Professional Authors

စွဲလမ်းမိသူမှာ…

တွေ့ခဲရတဲ့ အချိန်ကာလ
ပြောရရင် တစ်ခဏလေးရယ်
ငါ့နှလုံးသွေးနဲ့ ရင်းတဲ့
အချစ်တွေကိုပေးခဲ့တယ်…။
နောက်ဆုံးတော့လည်းဝေးခဲ့ရပြန်တယ်..။

ဆွေးမြေ့ခဲ့ရတဲ့ ချိန်ကာလကြား
နားစွင့်တိုင်းကြားရတဲ့
သတင်းတွေထဲမှာ
မင်းအကြောင်းကမပါ…။

တကယ်ဆိုရင်…
မေ့ဖျောက်ဖို့ ကြိုးစားတိုင်း
ခပ်တုံးတုံး ဓားတစ်လက်လောက်တောင်
ပြတ်အောင်မဖြတ်နိုင်ခဲ့တဲ့
ငါ့အဖြစ်..။
စိတ်ညစ်စရာကြုံတိုင်းလည်း
သူ့ကိုပဲ လွမ်းနေမိတယ်
ငါ့ဘဝမှာ..
ရေမရှိလည်း သူရှိနေမှ
နေမရှိလည်း သူရှိနေမှ
လေမရှိလည်း သူရှိနေမှ
ငါ့ဘဝသာယာနိုင်မှာပါ…။

ဒီလိုပါပဲ..
လိုအပ်ချက်တွေ မပြည်သေးသ၍တော့
သူကိုပဲ တမ်းတမ်းတတ လွမ်းမယ်…။   ။
         

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 15, 2011
Comment #1

ဒီလိုပါပဲ..
လိုအပ်ချက်တွေ မပြည်သေးသ၍တော့
သူကိုပဲ တမ်းတမ်းတတ လွမ်းမယ်…။ ။
အားပေးနေပါတယ်။…ကိုဇော်သက်ဦး

commentinfo By: poem.poem28 at Jun 15, 2011
Comment #2

ကျေးဇူး ငါ့ညီရေ…။

Comment #3

တွေ့ခဲရတဲ့ အချိန်ကာလ
ပြောရရင် တစ်ခဏလေးရယ်
ငါ့နှလုံးသွေးနဲ့ ရင်းတဲ့
အချစ်တွေကိုပေးခဲ့တယ်…။
နောက်ဆုံးတော့လည်းဝေးခဲ့ရပြန်တယ်..။

ဆွေးမြေ့ခဲ့ရတဲ့ ချိန်ကာလကြား
နားစွင့်တိုင်းကြားရတဲ့
သတင်းတွေထဲမှာ
မင်းအကြောင်းကမပါ…။

တကယ်ဆိုရင်…
မေ့ဖျောက်ဖို့ ကြိုးစားတိုင်း
ခပ်တုံးတုံး ဓားတစ်လက်လောက်တောင်
ပြတ်အောင်မဖြတ်နိုင်ခဲ့တဲ့
ငါ့အဖြစ်..။
စိတ်ညစ်စရာကြုံတိုင်းလည်း
သူ့ကိုပဲ လွမ်းနေမိတယ်
ငါ့ဘဝမှာ..
ရေမရှိလည်း သူရှိနေမှ
နေမရှိလည်း သူရှိနေမှ
လေမရှိလည်း သူရှိနေမှ
ငါ့ဘဝသာယာနိုင်မှာပါ…။

ဒီလိုပါပဲ..
လိုအပ်ချက်တွေ မပြည်သေးသ၍တော့
သူကိုပဲ တမ်းတမ်းတတ လွမ်းမယ်…။ ။

Comment #4

ကဗျာလေးအရမ်းကောင်းတရ်သိလား…
တွေ့ခဲရတဲ့ အချိန်ကာလ
ပြောရရင် တစ်ခဏလေးရယ်
ငါ့နှလုံးသွေးနဲ့ ရင်းတဲ့
အချစ်တွေကိုပေးခဲ့တယ်…။
နောက်ဆုံးတော့လည်းဝေးခဲ့ရပြန်တယ်..။
အကြိုက်ဆုံးပဲနော့… ထပ်ကူးသွားတရ်နော့..
အမအကြိုက်ဆုံးကဗျာလေးထဲမှာ ဒီကဗျာပါသွားပြန်ပြီနော့…

commentinfo By: sandi at Jun 27, 2011
Comment #5

ခံစားချက်ပါ…။အစ်မကိုကျေးဇူးတင်ပါတယ်…..။

Comment #6

ကောင်းတယ်ကွာ…….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #7

Wow..
Wow..
Yae yae le le heart hti twar p.
Tay pyaw par p.

commentinfo By: ei lay at Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment