Professional Authors

ကာတွန်း – နရီထက်

မျက်တောင် အဖွင့်အပိတ်နည်းပေမဲ့
ရုပ်သေမျက်နှာတွေက ကြည့်လို့ကောင်းတယ်

ပါးစပ် အဖွင့်အပိတ်တိုင်းမှာ
နောက်ခံစကားပြောသူတွေ ငါ သိချင်တယ်

စိမ်းလန်းတဲ့ ကမ္ဘာလေး …
ပုံသေ ဖန်တီး ထားလို့ ငါ ကြိုက်သေးတယ်

လူစွမ်းကောင်းတွေက …
Supernatural power တွေနှင့်
အဆုံးမသတ်နိုင်သေးတယ်

ကမ္ဘာကျော် ကရေကချာ ရုပ်ပြောင်တွေက
ငါကို ရူးသွပ်စေတယ်
တစ်ချက်လောက်တော့ ပြုံးမိတတ်တယ်

ပုံတူပန်းချီကားတွေကြားမှာ
ငါ ပြေးလွှားနှစ်သက်မိတယ်
ငေးမောကြည့်မိလိုက်တာ ခဏခဏ ပါပဲ…

စုန်းကဝေကို မနှစ်သက်မိပေမဲ့
မှော်တံမြက်စည်းနှင့် မှော်တံတွေကို…
သူတို့ဆီက ခဏလောက်တော့ ဌားချင်သေးတယ်

ဒါပေမဲ့လည်း…
ကာတွန်းစာအုပ်နှင့် ကာတွန်းဂျာနယ်တွေက
ဖတ်ရတိုလွန်းလှတယ်
ပျော်ရွှင်စရာကမ္ဘာလေးရယ် ….
စိတ်ကူးတွေ အကြာကြီး ယဉ်ခွင့်ပေးပါ…။      ။

နရီထက်
( ၁၁ ၊ ဇွန်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jun 11, 2011
Comment #1

တမျိုးလေးဘဲနော်ကောင်းတယ်အကိုကြီးးးး
အားပေးသွားပါတယ်….

commentinfo By: myintmo at Jun 11, 2011
Comment #2

အတွေးထက်ထက်… အရေးနက်ခဲ့ရင် … ကဗျာဆရာရဲ့ အာဘော်ကို သိရှိခံစားခွင့်နည်းပါးစေတယ်လေး… ညီမလေး… ဒါပေမဲ့ ကဗျာဖတ်သူ စာချစ်သူတွေက ကဗျာကို ရည်ရွယ်ချက်… ခံစားချက်… အတွေးတွေ စုံလင်အောင် ဖတ်ခွင့်ရှိပါတယ်… အစ်ကိုကြီးဖက်ကတော့ အမြဲတမ်း ကြိုးစားပြီး ရေးသားနေပါ့မယ် … င့ါညီမငယ်

commentinfo By: Nayihtet at Jun 11, 2011
Comment #3

ကောင်းတယ် ဆိုတာထက် ဆန်းတယ်ကိုကြိး ဒိအပှဒ်လေးတွေဆို ပိုမိုက်တယ်မျက်တောင် အဖွင့်အပိတ်နည်းပေမဲ့
ရုပ်သေမျက်နှာတွေက ကြည့်လို့ကောင်းတယ်န်းကဝေကို မနှစ်သက်မိပေမဲ့
မှော်တံမြက်စည်းနှင့် မှော်တံတွေကို…
သူတို့ဆီက ခဏလောက်တော့ ဌားချင်သေးတယ်

ဒါပေမဲ့လည်း…
ကာတွန်းစာအုပ်နှင့် ကာတွန်းဂျာနယ်တွေက
ဖတ်ရတိုလွန်းလှတယ်
ပျော်ရွှင်စရာကမ္ဘာလေးရယ် ….
စိတ်ကူးတွေ အကြာကြီး ယဉ်ခွင့်ပေးပါ…။ နော့် ကောင်းတယ် ဆက်အားပေးနေမယ် နော်

commentinfo By: thuya at Jun 11, 2011
Comment #4

ရုပ်အမူအရာ… စကားပြောတွေ… စကားလုံးတွေက …. မသိသာပေမဲ့…. အရေးကြီးတဲ့အခါ …. ပိုပြီး အသက်ဝင်ပါတယ်…. သိခွင့်မရှိတဲ့ ကမ္ဘာကြီးက အစ်ကိုကြီးတို့လူသားတွေကို အရိပ်လောက်တော့ ကျပေးထားပါတယ်… အသိတွေ… သတိတွေ… က ခရာကျပါတယ်…ငါ့ညီငယ်…

commentinfo By: Nayihtet at Jun 11, 2011
Comment #5

ကျွန်တော်အရန်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ပါပဲ အစ်ကို နရီထက်.။
စသားရိုးရိုးလေးတွေနဲ့ ပြောင်မြောက်အောင်ရေးနိုင်ခဲ့တဲ့ ကဗျာ ကောင်းလေးဆိုလည်းဟုတ်တယ်။
(စုန်းကဝေကို မနှစ်သက်မိပေမဲ့
မှော်တံမြက်စည်းနှင့် မှော်တံတွေကို…
သူတို့ဆီက ခဏလောက်တော့ ဌားချင်သေးတယ်)
ဆိုတာလေးကိုပိုကြိုက်တယ် …။
အဓိပါယ်ကြိုက်သလိုဖွင့်ရတာပေါ့…။
အစ်ကို့ ကဗျာ တော်တော်များများ ကို ကျွန်တော်ဖတ်ဖြစ်ပါတယ်.။
ကြိုက်လဲကြိုက်ပါတယ်..။
အမြဲလည်း အားပေးနေပါတယ် .။
ကိုနရီထက် အနုပညာသက်တမ်းတစ်လျောက် ၊ ကျော်ကြားပါစေ….။။။

Comment #6

ကျေးဇူးပါ… ငါ့ညီ…. ဆက်လက်ပြီး ကြိုးစား ရေးသားနေမယ်… ငါ့ညီ…

commentinfo By: Nayihtet at Jun 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment