Professional Authors

သူ့စေတနာ

ခွဲခွာသွား၍
တမ်းတ၍လွှမ်း
ဝေဒနာကမ်းက
သောကလမ်းလေး… ရှည်ခဲ့ပြီ။

ခွဲခွာသွားလည်း
အသဲပြင်မှာ
သံယောဇဉ်ချောင်း
စီးလျှက်သွင်သွင်
ရင်တွင်အေးမြ
မေ့မရတာ ထာဝရ…။

သမုဒယ သံယောဇဉ်
ချစ်ကြိုးမျှင်ကို
စိမ်းဖြတ်ခွာ သွားပြီမို့
လွမ်းဝေဒနာ သာသာတိုးလာ…
ဖြေဖို့ရာ ကဗျာတစ်ပုဒ်
သီကုံးထုတ်ခဲ့။

သောကဝေဒနာ
ဖြေသာခဲ့သည်မို့
သည်ကဗျာလေး
ဖန်ဆင်းပေးတဲ့   မင်းကို…
တစ်သက်ကျေးဇူး အထူးတင်၏ ။    ။
 

In: ကဗျာ Posted By: Date: Jun 13, 2011
Comment #1

ရေမဲ့ငါး….စာသားတွေက လှလည်းလှတယ်။
သည်ကဗျာလေး
ဖန်ဆင်းပေးတဲ့ မင်းကို…
တစ်သက်ကျေးဇူး အထူးတင်၏ ။ ။
ကျေးဇူးတင်ထိုက်ပါတယ်ရေမဲ့ငါး….အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 13, 2011
Comment #2

ကျေးဇူးပါဗျာ

commentinfo By: ရေမဲ့ငါး at Jun 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment