Professional Authors

မျက်ရည် (ဥတ္တရာအောင် )

တစ်ယောက်သောသူရဲ့ တစ်သီးပုဂ္ဂလမီးရှို့မှု့မှာ
တစ်ယောက်သောသူရဲ့ လောင်ကျွမ်းခြင်းတွေ မီးသေနိုင့်ပါ့မလား။
အချစ်ရေးမှာ
ကိုယ့်အတ္တခြေထောက်နဲ့ အဆင်မပြေတိုင်း
ကွင်းပြင်ကန်ထုတ်တဲ့ အလေ့အထ
မိန်းမတွေမှာ သိပ်ခေတ်စားတာပဲ။
ကိုယ့်ဘဝ ကိုယ့်ဥယျာဉ်
စိမ်းလန်းစိုပြည်ဖို့အတွက်ပဲ ထွန်ယက်တတ်တဲ့ ဆံနွယ်နဲ့
အယူဝါဒတစ်ခုအပေါ် အသည်းအသန်ကုတ်ခြစ်နေတဲ့ လက်သည်းနဲ့
မိချစ်ဖချစ် ဦးခေါင်းတစ်လုံးနဲ့
ပဋိပက္ခ ဆူးခင်းကလေးမှာ ဒေါက်ဖိနပ်က အညှာမခိုင်ဘူး။
ချစ်ခြင်းမေတ္တာဆိုတာ
လက်လွပ်စပယ် ပြန်ပစ်ချလို့ရမယ့်
ကြွပ်ကြွပ်အိတ်ကလေးမှ မဟုတ်ပဲ ညီမလေးရဲ့။
ကြည့်
လူငယ်လေးတစ်ယောက်
မူးယစ်လေလွင့်ခြင်းတွေနဲ့ လူ့ဘဝအညွန့်အဖျားများ ဒယီးဒယိုင်
မီးပွင့်ထွက်လုမတတ် ချစ်ခြင်းမေတ္တာပေါ် သစ္စာကြီးခဲ့သမျှ
နည်းပရိယယ် ကြွယ်ဝလွန်းတဲ့
ကောက်ညင်းထုပ်ကလေးရဲ့လက်ခုပ်မှာ
မျှော်လင့်ချက်အိပ်မက်တွေ
မျက်ရည်အဖြစ် တပြည့်မြည့်စီးဆင်းသွားလေရဲ့။

ဥတ္တရာအောင်

In: ကဗျာ,ဥတ္တရာအောင် Posted By: Date: May 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment