်ရတာဘဲလေ
အပြေးပြိုင်ပွဲမဟုတ်တဲ့ လောကကြီးမှာ
ပန်းအရင်ဝင်ဖို့ မလိုပါဘူး
ကျုပ်မှာ ပျော်ရွှင်ခြင်းတွေတော့ ရယူထားတယ်…
ခင်ဗျားသိထားဖို့က
မနက်သစ် မရောက်ခင်တိုင်းသာ
အမှောင်ထုကြီးက ကြာရှည်ရက်တည်နိုင်တာပါ..။ ။

In: ကဗျာ Posted By: Date: Jun 15, 2011
Comment #1

အပြေးပြိုင်ပွဲမဟုတ်တဲ့ လောကကြီးမှာ
ပန်းအရင်ဝင်ဖို့ မလိုပါဘူး
အားပေးသွားတယ် 😀

commentinfo By: အသဲကွဲမိုး at Jun 15, 2011
Comment #2

thx…ever အသဲကွဲနေတဲ့ မိုးရေ… 😀

commentinfo By: ဖိုးနမ်း at Jun 15, 2011
Comment #3

မနက်သစ်တွေမရောက်ခင်မှာသာအမှောင်ထုကြီးကကြာရှည်ရပ်တည်နိုင်တယ်…..ကြိုက်ပါ၏
🙂

commentinfo By: khant naung at Jun 16, 2011
Comment #4

this is my man.. 🙂

commentinfo By: foe nyi at Jun 16, 2011
Comment #5

အမှောက်ကျတဲ့ ဒီနေ့တွေ
အလွမ်းအချို့ကို သီကုံးရင်
အခန်းထဲက အိမ်မက်အိုကြီး
ရူးသွားခဲ့လို့ ကြယ်တာရာတွေတောင် ပြိုကျခဲ့ရပြီ..
ကာရံမရှိတဲ့ မျှော်လင့်ချက်တွေရင်းရင
်လမင်းကို တမ်းတလိုက်မိပါတယ်..
ယုံကြည်မှု့တွေ ပျက်သုံးလို့
ဒီအမှောင်လောကကြီး ဘယ်တော့မှ နေဝင်မှာလဲ..
ကိုယ့်ဘဝနဲ့ကိုယ် ရှင်သန်ရတာဘဲလေ
အပြေးပြိုင်ပွဲမဟုတ်တဲ့ လောကကြီးမှာ
ပန်းအရင်ဝင်ဖို့ မလိုပါဘူး
ကျုပ်မှာ ပျော်ရွှင်ခြင်းတွေတော့ ရယူထားတယ်…
ခင်ဗျားသိထားဖို့က
မနက်သစ် မရောက်ခင်တိုင်းသာ
အမှောင်ထုကြီးက ကြာရှည်ရက်တည်နိုင်တာပါ..။ ။

Comment #6

အရမ်း…ကောင်းပါတယ်။.အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 16, 2011
Comment #7

အခုလို အားပေးတာ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ.. 🙂

commentinfo By: ဖိုးနမ်း at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment