Professional Authors

မျော်လင့်ခြင်း

နှလုံးသွေးစက်၊ ရစ်ပတ်လေတိုင်း
ရင်ခွင်ရိုင်းမှာ၊ ချစ်လှိုင်းပြင်းဒဏ်
မခံနိုင်ဘူး၊ စွဲလမ်းရူး၍
အထူးထူးသော အချစ်နဲ့ပေါ့။

တဖတ်သတ်အချစ်
မျော်လင့်မြစ်နဲ့၊ ရစ်ခွေစီးဆင်း
ကိုယ့်ရင်တွင်းမှာ…
ပူလောင်ခြင်း”ည”၊ မှေးပျော်မရလို့
“လ”ကသရော်၊ ရူးတယ်နော်တဲ့
ကိုယ်မှန်းမျော်တဲ့ ချစ်ဖော်မွန်ရယ်။

မေ့အားတမ်းတ
သစ္စာအလှနဲ့၊ အေးမြမေတ္တာ
ပွင့်ဖြာရည်စူး၊ ပွင့်ဝေထူးကို
မကြွေမနွမ်း၊ မြေမနမ်းဘဲ
မေတ္တာရှင်တွက်၊ ပျော်တော်ဆက်ဖို့
အသာလက်နဲ့ခူးစေလို။   ။

 

21, July 1997

In: ကဗျာ Posted By: Date: Jun 13, 2011
Comment #1

နှလုံးသွေးစက်၊ ရစ်ပတ်လေတိုင်း
ရင်ခွင်ရိုင်းမှာ၊ ချစ်လှိုင်းပြင်းဒဏ်
မခံနိုင်ဘူး၊ စွဲလမ်းရူး၍
အထူးထူးသော အချစ်နဲ့ပေါ့။

တဖတ်သတ်အချစ်
မျော်လင့်မြစ်နဲ့၊ ရစ်ခွေစီးဆင်း
ကိုယ့်ရင်တွင်းမှာ…
ပူလောင်ခြင်း”ည”၊ မှေးပျော်မရလို့
“လ”ကသရော်၊ ရူးတယ်နော်တဲ့
ကိုယ်မှန်းမျော်တဲ့ ချစ်ဖော်မွန်ရယ်။

မေ့အားတမ်းတ
သစ္စာအလှနဲ့၊ အေးမြမေတ္တာ
ပွင့်ဖြာရည်စူး၊ ပွင့်ဝေထူးကို
မကြွေမနွမ်း၊ မြေမနမ်းဘဲ
မေတ္တာရှင်တွက်၊ ပျော်တော်ဆက်ဖို့
အသာလက်နဲ့ခူးစေလို။ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment