Professional Authors

ရေမဲ့ငါး

အေးမြတဲ့ရေစင်
သာယာတဲ့လှိုင်းသံကြား ပျော်ရှာတဲ့ငါး…..
မေတ္တာအောက်ဆီဂျင်နဲ့
နှလုံးထဲ၊ အသဲထဲ၊ ခန္ဒာထဲကိုဖြတ်
သွေးစက်တို့လှည့်ပတ်
လောကကိုရင်ဆိုင်ခဲ့။

အေးမြမေတ္တာ ခန်းကမ္ဘာမှာ
ပြင်းထန်တဲ့ လေလှိုင်းကြား
ကြာရှည်များ ခံနိုင်မလား
အရောင်အဆင်းကင်း ရူပါဖျင်းတဲ့ငါး
ဝမ်းဟာခြင်းဖြည့်ဖို့ထက် ပိုအသုံးမ၀င်ခဲ့။

ရေမဲ့ငါး…
ရွှေငါးဖြစ်ငြား
ဟင်းလင်းပြင်မြစ်လျှင်ကြောမှာ
အလှထင်းပေမဲ့ ရွှေငါးနေရာဝင်ကြည့်လှည့်။

အေးမြတဲ့ရေစင် မေတ္တာအောက်စီဂျင်နဲ့
စီးဆင်းပေးလျှင်ဖြင့်….
ရင်ဆိုင်ကွေ့ကောက် ကြမ်းနက်စောက်လည်း
စီးနောက်မျောပါ  မြစ်ဖျားတာမြစ်ဆုံး 
ဘ၀ဆုံးထိ ကူးမည့်သူ
ဇမ္ဗူမှာသူ့အပြင် ဘယ်သူရွှင်နိုင်လိမ့်။

 

31, Oct -1996

In: ကဗျာ Posted By: Date: Jun 12, 2011
Comment #1

အေးမြတဲ့ရေစင် မေတ္တာအောက်စီဂျင်နဲ့
စီးဆင်းပေးလျှင်ဖြင့်….
ရင်ဆိုင်ကွေ့ကောက် ကြမ်းနက်စောက်လည်း
စီးနောက်မျောပါ မြစ်ဖျားတာမြစ်ဆုံး
ဘ၀ဆုံးထိ ကူးမည့်သူ
ဇမ္ဗူမှာသူ့အပြင် ဘယ်သူရွှင်နိုင်လိမ့်။
great!!!

commentinfo By: အသဲကွဲမိုး at Jun 13, 2011
Comment #2

စတင်တဲ့သူကိုအခုလို အသိအမှတ်ပြုတာကျေးဇူးဗျာ။

commentinfo By: ရေမဲ့ငါး at Jun 13, 2011
Comment #3

ရေမဲ့ငါး…
ရွှေငါးဖြစ်ငြား
ဟင်းလင်းပြင်မြစ်လျှင်ကြောမှာ
အလှထင်းပေမဲ့ ရွှေငါးနေရာဝင်ကြည့်လှည့်။
စာသားတွေလှပါတယ်။…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 13, 2011
Comment #4

အခုမှစပြီး ရောက်လာတယ်ဆိုပေမယ့် အရေးအသားကတော့ပြောင်မြောက်ပါပေတယ်…….။။

Comment #5

အခုမှစရောက်တယ်ဆိုတာ အခုမှ post လုပ်ဖြစ်တာကိုပြောတာပါ။ ကဗျာတွေ စာအုပ်ထဲမှာ ပျောက်ပျက်ကုန်မှာစိုးလို့ တင်လိုက်တာပါ။ အခုရေး အခုတင်မဟုတ်ပါဘူး။ အထင်ကြီးမှာစိုးလို့ ရေးဖြစ်ခဲ့တဲ့ date တွေ တင်ပေးလိုက်မယ်။ အခုတော့ မရေးဖြစ်တာ နှစ်နဲ့ချီပြီးကြာနေပါပြီ။

commentinfo By: ရေမဲ့ငါး at Jun 14, 2011
Comment #6

ရွှေငါးနေရာဝင်ကြည့်မိတော့ မောလိုက်တာလေ…။ nice poem 🙂

commentinfo By: John Moe Eain at Jun 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment