Professional Authors

မိုးတွေရွာတဲ့နေ့က ငါလည်း နင့်ကို သတိတွေရ။

ပြိုအိကျလာတဲ့ တိမ်အိုတွေ
တိမ်အိုတွေက ငါ့ရိုးတွင်းချဉ်ဆီကို တိုက်စားမယ့်
မိုးစက်မိုးပေါက်တွေအဖြစ် ပြောင်းလဲ
ငါ့ရှေ့ကမြေပြင်ပေါ် ကျကွဲနေ
ကျကွဲနေတဲ့မိုးစက်မိုးပေါက်တွေထဲ
နင့် တိုးညင်းနွမ်းလျအသံ ငါ ပြန်ကြားရ
‘မိုးအေးရင် ကိုယ်တွေလက်တွေ အရမ်းနာတာပဲ’
ငါ့နှလုံးသားပါ နင်နဲ့ ထပ်တူ နာကျင်
နင့်ကိုယ်ခန္ဓာသေးသေးလေး နွေးဖို့ရာ ထွေးပွေ့ထားရမလား
နင့် ခြေထောက်တွေကို ငါ့လက်နဲ့ နှိပ်နယ်ပေးရမလား
အကိုက်အခဲပျောက်ဆေး သောက်မလား
ရေနွေးပူပူလေးပဲ သောက်ချင်လား
ဘာလုပ်ပေးရမလဲ
ပြောပါ
နင့်ဝေဒနာတွေ ငါ့ဆီ ပြောင်းယူလို့မရတဲ့အတူတူ
တစ်ခုခုလုပ်ပေးပါရစေ
နင့်ဖြေသံ တိုးလွန်းသလား
ငါ မကြားရ
ဟင့်အင်း ဒါ မကြားရတာမဟုတ်ဘူး မကြားနိုင်တာ
အဲဒီနေ့က
ရွာနေတဲ့မိုးကိုပဲ ကျိန်ဆဲမိတဲ့အထိ
ငါလည်း နင့်ကို သတိတွေရ။

In: ကဗျာ Posted By: Date: Jun 11, 2011
Comment #1

ပြိုအိကျလာတဲ့ တိမ်အိုတွေ
တိမ်အိုတွေက ငါ့ရိုးတွင်းချဉ်ဆီကို တိုက်စားမယ့်
မိုးစက်မိုးပေါက်တွေအဖြစ် ပြောင်းလဲ
ငါ့ရှေ့ကမြေပြင်ပေါ် ကျကွဲနေ
ကျကွဲနေတဲ့မိုးစက်မိုးပေါက်တွေထဲ
နင့် တိုးညင်းနွမ်းလျအသံ ငါ ပြန်ကြားရ
…………………………
ခံစားအားပေးသွားတယ်…ဦးဂျီးတာကော

commentinfo By: အသဲကွဲမိုး at Jun 11, 2011
Comment #2

မိုးအေးရင် ကိုယ်တွေလက်တွေ အရမ်းနာတာပဲ’
ငါ့နှလုံးသားပါ နင်နဲ့ ထပ်တူ နာကျင်
နင့်ကိုယ်ခန္ဓာသေးသေးလေး နွေးဖို့ရာ ထွေးပွေ့ထားရမလား
နင့် ခြေထောက်တွေကို ငါ့လက်နဲ့ နှိပ်နယ်ပေးရမလား
အကိုက်အခဲပျောက်ဆေး သောက်မလား
ရေနွေးပူပူလေးပဲ သောက်ချင်လား
ဘာလုပ်ပေးရမလဲ….?
ကိုတာကောရေ……ကျွန်တော့် ခံစားချက်ကိုများ ရေးထားသလားဗျာ…
ကျွန်တော်လည်း မိုးတွေရွာတိုင်း သူ့ကို သေအောင်သတိရရနေတယ်….။ ။

commentinfo By: Someone at Jun 11, 2011
Comment #3

ခံစားချက်တွေ….အားပေးသွားပါတယ်။
ကိုတာကော

commentinfo By: poem.poem28 at Jun 11, 2011
Comment #4

ရွာနေတဲ့မိုးကိုပဲ ကျိန်ဆဲမိတဲ့အထိ
ငါလည်း နင့်ကို သတိတွေရ။…။

commentinfo By: SoFarAwayFromU at Oct 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment