Professional Authors

အဖေ

အဖေ….
ချို့တဲ့စွာ လျှောက်လှမ်းလို့
ကြမ်းတမ်းတဲ့လမ်းကို ဖြတ်သန်းခဲ့တာလည်း
သားတို့အတွက် ရည်ရွယ်
ပေးဆပ်ခဲ့တာ မဟုတ်လား…. အဖေ

အဖေ….
သူစိမ်းတွေကြားမှာ
မှားသလား မှန်သလားမသိ
မျှော်လင့်ချက်တွေ အပြည့်နဲ့
လှုပ်ရှားရုန်းကန်ခဲ့ရတာလည်း
သားတို့အတွက် ရည်ရွယ်
ပေးဆပ်ခဲ့တာ မဟုတ်လား… အဖေ

အဖေ….
စည်းစိမ်ဂုဏ်မောက်
အတ္တနဲ့ မာန မီးတောက်နေတဲ့
လူတွေကြားထဲမှာ အဆင့်အတန်းခွဲခြားမှုတွေနဲ့
ခေါင်းကိုငုံ့လျှိုး
လှုပ်ရှားရုန်းကန်ခဲ့ရတာလည်း
သားတို့အတွက် ရည်ရွယ်
ပေးဆပ်ခဲ့တာ မဟုတ်လား… အဖေ

သား ဒီအကြောင်းတွေ
ကောင်းကောင်း မသိသေးတဲ့အချိန်မှာ
ရှည်လျားတဲ့ တောနက်ထဲကနေ
သံသရာခရီးရှည်ကြီးကို
အဖေထွက်ခွာသွားတာ ခုချိန်မှာ
သားယူကြုံးမရ
ဝမ်းနည်းစွာ ခံစားနေရပါတယ်
အဖေရယ်…။

ဥတ္တရ

ကွယ်လွန်လေပြီးသော အဖေ့အတွက် အမှတ်တရ

In: ကဗျာ Posted By: Date: Jun 14, 2011
Comment #1

အရမ်းကောင်းတဲ့ ကဗျာလေးပါ
ကဗျာဖတ်ရင်း မျက်ရည်ဝဲမိပါတယ်
အရမ်းလည်း ၀မ်းနည်းမိတယ်….။

commentinfo By: ကေသရီ at Jun 14, 2011
Comment #2

ဦးအုတ်ရေ အားပေးနေပါတယ် ဆွဲထားမယ်နော်…

commentinfo By: မယ်မနော at Jun 15, 2011
Comment #3

အဖေ….
သူစိမ်းတွေကြားမှာ
မှားသလား မှန်သလားမသိ
မျှော်လင့်ချက်တွေ အပြည့်နဲ့
လှုပ်ရှားရုန်းကန်ခဲ့ရတာလည်း
သားတို့အတွက် ရည်ရွယ်
ပေးဆပ်ခဲ့တာ မဟုတ်လား… အဖေ

အဖေ….
စည်းစိမ်ဂုဏ်မောက်
အတ္တနဲ့ မာန မီးတောက်နေတဲ့
လူတွေကြားထဲမှာ အဆင့်အတန်းခွဲခြားမှုတွေနဲ့
ခေါင်းကိုငုံ့လျှိုး
လှုပ်ရှားရုန်းကန်ခဲ့ရတာလည်း
သားတို့အတွက် ရည်ရွယ်
ပေးဆပ်ခဲ့တာ မဟုတ်လား… အဖေ

သား ဒီအကြောင်းတွေ
ကောင်းကောင်း မသိသေးတဲ့အချိန်မှာ
ရှည်လျားတဲ့ တောနက်ထဲကနေ
သံသရာခရီးရှည်ကြီးကို
အဖေထွက်ခွာသွားတာ ခုချိန်မှာ
သားယူကြုံးမရ
ဝမ်းနည်းစွာ ခံစားနေရပါတယ်
အဖေရယ်…။

Leave Comments

Name*

Email*
Website
Email me whenever there is new comment